...........................................
................height="355"> democracybagoda suu.mp3 Copy this HTML code to your (myspace) profile or website: To post on Glitter-Graphics.com and forums, use this BB code: [url=http://www.glitter-graphics.com][img]http://dl5.glitter-graphics.net/pub/332/332665rmb6ei2dkx.jpg[/img][/url] ................Zorpia Photo Sharing: Free Unlimited Storage & Bandwidth.... Zorpia Photo Sharing: Free Unlimited Storage & Bandwidth..............height="355">.............. Zorpia Photo Sharing: Free Unlimited Storage & Bandwidth... အမှန်တရားအတွက်ဘာလုပ်ကြမလဲ `်တောတောင်တို့ဘုရင်..ခြင်္သေ့မင်းကိုတောသတ္တဝါတို့ကကြောက်ကြှသည်။ ထိုသတ္တဝါတို့သည်....တောဘုရင်ခြင်္သေ့မင်းကို.....ဖီဆန်ခြင်းကိုမပြုကြ။ ထိုထိုသောသတ္တဝါတို့သည်.....တရိစ္ဆာန်စိတ်နဲ့တရိစ္ဆာန်များသာဖြစ်ကြသည်။ တို့မြန်မာပြည်ကို...အုပ်ချုပ်နေတဲ့...အာဏာရှင်တွေကမည်သို့သောသတ္တဝါနည်း။ အာဏာရှင်တို့သည်....လူသားစိတ်နဲ့လူသားများလော့။ အုပ်ချုပ်ခံမြန်မာပြည်သူတို့ကာ.....မည်သည့်စိတ်နဲ့..မည်သည့်သတ္တဝါနည်း။ တောသတ္တဝါတို့သည်...ခြင်္သေ့မင်းဧ။်..မတရာကိုက်ဖြတ်စားသောက်မှုရန်ကြုံတော့မည်ဆိုက၊ မိမိစွမ်းနိုင်သလောက်တော့...ဖီဆန်ရင်းလွတ်မြောက်ရာလမ်းကိုရှာကြသည်မှာသူတို့ရဲ့အမှန်တရာ တို့ပြည်သူတွေကလဲ..အာဏာရှင်တွေရဲ့....စစ်ဖိနပ်အောက်ကသာစဉ်မျိုးဆက်လွတ်မြောက်ဖို့ရာ၊ အာဏာရှင်တွေရဲ့...အာဏာကိုဖီဆန်ရင်း...အမှန်တရားအတွက်ရဲဝံ့ကြမလား၊ အမှားတွေကိုလက်သင့်ခံရင်း.......သားစဉ်မြေးဆက်....အညံ့ခံကြမလား။ တရိစ္ဆာန်တို့သည်ပင်လျှင်..ဒုက္ခဘေးနဲ့ကြုံက..ကြောက်သော်ငြားလွတ်မြောက်ဖို့အားထုတ်ကြသေးသည်။ အားလုံးသောပြည်သူတို့သည်...အမှန်တရားအတွက်ဘာလုပ်သင့်သနည်း င်္ံ။ အမေ့သား။.......................................................................................................................................................................................................... အမှန်တရားအတွက်ဘာလုပ်ကြမလဲ `်တောတောင်တို့ဘုရင်..ခြင်္သေ့မင်းကိုတောသတ္တဝါတို့ကကြောက်ကြသည်။ ထိုသတ္တဝါတို့သည်....တောဘုရင်ခြင်္သေ့မင်းကို.....ဖီဆန်ခြင်းကိုမပြုကြ။ ထိုထိုသောသတ္တဝါတို့သည်.....တရိစ္ဆာန်စိတ်နဲ့တရိစ္ဆာန်များသာဖြစ်ကြသည်။ တို့မြန်မာပြည်ကို...အုပ်ချုပ်နေတဲ့...အာဏာရှင်တွေကမည်သို့သောသတ္တဝါနည်း။ အာဏာရှင်တို့သည်....လူသားစိတ်နဲ့လူသားများလော့။ အုပ်ချုပ်ခံမြန်မာပြည်သူတို့ကာ.....မည်သည့်စိတ်နဲ့..မည်သည့်သတ္တဝါနည်း။ တောသတ္တဝါတို့သည်...ခြင်္သေ့မင်းဧ။်..မတရာကိုက်ဖြတ်စားသောက်မှုရန်ကြုံတော့မည်ဆိုက၊ မိမိစွမ်းနိုင်သလောက်တော့...ဖီဆန်ရင်းလွတ်မြောက်ရာလမ်းကိုရှာကြသည်မှာသူတို့ရဲ့အမှန်တရား၊ တို့ပြည်သူတွေကလဲ..အာဏာရှင်တွေရဲ့....စစ်ဖိနပ်အောက်ကသားစဉ်မျိုးဆက်လွတ်မြောက်ဖို့ရာ၊ အာဏာရှင်တွေရဲ့...အာဏာကိုဖီဆန်ရင်း...အမှန်တရားအတွက်ရဲဝံ့ကြမလား၊ အမှားတွေကိုလက်သင့်ခံရင်း.......သားစဉ်မြေးဆက်....အညံ့ခံကြမလား။ တရိစ္ဆာန်တို့သည်ပင်လျှင်..ဒုက္ခဘေးနဲ့ကြုံက..ကြောက်သော်ငြားလွတ်မြောက်ဖို့အားထုတ်ကြသေးသည်။ အားလုံးသောပြည်သူတို့သည်...အမှန်တရားအတွက်ဘာလုပ်သင့်သနည်း င်္ံ။ အမေ့သား။........................................................................................................................................................................................................... ဆန္ဒဟူသည် ဆန္ဒဟူသည်မိမိဧ။်..ရင်ထဲမှအမှန်တကယ်ဖြစ်ပေါ်လာသောလုပ်ဆောင်လိုစိတ်သာဖြစ်သည်။ ထို့ကြောင့်ဆ္ဒဟူသည်လွတ်လပ်မှုရှိဧ။်.....ဆန္ဒကိုဘယ်အရာမှသွေးဆောင်၍ကာမဖြစ်သင့်။ သူတပါးစေခိုင်းတာလုပ်ဆောင်ရခြင်းသည်...မိမိဆန္ဒမမည်။ အာဏာရှင်တို့....ပြည်သူတွေကိုခြောက်လှန့်၍...အနိုင်ကျင့်၍....ခံယူသောဆန္ဒသည်ကာ၊ စစ်မှန်သော..ပြည်သူတွေရဲ့...ရင်မှတကယ်ဖြစ်တည်လာတဲ့..ဆန္ဒဇြစ်လာမနိုင်။ အမေ့သား။.............................................................................................................................................................................................................. တန်ဖိုးရှိကြောက်စိတ် ကမ္ဘာပေါ်ရှိလူသားတိုင်းသည်ကြောက်စိတ်ရှိကြသူတွေသာဖြစ်ကြဧ။်။ ကြောက်စိတ်သည်...နှစ်မျိုးသောအကြောင်းတရားအပေါ်တွင်အခြေခံ၍ဖြစ်တည်လေသည်။ ၁။မကောင်းမှုကိုကျူးလွန်မိ၍...ဖြစ်တည်လာရသောကြောက်စိတ်နှင့်၊ ၂။ကောင်းမှုကိုမပြုမိ၍...ဖြစ်တည်လာရသောကြောက်စိတ်ဟူ၍တည်း။ အာဏာရှင်..န.အ ဖ.တို့သည်..ရဟန်းသံဃာတွေကိုလည်းသတ်ခဲကြပြီ၊ အပြစ်မဲ့ပြည်သူတွေကိုလည်း..ဖန်းဆီး..သတ်ဖြတ်..အကျဉ်းချခဲ့ကြပြီ၊ ဘုရားရင်ပြင်မှာ...သွေးချောင်းစီးအောင်လဲ....လုပ်ဆောင်ခဲ့ကြပြီ၊ ဒီလိုအာဏာရှင်တွေရဲ့....အမှားတွေကကြောက်စရာအပြည့်တည်း။ အမှားပြုမိ၍ကြောက်နေတဲ....အာဏာရှင်တွေကိုထောင့်ခံမိက၊ မကောင်းမှုကိုကျူးလွန်မိ၍....ဖြစ်တည်ရသောကြောက်စိတ်ထက်ပင်ပို၍ကြောက်စရာမဟုတ်ပေလော့။ စင်စစ်တန်ဖိုးရှိသောကြောက်စိတ်ကို...ဆန္ဒ..ယုံကြည်ချက်..သတ္တိ..တို့နဲ့အရယူကြပါစို့။ အမေ့သား။ . Zorpia Photo Sharing: Free Unlimited Storage & Bandwidth.......Zorpia Photo Sharing: Free Unlimited Storage & Bandwidth............Zorpia Photo Sharing: Free Unlimited Storage & Bandwidth..... Zorpia Photo Sharing: Free Unlimited Storage & Bandwidth.......Zorpia Photo Sharing: Free Unlimited Storage & Bandwidth.........
 
