Alex's Homepage
 

Journals

<<Previous 1 2 Next >>

Saturday,Dec 27 2008, 09:15:01 AMAnime episodes

Anyone who interested in Japnese anime series like Naruto, Bleach, One Piece, Full Metal Alchemist etc wants to have those in CD or DVD with cheap cost, please contact to my mail alexhitc8@gmail.com. You can also request some software which you can't find in local CD shops.

 Tag : Anime, Movie, download | 58 Views | Post Comments | Share with Friends | Recommend

Wednesday,Oct 15 2008, 05:50:32 AMမိန်းမများကိုအန်..

သူငယ်ချင်း တစ်ယောက် ပို့လိုက်တာ သဘောကျလို့ ဒီနေရာမှာမှတ်ထားလိုက်တယ်ဗျို့။ မိန်းမများကိုအန်စေသောယောက်ျားများ

၁. ကိုယ့်အောင်မြင်မှုကို ပါးစပ်ဖျားက မချတတ်သော ယောက်ျား

၂. ခေါင်းလိမ်းဆီကို ရွဲနစ်နေအောင် လိမ်းတတ်သော ယောက်ျား

၃. ဆီများရွဲနစ်နေသော ဆံပင်တွင် ဘောက်များကပ်နေသော ယောက်ျား

၎. ရေမချိုးဘဲ အနံ့ပြင်းသော ယောက်ျား

၅. နှာခေါင်းထဲက အမွေးများ နှာခေါင်းပေါက်အပြင်ထိ ရှည်ထွက်နေသော ယောက်ျား

၆. လေကြီးပြီး ကြွားဝါတတ်သော ယောက်ျား

၇. မိန်းကလေးများကြားတွင် မျက်နှာပန်းလှသည်ဟု ထင်နေသော ယောက်ျား

၈. အရာရာတွင် တွန့်တိုတတ်ပြီး အထူးသဖြင့် မိန်းကလေးနှင့်အပြိုင် တွန့်တိုတတ်သော ယောက်ျား

၉. အာပုပ်စော်နံသော ယောက်ျား

၁၀. ငွေကြေးအားကိုးပြီး မြက်နုကြိုက်သော နွားအို...အဲလေ..ယောက်ျား

၁၁. လက်ရဲ ဇက်ရဲ တဏှာယောက်ျား

၁၂. မိန်းကလေးနှင့် တခါချိန်းတွေ့ပြီး ဟိုလိုလို ဒီလိုလို ထင်အောင် ပြောတတ်သော ယောက်ျား

၁၃. ချက်အောက်ပိုင်း အရာများဖြင့် အမြဲဟာသ လုပ်ပြောတတ်သော ယောက်ျား

၁၄. မိန်းကလေးအထာ ငါနှပ်တယ်ဟု အမြဲပြောတတ်သော ယောက်ျား

၁၅. ကြမ်းတမ်းသော ယောက်ျား။ အထူးသဖြင့် ပါးစပ်ပြောရင် လက်ပါ ပါတတ်သော ယောက်ျား

၁၆. ရုပ်ကိုချစ်တာ မဟုတ်ဘူး.. စိတ်ထားကို ချစ်တာဟု မိန်းကလေးတိုင်းကို ပြောတတ်သော ယောက်ျား

