The more your mind is empty,the more pure wisdom will appear!
 

Journals

<<Previous 1 2 3 4 Next >>

Thursday,Jun 11 2009, 07:06:14 AMမေတ္တာလက်နက်

မေတ္တာလက်နက်ကိုင်ပါ။ အမျက်ဒေါသ ရှိတဲ့သူအပေါ်ကို မေတ္တာနဲ့  အနိုင်ယူပါ။ တကယ်မေတ္တာထားတတ်လာရင် ဘယ်ရန်သူမှ ကြောက်စရာ မလို တော့ဘူး။ ကိုယ့်ကို ရန်မူမဲ့ရန်သူဆိုလည်း တယောက်ယောက်က ကာထားပေးသလို ကိုယ့်ကို မမြင်ဘူး။ မြင်သော်လည်း ကိုယ့်ကို အန္တရာယ်ပေးလောက်တဲ့အထိ မဖြစ်ဘူး။ နူးညံ့ပျော့ပျောင်းစွာလာတဲ့ ရေအလျဉ်ဟာ ခက်ထန် ကြမ်းတမ်းတဲ့ ကျောက်တုံး ကျောက်ခဲတွေကို သဲမှုန်လေးတွေ အဖြစ် တစစီဖြစ်အောင် တိုက်စား ပါတယ်။ သူတော်ကောင်းတွေ၇ဲ့ နူးညံ့ပျော့ပျောင်းတဲ့  မေတ္တာအပြည့် နှလုံးသားဟာလည်း ခက်မာကြမ်းတမ်းတဲ့  မသူတော်တွေကို နူးညံ့သိမ်မွေ့ ပြီးတော့ လိမ်မာ ယဉ်ကျေးနိုင်စွမ်း ရှိသွားတတ်တယ်။
ပူလောင်သော မီးပုံမီးခဲ အနားသို့ မည်သူမျှ မကပ်ချင်သကဲ့သို့ ဒေါသကိလေသာရှိသူ၊ ဒေါသကြီးသူ အနားသို့ မည်သူမျှ မကပ်လိုကြပေ။ ဂူတစ်ဂူထဲတွင် ခြသေ့င်္နှစ်ကောင် မအောင်းသကဲ့သို့ ဒေါသရှိသော ပုဂ္ဂိုလ်၊ ဒေါသကြီးသော ပုဂ္ဂိုလ်၏ သန္တာန်တွင် မေတ္တာဓါတ် မကိန်းပေ။ ဒေါသထွက်ခြင်း ဆိုသည်မှာ လွယ်ကူသော အရာဖြစ်သည်။ တိရစ္ဆာန်များသည်လည်း လွယ်လွယ်ကူကူပင် ဒေါသထွက်တတ်ကြသည်။ ပြဿနာတစ်ခုကို မေတ္တာနှင့် ပြေလည်အောင် ဖြေရှင်းတတ်မှ သာလျှင် အမှန်တရားကို ရှာဖွေတွေ့ ရှိနိုင်ပေမည။်
ကိုယ်က ဓါးအားကိုးရင် ဓါးနဲ့ ပတ်သက်တဲ့ သူတွေနဲ့ တွေ့ လိမ့်မယ်။ ကိုယ်က မေတ္တာလက်နက် အားကိုးရင် အားလုံးကို မေတ္တာထားရင် ကိုယ့်လိုပဲ မေတ္တာ ထားတဲ့ သူတွေနဲ့ တွေ့ ၇လိမ့်မယ်။ ဆန့်ကျင်ဖက်တွေနဲ့ ဝေးသွားလိမ့်ပါမယ်။ မေတ္တာခြုံ၇င် အလုံခြုံဆုံးပါ။ ဒေါသ ဖြစ်ပြီ ဆိုတာနဲ့ ငါဟာ မေတ္တာသမား၊ ဒေါသသည် မေတ္တာနှင့် ဆန့်ကျင်ဖက်ဟု နှလုံးသွင်းကာ ချက်ချင်း ဖယ်ထုတ်လိုက်ပါ။ အားလုံးကို မိမိစိတ်ချမ်းသာသကဲ့သို့ စိတ်ချမ်းသာအောင် ကိုယ်ချင်းစာ တရားနဲ့ စွမ်းဆောင်နိုင်ပါစေ။ ပုထုဇဉ်ဘ၀တွင် မိမိသိထားနေနှင့်သော ကိုယ်ချင်းစာတရားက ဘာမှမဟုတ်သေးပါဘူး။ မိမိသန္တန်ထဲ တရားရှိလာသည့်အချိန်မှ မိမိနှလုံးသား အတွင်းက လာတဲ့နားလည်မှုမျိုးနဲ့ ကိုယ်ချင်းစာတရားနဲ့ မေတ္တာထားသွားနိုင်မှာပါ။ မိမိကိုလည်း ဒေါသ လာထွက်ရင် မကြိုက်သလို သူများကိုလည်း ဒေါသ သွားမထွက် နိုင်အောင် ကြိုးစားပါ။ သူတပါးလည်း ကြိုက်မည်မဟုတ် သောကြောင့်ပင်။
အတိတ် ဘ၀ အဆက်ဆက်က ဒေါသ အာဃာတတရား အရမ်းကြီးခဲ့ သောပုဂ္ဂိုလ်များဟာ ဖြစ်လေရာ ဘ၀တိုင်းမှာ အရုပ်ဆိုးတယ်။ ဖြစ်လေရာ ဘ၀ဆက်တိုင်းမှာ ဒေါသပါးပြီး မေတ္တာပွားခဲ့သော ပုဂ္ဂိုလ်များဟာ ဘယ်ဘ၀ရောက်ရောက် ဘ၀ဆက်တိုင်းမှာ ရုပ်ချောပါတယ်။ သနပ်ခါး ၊မိတ်ကပ်လိမ်းစရာ မလိုပါ။ အခုဘ၀ မေတ္တာပွားတဲ့ ပုဂ္ဂိုလ်များဟာ မျက်နှာ သိပ်ကြည်လင်ပါတယ်။ သူတို့ကို ကြည့်ရင် စိတ်ထဲမှာ အေးပြီး ဘာနဲ့မှ မတူနိုင်ပါဘူး။ သိသာပါတယ်။ သူတို့နဲ့ ပေါင်းရတာ တကယ့်ကို စိတ်ချမ်းသာပါတယ်။ လူတွေဟာ အများအားဖြင့် အရမ်းအလှကြိုက်တတ်ကြပါတယ်။ အထူးသဖြင့် မိန်းခလေးတွေဆို ပိုပါတယ်။ တကယ်လှချင်ရင် မေတ္တာသာပွားကြရင် တကယ့် အေးမြတဲ့ အလှ အစစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