MEMBER INFO
View My Profile Photos (29)
View More Photos Of afaetaf

Username: afaetarlay
Name: afaetaf
Location: Yangon
Country: Myanmar
Age: 20
Gender: Male

Member Since:
Monday, Feb 11 2008
Last Visit:
Tuesday, Jul 22 2008

Go to My Homepage
View My Profile
Add to My Friends
Send Private Message
Add to Subscription
 
MY FRIENDS
 
MY MUSIC
See all music
 
MY GROUPS
See All Groups
 
MY TESTIMONIALS
See All Testimonials
Write a testimonial
 
SITE FEED
 

afaetaf's Homepage


Profile:
Profile Photos
See All 29 Profile Photos...
bc afae doe tar fha
Basic
Gender:
Age:
Country:
City:
Guestbook:

236 Comments
Page 1 of 21 - 1 2 3 4 5 6 7 8 9 10 11 >>| Next >

Display mode:

hello.afaetaf
2 days ago
tainlwar, 22
Yangon
Myanmar

maigalarpar,..i visit to u r home page..nld(LA),PENANG,MALAYSIA,.

Reply
ဘယ်လိုနေနိုင်ကြတာလဲ
4 days ago
afaetaf, 20
Yangon
Myanmar

Reply
အာဇာနည်နေ့အမှတ်တရ
6 days ago
afaetaf, 20
Yangon
Myanmar

အာဇာနည်နေ့ အမှတ်တရ


သူငယ်ချင်းတွေက မေးလာတယ်။ `ဇူလိုင် ၁၉´အတွက် စာမရေးတော့ဘူးလား´တဲ့။ စိတ်ကူးထဲမှာ ဘာရေးရယ်ဆိုတဲ့ အကောင်အထည်က မရှိဘူး။ ရေးချင်တဲ့စိတ်နဲ့ ကွန်ပြူတာရှေ့ထိုင်လိုက်တာနဲ့ အာရုံတွေက ၀ါးသွားတယ်။ အာဇာနည်တွေရဲ့အကြောင်းက တွေးရုံနဲ့ ရင်ထဲမှာ ဆို့နင့်လာတယ်။ အာဇာနည်တွေ အကြောင်း ကို ကျွန်တော့်ရင်ဘက်က အတွေးမခံဘူး။ မျက်ရည်တွေပဲ ဝေ့ဝေ့လာတယ်။ ၁၉၄၇-ခုနှစ်၊ ၄-လပိုင်း၊ ၁၉-ရက်နေ့၊ ၁၀-နာရီ ၄၇-မိနစ်က စပြီး ပြည်သူတွေ ငိုကြွေးလာခဲ့ကြရတာ။ ယနေ့အချိန်ထိ အာဇာနည်တွေ ဖောက်ခဲ့တဲ့လမ်းကနေ ငါတို့တွေ မလျှောက်လှမ်းကြရသေးဘူး။ ပြည်သူတွေ လျှောက်လှမ်းခွင့် မကြုံသေးဘူး။ အဲဒါတွေပါ ထည့်တွက်လိုက်တော့ အာဇာနည်နေ့မှာ မျက်ရည်တွေ တိုးလာခဲ့ရတယ်။

အာဇာနည်နေ့။ ဒီနေ့ဟာ တစ်တိုင်းပြည်လုံး ငိုကြွေးခဲ့ရတဲ့နေ့။ ကြေကွဲခဲ့ရတဲ့နေ့။ အိမ်မက်တွေ ပျောက် ဆုံးခဲ့ရတဲ့နေ့။ လက်ထဲရောက်လာတဲ့ ကောင်းကင်ဘုံကို ပုတ်ချခံခဲ့ရတဲ့နေ့။ ……နေ့။ ဒီနေ့ကို စာဖွဲ့ဖို့ စဉ်းစား ကြည့်တော့ သေနတ်ဒဏ်ရာတွေ ဗရဗွနဲ့ သွေးအိုင်ထဲ လဲနေတဲ့ အာဇာနည်များကို မြင်ယောင်တယ်။ လူယုတ် မာသေနတ်သမားကို လက်ကလေး ကာနေတဲ့ ငါတို့ရဲ့နိုင်ငံရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို မြင်ယောင် လာတယ်။