၁၇. အိုင်တွေ့တိုင်း ခြေဆေးတတ်သော ယောက်ျား

၁၈. ဘာမဆို ငါသိတယ် တတ်တယ်ဟု ထင်နေသော ယောက်ျား

၁၉. စကားပြောပြီးနောက် နုတ်ခမ်းဘေးတွင် တံထွေးမြုပ်များ ကပ်ကျန်ခဲ့တတ်သော ယောက်ျား

၂၀. သားသမီးများက တစ်ခုခုမေးလျှင် "နင်တို့အမေကို သွားမေး" ဟု ပြောတတ်သော ယောက်ျား

၂၁. ဆေးလိပ်သောက် ကွမ်းစားပြီး သွားများ မည်းညစ်နေသော ယောက်ျား

၂၂. မိန်းမ၏ စေညွှန်ရာတွင် ကနေရသော ယောက်ျား

၂၃. နိုက်ကလပ် မသွားဖူးဘူးဟု ပြောတတ်သော ယောက်ျား

၂၄. စကားတစ်ခွန်းကို ကွေ့ကောက်လိမ်ပတ်ပြီး သုံးခွန်းဖြစ်အောင် ပြောတတ်သော ယောက်ျား

၂၅. ပိုက်ဆံရှိသော မိန်းကလေးများကိုသာ ရွေးချစ်တတ်သော ယောက်ျား

၂၆. မီးဝါကို ဖြတ်မမောင်းဘဲ ကိုယ့်ကို စည်းကမ်းသေ၀ပ်သူဟု ထင်သော ယောက်ျား

၂၇. မိန်းမဆန်ဆန် ၀တ်စားတတ်သော ယောက်ျား

၂၈. အ၀တ်အစားကို တင်းကျပ်နေအောင် ၀တ်တတ်သော ယောက်ျား

၂၉. ရှိသမျှလက်ချောင်းတွင် ရွေလက်စွပ်များ စွပ်ထားတတ်သော ယောက်ျား

၃၀. အင်္ကျီကြယ်သီး သုံးလုံးအထက်ကို မတပ်ဘဲ ကိုယ့်ကို ဆက်စီလုပ်ချင်သော ယောက်ျား

၃၁. အထက်လူကြီးကို ဖားပြီး အိမ်ပြန်ရောက်လျှင် မိန်းမကို ရန်ရှာတတ်သော ယောက်ျား

၃၂. ချိန်းတွေ့တိုင်း မိန်းကလေးများကို အကုန်အကျခံစေသော ယောက်ျား

Thursday,Nov 15 2007, 08:30:07 AMယွန်းချိုဝမ်

မြ၀တီရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသနေတဲ့ “ပုံရိပ်ပမာ” ဇာတ်လမ်းတွဲမှာ “ယွန်းချိုဝမ်” အဖြစ်သရုပ်ဆောင်ထားတဲ့ ကိုရီးယား မင်းသမီးလေး…. သူ့ရဲ့ချစ်စရာကောင်းပြီး သွက်လက်တဲ့ဟန်က ပရိတ်သတ်ကိုဖမ်းစားနိုင်လွန်းပြီး ရန်ကုန်မြို့က ဆယ်ကျော်သက်လေးတွေ တော်တော်များများတောင် သူမပုံစံအတုခိုးပြင်ဆင်လာတာကို သတိထားမိကြပါလိမ့်မယ်။ သူမရဲ့အနုပညာနာမည်က လီဒါဟေး (Lee Da Hae) ဖြစ်ပြီး အမည်ရင်းက ဗျောင်ဒါဟေး (Byun Da-Hae) ပါတဲ့။ ၁၉၈၄ ခုနှစ် ဧပြီလ ၂၉ ရက် မှာမွေးဖွားတဲ့ တနင်္ဂနွေသမီးလေးပေါ့။ ကိုရီးယားမှာ သရုပ်ဆောင်မဖြစ်ခင် သြစတေးလျမှာ ၅ နှစ်ခန့်မိသားစုနဲ့ နေထိုင်ခဲ့ပြီး ယခုအချိန်မှာ မိခင်နဲ့အတူ ဆိုးလ်မြို့မှာနေထိုင်ပြီး အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်မှုအနုပညာအပြင် ကိုရီးယားရိုးရာအကကိုလည်း ၀ါသနာကြီးတဲ့အလျှေက် သြစတေးလျ မှာနေထိုင်စဉ်မှာ ဖျော်ဖြေမှုတော်တော်များများ လုပ်ခဲ့တယ်လို့လည်း သိရပါသေးတယ်။ လက်ရှိသိရသလောက် TV ဇာတ်လမ်းတွဲ ၁၀ ခု ရိုက်ကူးပြီးစီးထားပြီး ၄င်းတို့အနက် My Girl (SBS, 2005) နှင့် Green Rose (SBS, 2005) တို့မှာလူသိများတဲ့ဇာတ်လမ်းတွဲ တွေဖြစ်ပါတယ်။ ယခုမြ၀တီမှထုပ်လွှင့်နေတဲ့ “ပုံရိပ်ပမာ” ဇာတ်လမ်းတွဲကတော့ Lotus Flower Fairy (MBC, 2004) ပါတဲ့။

Wednesday,Nov 7 2007, 02:31:59 AMSchedule (ဇယား)

သူငယ်ချင်းတစ်ယောက်ဆီကရတာပါ။ ရေးသူကိုတော့မသိပါဘူး။ သဘောကျတာနဲ့ သူငယ်ချင်းတွေကို ပြန်မျှလိုက်တာပါ။

လျှောက်လွှာ နမူနာလိုချင်သူတွေ comment မှာ ရေးထားခဲ့နိုင်ပါတယ်။ :P

ရယ်မောပျော်ရွှင်ကြပါစေ။

 

Wednesday,Sep 19 2007, 07:31:05 AMU & Me

ကောင်မလေးက ကောင်လေးကို သီချင်းတစ်ပုဒ်နားထောင်ခိုင်းတယ်။ ကောင်လေးက နားထောင်တယ်။ တစ်ခုခုကို ခံစားရတယ်လို့ သူထင်တယ်။ ဒါနဲ့ ဒီနေရာမှာ မှတ်တမ်းတင်လိုက်တယ်။

<<Previous 1 2 Next >>