Journals
-
ကြာလာတော့လည်း
-
စက္ကန့်တံတွေကိုတောင်
-
ကြောက်လာတယ် ...
-
သူတို့ကြောင့်ပဲ
-
၂၀၀၇ လည်းသေ ...
-
၂၀၀၈ ကလည်း သင်္ချိုင်းကို ခြေတစ်ဖက်လှမ်းနဲ့
-
ဖရိုဖရဲနိုင်လှချည်ရဲ့
-
တနင်္လာရောက်တိုင်း
-
သောကြာကိုမျှော် ...
-
ညနေတစ်ခြမ်းပိုင်ဖို့များ
-
ငါးရက်လုံးကို ထပ်စတေးနဲ့
-
ဟောဒီကောင် ဆန်ကုန်မြေလေးရယ်ပါ ....
-
အာဏာနဲ့ငွေကြေး
-
မိန်းမလှတွေနဲ့ ဗော့ကာ
-
လေယာဉ်နဲ့ ပြိုင်ကားတွေအစား
-
ငါ့အား ...
-
အိပ်ရေးဝတဲ့ သောကြာတစ်ညသာ
-
ခဏခဏပေးစမ်းပါ ...။
လူတစ်ချို့ ကိုယ့်ဘဝထဲ ဝင်လာကြတယ်။ ဒါပေမယ့် တစ်ချို့က မြန်မြန်ဆန်ဆန် ထွက်ခွါသွားကြတယ်။ တစ်ချို့က ခဏလေး ရပ်နားပေမယ့် တစ်ချို့က ကြာကြာရပ်နားပြီး ကိုယ့်သူငယ်ချင်းတွေ ဖြစ်လာခဲ့တယ်။ ကိုယ့်ရင်ဘတ်မှာ လှပတ ...
Read More...