အာဏာရူး ငစောဟာ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ရင် သူဘုရင်ဖြစ်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ယုတ်မာစွာ အပြတ်ရှင်းခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငစော ညာဏ်မမီခဲ့ဘူး။ ဗိုလ်ချုပ်မသေသေးပါဘူး။ ယနေ့အချိန်မှာတောင် သူ့စကားတွေက ရှင်သန်ခန့်ခန့် တည်နေသေးတယ်။
လာပြန်ပြီ။ အာဏာရူးတွေ။ ကလိမ်ကကျစ်ညာဏ်တွေနဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ဖို့ ကြိုးစား နေပြန်ပြီ။ ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငသန်းရွှေတို့၊ ငမောင် အေးတို့လဲ သိကြပုံမပေါ်ဘူး။ သူတို့လဲ ငစောလမ်းစဉ်အတိုင်း နိဂုံးချုပ်ချင်ကြပြီနဲ့ တူပါတယ်။
`ကျွန်တော့်အမြင်အရတော့ မြန်မာတွေ ဗိုလ်ချုပ်ကို လေးစားတာဟာ လေးစားမှုအဆင့်ထက်ပိုပြီး ကိုးကွယ်မှုအဆင့်တောင် ရောက်နေပြီလား အောက်မေ့ရတယ်´။ နိုင်ငံခြားက ဆရာကြီးတစ်ယောက် သုံးသပ် ပြခဲ့တာပါ။ ဘယ်လောက်ထိတောင် သူဟာ လေးစားဖွယ်ကောင်းခဲ့သလဲ။ ကြည်ညိုဖွယ်ကောင်းခဲ့သလဲ။ ဗိုလ် ချုပ် ပြောသွားတဲ့စကားလေးအနည်းငယ်ကို ဖတ်ရုံမျှနဲ့ သိနိုင်ပါတယ်။ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန် တော့်မှတ်စုထဲက ဗိုလ်ချုပ်စကားလေးတွေကို ဝေငှလိုက်ပါတယ်။

“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”

“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”

“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”

“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”

“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”

“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”

“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”

“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။”

“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”

“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”

“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”

“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”

“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”

“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”

Reply
shine
6 days ago
sattaung, 28
Yangon
Myanmar

Zorpia Photo Sharing: Free Unlimited Storage & Bandwidth

Reply
hi fri ,i like to be your fri
7/18/2008 4:05 AM
phonemyint, 24
Mandalay
Myanmar

i like your homepage very much

Reply
ဟုတ်ကဲ့ပါဗျာ
7/18/2008 5:33 AM
afaetaf, 20
Yangon
Myanmar

ကျနော်ကလည်းခင်ပါတယ်ဗျာ....ကျနော်တို့တွေသူငယ်ချင်းဖြစ်ကြပြီလို့သာသဘောထားပါ
ကျေးဇူးလည်းတင်ပါတယ်...ကျနော့ဟုမ်းပေ့ဂ်ကိုလာလယ်တဲ့အတွက်...

Reply
ဘာမှပူနဲဗျာ
7/12/2008 7:59 AM
moetought, 22
Myanmar

ပြည်သူလူထုကြီး ခင်ညား ဘာမှပူနဲ.နော်.....အနော်တို.တတွေ တိုက်ပွဲဝင်ဖို.....ပြင်နေပါတယ်။အစည်းအဝေးတွေထိုင်နေပါတယ်။
စတိတ်မန်.တွေထုတ်နေပါတယ်။ အင်တာဗျူးတွေလုပ်နေပါတယ်။ဘလော.တွေရေးနေပါတယ်။ဓါတ်ရှင်တွေကြည်.နေပါတယ်။
ဖယောင်းတိုင်တွေထွန်းနေပါတယ်။ လမ်းညွှန်မှုတွေပေးနေပါတယ်။မီဒီယာပေါ်ကနေ၀ါဒဖြန်.ပီး စိတ်ဓါတ်စစ်ဆင်ရေး တွေလုပ်နေပါတယ်။
အငြိမ့်တွေ ကနေပါတယ်။သံချပ်တွေတိုက်နေပါတယ်။သံရုံးရှေ.မှာအော်နေပါတယ်။အဖွဲ့အစည်းအသစ်တွေ
နေ့စဉ်မပြတ် အနဲဆုံး ၉ ထောင် ၁ သောင်းကြားဖွဲ့နေပါတယ်။
အထိမ်းအမှတ်ပွဲတွေကျင်းပနေပါတယ်။မိုးပျံဘူဘောင်းတွေလွှတ်နေပါတယ်။
ပန်းချီတွေဆွဲနေပါတယ်။ပန်းပုတွေထုနေပါတယ်။
တီးဝိုင်းတွေငှားပီးစတိတ်ရှိုးတွေလုပ်နေပါတယ်။
ရုပ်ပြောင်တွေရေးနေပါတယ်။
ဆောင်းပါးတွေရေးနေပါတယ်။လူစုပီးကော်ဖီဆိုင်ထိုင်နေပါတယ်။ကဗျာတွေေ၇းနေပါတယ်။အလှူတွေခံနေပါတယ်။
ရံဖန်ရံခါ စိတ်အလိုမကျတဲ.အခါလဲ ဆဲနေပါတယ်။
ကမ်ပိန်းပေါင်းစုံလုပ်နေပါတယ်...ပါတယ်............ပါတယ်...................
နောက်ဆုံးပြောချင်တာကတော့ ပြည်သူလုထုကြီးအနေနဲ့
ကိုယ်.အခွင်.အရေးကို ကိုယ်တိုင်တိုက်ယူမှရမှာပါ....။။။လူထုရဲ.တာဝန်က အလှူငွေပေးဖို.နဲ..
ကိုယ်ထူကိုယ်ထတိုက်ပွဲဝင်ဖို.ပါပဲ...
အားလုံးအဆင်ပြေတဲ. တနေ. ပ၀ါနှစ အသာချလို. မြန်မာနိုင်ငံကို ပြန်လာပီး လမ်းညွှန်ဦးဆောင်ပေးပါမယ်လို.
ရဲရဲကြောက် ရဲရဲပျောက် ရဲရဲမြှောက် အားလုံးရဲ.ကိုယ်စား ကြောင်ချေးက ဒီနေရာကနေ ရဲရဲကြီး
ကတိပေးလိုက်ပါတယ်။။။

Reply
Re:မှန်လိုက်လေ...
7/18/2008 5:02 AM
afaetaf, 20
Yangon
Myanmar

ချေးထွက်အောင်လည်းမှန်...ပက်ပက်စက်စက်ကိုလည်းထောက်ခံတယ်....အထက်ကဖော်ပြတဲ့....သူငယ်ချင်းကြောင်ချေးကိုလည်း...ရဲရဲကြီးကျေးဇူးတင်ပါတယ်.....
သူငယ်ချင်းကြောင်ချေးပြောသလိုဘဲ.....ပြည်သူလူထုတွေက...ကိုယ့်အခွင့်အရေး..ကို ကိုယ်တိုင်တိုက်ယူရမှာပါဆိုတာကိုလည်း....ပက်ပက် စက်စက်ကြီးထောက်ခံတယ်ဗျို့....ကျန်ာတို့..သူငယ်ချင်းကြောင်ချေးတို့လည်း..ကိုယ့်အခွင့်အရေးကို...ကိုယ်တိုင်ဘဲရယူမှာဘဲဆိုတာ....သူငယ်ချင်းကြောင်ချေးသိသလို....ကျနော်လည်းလက်ခံတာပေါ့ဗျာ....လူ့အခွင့်အရေးတွေချိုးဖောက်ခံထားရတာသူငယ်ချင်းကြောင်ချေးက..သိတယ်ဗျ....ဒါကြောင့်မို့လည်း..လူ့အခွင့်အရေးတွေချိုးဖောက်ခံထားရတာ..ပြည်သူလူထုတစ်ရပ်လုံးဆိုတော့...ပြည်သူလူထုတွေကိုယ်တိုင်...ကိုယ်အခွင့်အရေး..ကိုယ်ရအောင်တိုက်ယူကြဖို့တိုက်တွန်းပေးတာတော့....
ရက်ရက် စက်စက်ကိုလေးစားပြီး...ပက်ပက် စက်စက်ကို..ကျေးဇူးတင်ထိုက်တဲ့သူငယ်ချင်းကြောင်ချေးဘဲဗျို့လို့ပြောပါရစေဗျာ....
ပြည်သူလူထုတွေကလည်း...တိုးတက်နေပြီဖြစ်တဲ့မြန်မာပြည်ထဲတံတားတွေလမ်းတွေပေါ်လွတ်လွတ်လပ်လပ်သွားလာခွင့်ရအောင်....မှတ်ပုံတင်ပါပစေ....ငွေလေးတော့ပိုပိုလိုထည့်သွားကြ.....နိုင်ငံသားအဖြစ်အသိအမှတ်ပြုတားပေးတဲ့....တပ်မတော်ရဲ့ဂုဏ်ကျေးဇူးတွေကို....တုပ်ပြန်တဲ့အနေနဲ့....ဘာတစ်ခွန်းမှပြန်မပြောဘဲ...လိုသလောက်တောင်းသလောက်.....ကြည်ကြည်ဖြူဖြူလေးပေးကြ....လွတ်လွတ်လပ်လပ်ပြောဆိုဖို့ကတော့ဘာမှမလိုပါဘူး.....တပ်မတော်ကောင်းကြောင်းများများပြော....တပ်မတော်နဲ့မတည့်သူတွေကို.....ဆူပူလိုသူတွေလို့ခေါင်းစဉ်တပ်အော်သာအော်......အရာရာအဆင်ပြေလာလိမ့်မယ်.....တပ်မတော်မကောင်းတာတွေလုပ်တာမြင်ရင်...ပြောချင်ရင်တော့.....ဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းနေတဲ့တပ်မတော်အတွက်....အသက်ပေါင်းတစ်ထောင်...ယူလိုဆောင်သွားကြဖို့တော့လိုလိမ့်မယ်.....တပ်မတော်ကတည့်တည့်ဘဲပြစ်တတ်သတဲ့...ကြားဖူးကြရင်တိုက်ပွဲဝင်ဖို့...အင်အားစုပြည်သူတစ်ရပ်လုံးစည်းရုံးဖို့က....သူငယ်ချင်းကြောင်ချီးကသတိကြီးကြီးပေးခဲ့လေပြီ.....ရေများရင်တော့ရေပူဖြစ်ဖြစ် ရေအေးနဲ့ဖြစ်ဖြစ်...စုပေါင်းပြီးများများလောင်းနိုင်ရင်...မီးမငြိမ်းဘဲမနေပါဘူး...။

Reply
ဟဲလို
7/12/2008 7:13 AM
ဂျစ်, 22
Yangon
Myanmar

အေး....
လာတယ်ကွာ...

Reply
ဘာလုပ်သင့်ပြီလဲ
7/12/2008 6:33 AM
afaetaf, 20
Yangon
Myanmar

စစ်တပ်ခေါင်းဆောင်များဘာလုပ်သင့်ပြီလဲ
ဒုတိယဗိုလ်ချူပ်ကြီးဟောင်း ရဲမြင့်နဲ့  မောင်အေးတို့  စကားများကာ ပြစ်ခတ်မှု ဖြစ်ခဲ့ကြောင်း ၄င်းတို့ နဲ့  အတွင်းသိ နီးစပ်တဲ့သူများကနေ သတင်းပေးပို့ လာပါတယ်။ ဖြစ်ပွားတာကတော့ မနေ့ တစ်နေ့  ဇူလိုင်လ (၉) ရက်နေ့ ကပါ။ ဒါပေမယ့် ဒီသတင်းကို မောင်အေးတို့ ဘက်က ဖုံးကွယ်ဖို့ ကြိုးစားနေပေမယ့် စစ်တပ်ထိပ်ပိုင်းတင်မကဘဲ မူးယစ်ဆေးဝါးအမှုကို ကိုင်တွယ်နေကြတဲ့ အထက်တန်းရဲအရာရှိကြီးတွေထိပါ သတင်းက ပေါက်ကြားလာတာကြောင့် ယခုလို သတင်းရရှိခြင်း ဖြစ်ပါတယ်။ ဖြစ်ပွားချိန်မှာ ခေတ္တခဏမျှသာ ကြာလိုက်ပါတယ်။

ဒုတိယဗိုလ်ချူပ်ကြီးဟောင်း ရဲမြင့်အနေနဲ့  သားဖြစ်သူကိစ္စရော၊ သူကိုယ်တိုင် စစ်တပ်ကနေ အငြိမ်းစားပေးခံလိုက်ရတာကြောင့်ရော အတော့်ကို ဒေါသထွက် ခံပြင်းနေခဲ့တယ်ဆိုတာ ၄င်းနဲ့ နီးစပ်သူအသိုင်းအ၀န်းက ပြောပါတယ်။

ဒီမူးယစ်ဆေးဝါးကိစ္စတွေ တကယ်တမ်းဖြစ်ခဲ့တာကတော့ အားလုံးပါဝင်ပတ်သက်နေပြီးတော့မှ သူ့ သားကို ထိုးကျွေးလိုက်တာ ချနင်းလိုက်တာကနေ စတာပါဘဲ။ ဒီမူးယစ်ဆေးဝါးကိစ္စဟာ သတင်းတွေမှာ ဖေါ်ပြပြိးဖြစ်လို့  အများစိတ်ဝင်စားစရာ သတင်းအဖြစ်နဲ့ ယခုထက်တိုင် ဟိုးလေးတကျော်ဖြစ်နေတုန်းပါ။ နအဖထိပ်ပိုင်းအသိုင်းအ၀န်းတင်မကဘဲ နာမည်ကျော်ကြားတဲ့ အနုပညာရှင်တွေပါ ပါနေတာကြောင့် လူအများ ပိုမိုစိတ်ဝင်စားသွားကြတာပါ။ နအဖကတော့ ပါဝင်ပတ်သက်တဲ့ အနုပညာရှင်တွေကို သူတို့ အလိုကျ ထိန်းချူပ်နိုင်ဖို့ အတွက် အနိုင်ကျင့်ဖို့  အခွင့်ကောင်းပါ ရသွားပါတယ်။ ဒီအမှုကိစ္စကို အရေးမယူစေချင်ရင် နအဖအလိုကျတွေ လုပ်ပေးရမယ်ဆိုပြီး ပါဝင်ပတ်သက်နေခဲ့တဲ့အနုပညာရှင်တွေကို ခြိမ်းခြောက်အကျပ်ကိုင်ထားပါတယ်။ အရေးယူခံရ နာမည်ပျက်ခံရမှာကြောက်ကုန်ကြတဲ့ အနုပညာရှင်တွေက မတတ်သာဘဲ ဒီအကျပ်ကိုင်မှုကို သဘောတူပေးကြပြီးတဲ့နောက်မှာတော့ ရဲချူပ်ခင်ရီကနေ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေကို ဖမ်းဆီးအရေးယူတားတာ မရှိပါဖူးဆိုပြီး အပေးအယူသဘောနဲ့  ကြေညာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ ညှိနှိုင်းမရတာရော အပြတ်ရှင်းချင်တာရောက ဒုတိယဗိုလ်ချူပ်ကြီးဟောင်း ရဲမြင့်ကိုဘဲ ဖြစ်ပါတယ်။

ဒီမူးယစ်ဆေးဝါးကိစ္စဖမ်းဆီးမှုတွေပေါ်ပေါက်လာတာကတော့ သိကြတဲ့အတိုင်း သန်းရွှေသမက်ဖြစ်သူ တေဇနဲ့ စီးပွားပြိုင်ဘက်ဖြစ်နေတဲ့ မောင်ဝိတ်ကို နှိပ်ကွပ်ချင်တော့ မောင်ဝိတ်ကို ဆွဲဖို့ အတွက် အောင်ဇော်ရဲမြင့်ကို အရင်ပြသနာစရှာတာဘဲ။ မောင်ဝိတ်ဟာ ဒုတိယဗိုလ်ချူပ်ကြီးဟောင်း ရဲမြင့်ရဲ့  သား အောင်ဇော်ရဲမြင့်နဲ့  အလွန်ရင်းနှီးသူဖြစ်တယ်။

သားဖြစ်သူ အဖမ်းခံရတဲ့ကိစ္စမှာ ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်က သန်းရွှေနဲ့  ဒေါ်ကြိုင်ကြိုင်ကို အောက်ကျို့ ခံပြီး တောင်းပန်ပြောဆိုပေမယ့် သားဖြစ်သူကို ပြန်မလွှတ်ပေးတဲ့အပြင် သူ့ ကိုပါ အငြိမ်းစားပေးပစ်တဲ့အထိ လုပ်တာခံရတော့ အတော့်ကို ခံပြင်းသွားတယ်။

ဒုတိယဗိုလ်ချူပ်ကြီးရဲမြင့်ဟာ သန်းရွှေရဲ့  အားထားရသူ တစ်ဦးပါ။ ဒါပေမယ့် အခုအခြေအနေ အချိန်အခါမှာက သန်းရွှေကိုယ်တိုင်တောင် နေ့ သေမလား ညသေမလား ဖြစ်နေပြီး သူရဲ့ ဆရာကြီး နေ၀င်း သေခါနီး ဖြစ်သလိုဘဲ၊ အာဏာပါဝါတွေလည်းကျ၊ အောက်ကလူတွေကိုလည်း သြဇာမညောင်းတော့၊ သေခါနီးကြီးဆိုပြီး ဘယ်သူကမှ အလေးမထားတော့ဘဲ၊ ပြန်ပြီးတောင် အ၀ီစိမြန်မြန်ပို့ ချင်နေကြတဲ့ အနေအထားဖြစ်နေတော့ ရဲမြင့်ကို အကာအကွယ်ပေးဖို့ ဘာမှမတတ်နိုင်တော့ဖူး။ ဒီအပြင် ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်ကလည်း ငါးလောင်းပြိုင် လူသတ်မှုမှာ ဒေါ်ကြိုင်ကြိုင်ပါတယ်ဆိုပြီး ပြောဆိုထားပြီး၊ သူရဲ့ သား အောင်ဇော်ရဲမြင့်ကို မလွှတ်ပေးရင် ဖေါ်ထုတ်မယ်လို့  ပြန်အကျပ်ကိုင်ထားတာလည်း ရှိတယ်။

နောက်အခြေအနေတစ်ခုက သန်းရွှေအနေနဲ့ လည်း သူရဲ့ အနီးဆုံးလက်အောက်က မောင်အေးရဲ့ ချယ်လှယ်မှုကို ခံနေရပါပြီ။ နောက် သန်းရွှေကိုယ်တိုင်က အခုမူးယစ်ဆေးကိစ္စမှာ သူရဲ့ မြေး နေရွှေသွေးအောင်လည်း ပါဝင်ပတ်သက်နေတာကြောင့် ပိုပြီးတောင် ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်တို့ နဲ့ ရှင်းရှင်းဖြစ်လေ ပိုကြိုက်လေ ဖြစ်နေတာ။ ဒါကြောင့် အခု ရဲမြင့်ရဲ့ ကိစ္စကို သန်းရွှေက ဘာမှ မလုပ်ပေးနိုင်တဲ့အတွက် အဓိကကတော့ မောင်အေး ဖြစ်နေပါတယ်။

မောင်အေးအနေနဲ့ က အများအမြင်မှာတော့ ဘာမှ မလုပ်မရှုတ် မပြုတ်လို့  ငမူးမောင်အေးလို့ ဆိုပေမယ့် မဆလခောတ်အပြီး န၀တခောတ်မှာကတည်းက သက်တမ်းရှည်ကြာစွာ နေလာနေခဲ့တာကြည့်ရင် သူဟာ သန်းရွှေထက် ပိုအကွက်မြင်ပြီး ပိုင်မှလုပ်တဲ့အကျင့် သွေးအေးစွာနဲ့  လုပ်ကိုင်တတ်တဲ့အကျင့်တွေ ရှိတယ်ဆိုတာ စစ်တပ်ထိပ်ပိုင်းအသိုင်းအ၀န်းက သိကြတယ်။ သန်းရွှေရဲ့ ကျန်းမာရေးအခြေအနေမကောင်းကတည်းက သန်းရွှေဟာ နေ၀င်းလိုဖြစ်လာတော့မယ် အာဏာပါဝါလျော့ကျလာတော့မယ်ဆိုတာ မောင်အေးက အစောကြီးကတည်းက တွက်ထားပြီးသား ဖြစ်တယ်။ ဒီတော့ မောင်အေးအနေနဲ့  သူတို့  အခုစီစဉ်နေတဲ့ နောက်ပိုင်းမှာ နအဖတစ်ဖြစ်လည်း စစ်တပ်စိုးမိုးတဲ့ အစိုးရတစ်ရပ်ပေါ်လာရင် ရှေ့ ထွက်လို့ ဘဲဖြစ်ဖြစ်၊ နောက်ကွယ်ကနေဘဲဖြစ်ဖြစ် ကြိုးကိုင်ချယ်လှယ်ဖို့ ပြင်ဆင်ထားပြီး ဖြစ်တယ်။

ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်ရဲ့  အခုကိစ္စမှာလည်း မောင်အေးကတော့ လက်ရှိဖြစ်နေတဲ့ အခြေအနေကို ပိုကြိုက်တယ်။ တစ်ချက်ခုတ်လို့  နှစ်ချက်ပြတ်တောင် မကဖူး။ အခုအခြေအနေက သူက ကြားထဲကနေပြီး ကောင်းကောင်းကြီး ကစားဖို့  အခွင့်ရနေတယ်။ သန်းရွှေတို့  ကြိုင်ကြိုင်တို့ အုပ်စုနဲ့  ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်တို့ အုပ်စုနဲ့ ကြားထဲမှာ ၀င်မွှေပြီး နှစ်ဘက်လုံးကို အကွက်ကျကျ ပျက်စီးအောင် စီစဉ်တာဘဲ။ တေဇတို့  နေရွှေသွေးအောင်တို့  အောင်ဇော်ရဲမြင့်တို့ ပါဝင်ပတ်သက်တဲ့ မူးယစ်ဆေးဝါးကိစ္စကို အကြောင်းပြုပြီး၊ သေခါနီး သန်းရွှေကို ဘေးမဲ့ပေးဖို့  အာဏာပါဝါပိုကျစေဖို့ ရော၊ ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်ကို အပြတ်ရှင်းဖို့ ရော မောင်အေးအတွက် အခွင့်ကောင်းတစ်ခု မတောင်းဘဲ ရလိုက်တာပါဘဲ။

ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်ဟာ အရင်က ဗ်ုလ်ချုပ်ဘ၀နဲ့  စစ်ထောက်လှမ်းရေးကို ကိုင်ထားခဲ့တာပါ။ သန်းရွှေက သူရဲ့ အားထားရတဲ့ လူယုံတစ်ယောက်အနေနဲ့  ကျန်ခဲ့တဲ့နှစ် မေလကမှ ရဲမြင့်ကို ဒုတိယဗိုလ်ချူပ်ကြီးရာထူးကို တိုးမြှင့်မြောက်စားပေးခဲ့တာကို မောင်အေးက လုံးဝ မကြည်လင်ခဲ့ပါဖူး။ အရင်တုန်းက စစ်ထောက်လှမ်းရေးဘက်က ခင်ညွန့်  နေရာရလာပြီး နေရာတကာမှာ သြဇာလွမ်းမိုးခဲ့တာမျိုးကို မောင်အေးက ထပ်အဖြစ်မခံချင်တော့တာ အမှန်ပါဘဲ။ သန်းရွှေ မကြာခင်သေတော့မယ့်နောက်မှာ မောင်အေးက မြွေပွေးခါးပိုက်ပိုက်ထားရသလို အခြေအနေမျိုး သူ့ လက်ထက်မှာ အဖြစ်ခံမှာ မဟုတ်တဲ့အတွက် ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်ကို မြန်မြန်ရှင်းမှ ရမယ်ဆိုတာ သူတွက်ပြီးသားပါ။ ဒီအတွက် အကွက်စောင့်ပြီး သန်းရွှေတို့ ရော ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်တို့ ရော တစ်ခါထဲ ရှင်းသွားမယ့် အခြေအနေကို မောင်အေးက ကြားထဲကနေ ဖန်တီးလိုက်ပါတယ်။

နောက်တစ်ခုက လွန်ခဲ့တဲ့တစ်နှစ်က သန်းရွှေဟာ ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်ကို နေရာပေးမြောက်စားပေးချင်တာနဲ့  ရဲမြင့်တစ်ယောက်ထဲ ရာထူးတိုးပေးခဲ့ရင် မောင်အေးက သူ့ ကို မကြည်မလင်ဖြစ်မှာ စိုးရိမ်ပြီး၊ မောင်အေးရဲ့  လူယုံဖြစ်တဲ့ ဗိုလ်ချူပ်မြင့်လှိုင်ကိုပါ တစ်ခါတည်း ဒုတိယဗိုလ်ချူပ်ကြီးနေရာပေးခဲ့တာဟာ ထိပ်တိုက်အပြိုင်အဆိုင်ဖြစ်စေခဲ့ပြီး၊ မောင်အေးက သူ့ လူတစ်ဦးထဲ တက်လမ်းရှိစေဖို့ အတွက် ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်ကို ရှင်းဖို့  အကြောင်းရင်းတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ရဲမြင့်အနေနဲ့ လည်း တကယ်တမ်းကျတော့ နအဖခေါင်းဆောင်ကြီးတွေအပေါ်မှာ သူဘယ်လောက်ဘဲ သစ္စာစောင့်သိပြီး တာဝန်ကျေကျထမ်းဆောင်ခဲ့ပေမယ့် မလိုအပ်လာတဲ့အခါကျတော့ ဘာကိုမှ မထောက်ထားဘဲ သူရော မိသားစုရော ခွေးဘ၀ရောက်ပြီး ဒုက္ခရောက်အောင် နေ့ ညတောင်မဆိုင်းဘဲ မသက်မညှာလုပ်ပါလားဆိုတာကို ဒုတိယဗိုလ်ချူပ်ကြီးရဲမြင့်တစ်ယောက် ကောင်းကောင်းကြီး သိလိုက်ရတယ်။

အခုဆိုရင် မိသားစုကုမဏီလီမိတက်ရဲ့  မန်နေဂျင်းဒါရိုက်တာ အသက် (၃၅) နှစ်ရှိပြီဖြစ်တဲ့ မောင်ဝိတ်နဲ့ အပေါင်းအပါ ခြောက်ဦးဖြစ်တဲ့ အောင်မင်း၊ နေထွန်းလွင်၊ ကျော်ဖုန်းနိုင်၊ ကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ကျော်ဝင်းတို့ ကို ecstasy, amphetamines and ketamine အစရှိတဲ့ စိတ်ကြွဆေးပြားသုံးစွဲလို့ ဆိုပြီး ဇွန်လကတည်းက အရေးယူခဲ့ပြီးဖြစ်တော့ ရဲမြင့်ရဲ့ သားဖြစ်သူ အောင်ဇော်ရဲမြင့်ရဲ့  အခြေအနေကလည်း သိပ်မကောင်းတော့ဘူး။ ရဲမြင့်တို့ မိသားစုတစ်စုလုံးနဲ့  နောက်ပါတွေကိုပါ ကျူပင်ခုတ် ကျူခုတ်တောင် မချန်ထားတတ်တဲ့ အာဏာရှင်တို့ စရိုက်အတိုင်း မောင်အေးတို့ က အပြတ်ရှင်းတော့မှာပါ။

အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားတဲ့ ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့်က သူ့ ကို အဓိက ဒုက္ခပေးတဲ့ မောင်အေးကို ဇူလိုင် (၉) ရက်နေ့ က သေနတ်နဲ့  စပြစ်ပါတယ်။ ဒါပေမယ့် ရဲမြင့် ရန်ပြုနိုင်တဲ့ အနေအထားကို ကြိုတွက်ထားတဲ့ မောင်အေးက သတိနဲ့ နေတာမို့  ရှောင်တိမ်းပြီ ပြန်ပြစ်တာ၊ ဒုတိယဗိုလ်ချူပ်ကြီးဟောင်းရဲမြင့် ဒဏ်ရာအနည်းငယ်ရသွားပါတယ်။ ဒီသတင်းကို အပြင်ပေါက်ကြားရင် အခုဖြစ်ပျက်နေတဲ့ မူးယစ်ဆေးဝါးကိစ္စတွေ၊ နအဖထိပ်ပိုင်းအချင်းချင်း အားပြိုင်နေတဲ့ကိစ္စတွေ၊ စစ်တပ်တွင်းအခြေအနေတွေမှာ ရှုတ်ထွေးထိခိုက်ကုန်မှာ စိုးလို့  ဒီကိစ္စမြင်တွေ့ တဲ့သူတွေ လုံးဝမပြောရဘူးဆိုပြီး ထုံးစံအတိုင်း အမိန့် နဲ့  တားမြစ်ပိတ်ပင်ထားပါတယ်။

အနှစ်ချူပ်ပြောရရင် နအဖရဲ့  ထိပ်တန်းအဆင့် (၁၀) ထဲမှာရှိတဲ့ ဒုတိယဗိုလ်ချူပ်ကြီးအဆင့်တောင် သန်းရွှေ မောင်အေးတို့ က ကိုယ်ကျိုးထိခိုက်လာရင် တနည်းပြောရရင် ကိုယ်ရဲ့ အာဏာကို ထိပါးလာရင် ဘယ်သူ့ ကိုမဆို ဆရာတပည့်မရှိဘူး၊ လူယုံမရှိဘူး၊ ညှာတာထောက်ထားမှုမရှိဘူးဆိုတာ အာဏာရှင်တို့ ပီပီ ဖြုတ်ထုတ်သတ် လုပ်မှာဘဲဆိုတာ ရှင်းရှင်းကြီးပြနေတယ်။

အာဏာကို မက်မောဆုတ်ကိုင်လိုသူတွေပီပီ အပြိုင်အဆိုင်တွေ၊ ကောက်ကျစ်မှုတွေ၊ တစ်ဦးနဲ့ တစ်ဦး ချောင်းမြောင်းလုပ်ကြံဖို့  အကွက်စောင့်နေတာတွေ၊ အခွင့်အရေးအတွက် သူ့ လူကိုယ့်လူ မွေးတယ်၊ မလိုရင် သူ့ လူကိုယ့် လူဆိုတာ မရှိတော့ဘဲ ဘယ်သူမဆို ပြိုင်လာရင် ရန်သူဘဲသဘောထားတာတွေ အာဏာရှင်ခောတ်အဆက်ဆက်တိုင်းမှာ ဖြစ်ပျက်နေတာ အထင်အရှားဘဲ။ ဒါကြောင့် နေ့ မြင်ညပျောက်ဖြစ်သွားတဲ့ ဗိုလ်ချူပ်တွေ ၀န်ကြီးတွေကအစ အောက်ခြေသာမန်ရဲဘော်တွေအထိ ယနေ့ နအဖအုပ်စုနဲ့  စစ်တပ်အတွင်းမှာ တစ်ပုံကြီးဘဲ။

ဒီလိုမျိုး မောင်အေးရဲ့  ကောက်ကျစ်တဲ့ အာဏာပြိုင်ဆိုင်မှုကြောင့် သန်းရွှေသေပြီးတဲ့နောက်မှာ (သို့ ) သေခါနီးဆဲဆဲ အချိန်ကာလမှာ နေ၀င်မိသားစုလိုဘဲ သန်းရွှေရဲ့ မိသားစုတွေဘ၀ဟာလည်း မောင်အေး ချုပ်ကိုင်စိုးမိုးထားမယ့်သူတွေလက်ထဲမှာ မှောက်ချင်သလိုမှောက် လှန်ချင်သလိုလှန် အနေအထားဖြစ်တော့မှာ အသေအချာပါဘဲ။

သန်းရွှေတို့ မိသားစုတင်မကဖူး ဆက်နွယ်နေသူတွေ အကုန်လုံးရော ဘ၀အလှည့်အပြောင်းဖြစ်မှာ မလွဲဘဲ။ မောင်အေးအနေနဲ့  သူလုံးဝကြည့်မရတဲ့ ယုံကြည်စိတ်ချမှုမရှိတဲ့ (ခင်ညွန့် လက်ထက်ကလို ရဲမြင့်လက်ထက်ကလို တန်ခိုးထွားမှာ ကြောက်တဲ့အတွက်) စစ်ထောက်လှမ်းရေးမှန်သမျှကိုလည်း မောင်အေးက အကောက်ကြံနေမယ်ဆိုတာ ဖြစ်ပျက်ခဲ့တာတွေကြည့်ရင် မကြာခင် ကိုယ်ခံရမယ့်အလှည့်ရောက်လာရင်းနဲ့  သိကြမှာဘဲ။

ဒါကြောင့် အလှည့်ကျရင် မနွဲ့ စတမ်းလို့  နအဖအသိုင်းအ၀န်းနဲ့  စစ်တပ်အသိုင်းအ၀န်းက ကျန်နေတဲ့သူအားလုံးကို အတိအကျ ပြောလိုက်ချင်တယ်။ တစ်ဦးတည်းသော အာဏာရှင်ဖြစ်လိုသူတွေ ပြိုင်ဆိုင်နေကြတဲ့ အာဏာလုပွဲကြီးရဲ့  တန်ဆာခံတွေဖြစ်ရင်တော့ ငါ့အလှည့် ဘယ်တော့ရောက်မလည်းဆိုတာ တွေးသာထားကြပေတော့။

ဒီလိုခံရမှာကို ကြိုတင်တွေးမိကြမယ်ဆိုရင် တစ်ခုတည်းသော ကယ်ဆယ်ရာလမ်းကတော့ အာဏာရှင်တွေဘက်ကို လိုက်ပြီး ဆက်လက် သစ္စာစောင့်သိမနေဘဲ ကိုယ်ဘာလုပ်သင့်လည်းဆိုတာ၊ ဘယ်လိုအခြေအနေမျိုးက အာဏာရှင်လက်က ကင်းလွတ်နိုင်စေမလည်းဆိုတာ တွေးမြင်တတ်ဖို့  လိုပါပြီ။

Reply
ထောက်လှမ်းရေးအရာရှိေ
7/9/2008 4:10 AM
afaetaf, 20
Yangon
Myanmar

ဆောင်းပါးရှင် - ထောက်လှမ်းရေး အရာရှိ ဟောင်းတစ်ဦး


အားလုံး သိကြတဲ့ အတိုင်းပါဘဲ…. ဗိုလ် သန်းရွှေဟာ ကျွန်တော်တို့ ရဲ့  အဖေ ညွန့် ကို အမိန့့် မနာခံမှု၊ အဂတိ လိုက်စားမှုတွေနဲ့  စွဲချက်တင်ပြီး ထောက်လှမ်းရေး တစ်ဖွဲ့ လုံးကို ရေကုန် ရေခန်း သုတ်သင် ရှင်းလင်း ခဲ့တယ်။ အဂတိ လိုက်စားတယ် ဆိုလို့  ဗိုလ် သန်းရွှေရဲ့  မယားနဲ့  သားသမီး တွေလည်း မကင်း၊ ဗိုလ် မောင်အေးလည်း ထိုနည်းအတိုင်း၊ အဆင့်ဆင့်သော ဗိုလ်ခြေတစ်သောင်း အရာရှိ အပေါင်းဟာလည်း အဂတိ လိုက်စားရာမှာ သူ့ ထက်ငါ စံချိန်တင်နေရပေမဲ့ ဒါတွေကိုတော့ မောင်သန်းရွှေက အရေးယူမယ်လို့  စိတ်မကူး၊ ကုန်ကုန်ပြောရရင် လူသားမျိုးနွယ် တုန်းစေမဲ့ မူးယစ်ဆေး ကိစ္စမှာ အခု ရဲမြင့်ကြီး မိသားစုတို့  မီးကုန်၊ ယမ်းကုန် လုပ်ခဲ့သလို စစ်တပ်လူကြီး ထိပ်ပိုင်းအားလုံး နီးနီးလည်း မကင်း၊ အရင်က ပို့ ဆက် ၀န်ကြီး သိန်းဝင်းဆိုရင် သဘောင်္နဲ့ တောင် ကွန်တင်နာနဲ့  ရွှေချောင်းတွေ၊ ဟီးရိုးအင်း တွေ ချသေး၊ မိတော့ ပြုတ်ပေမဲ့ ထောင်ဒဏ်တွေ ဘာတွေ တော့ မပေးဘူးဗျာ… ဘယ်ပေးမလဲ ဒီကိစ္စ မကြိုင်ကြိုင် လည်း ပါ ဆိုကိုး၊ မကြိုင်ကြိုင်ဟာ လယ်ဆည် ၀န်ကြီးဟောင်း ဗိုလ် ညွန့် တင်ရဲ့  ယောက်ဖ မျိုးဟိန်းရဲ့  ဖိုးတွမ်တီး အမှုမှာလည်း ပါဝင်ပတ်သက်နေလို့ ဗိုလ်သန်းရွှေ ခမျာစိတ်မသက်မသာ