 Tag : မေတ္တာ | 203 Views | 6 Comments | Share with Friends | Recommend

Wednesday,Dec 31 2008, 06:08:57 PMNew Year Gift ...Brainwashing !


Happy New Year to you all! a Happy, Healthy and Prosperous New Year 2009 !I ‘d like to give new year gift to u all. Today is my Happy Birthday. So I want to give a gift of the easy way for mind control and brainwashing for you all. I haven’t sleep yet for the whole night by writing this blog. I got an idea that wanted to give some gift to you all. That is ….. the following easy way. As my “Idea” is as much as I share this way, I can save all human being including you all to be peaceful and an absolute happiness and tranquility. If you know this way, firstly.. you can practice and will get them. Then you can share all human beings in your surrounding. So they will be peaceful state of mind. And you do not need to worry about them. If they are some worrying in their mind, they will be unhappiness and they can’t help the other with their mind power. That’s why I encourage you to concentrate. Then .. remove all your knowing things in your mind. Let’s practice now!


Do you believe that pure mind can help you to full all your desire?…
[or]
If you wish to be happiness/peace in mind….

In all over the globe ….all human beings wish to get peace in mind/ happiness. I bet/ grant … If you try &test this way immediately, you will get peace in mind/happy at that time.
If you do the cause to be peace in mind/ happiness , you will get the effect of it. You do not accept and give up all your knowing mind, this is brainwashing and doing the course to be happiness. So you will get the effect of it. Do you know the root of unhappiness ?We ,all are doing almost mistakes ( but we don’t know that.) ,because we don’t know what we should do the real things or shouldn’t. That is Avijja = do not know mind covers on our greedy, angry, ignorance mind.
All of Depression, Down-Hearted mind, Unhappiness are becoming from Weakness mind . As long as you practice to get powerful mind, you can create all your needs. Even if you meet eight ways of the Mundane world( in which gain & lose, fame & dishonor, praise & blame, happiness& suffering are the facts of life) , you can resist / overcome.
Everyone have a worry ,right? If you assume in your mind as something, somewhere, sometime, someone, you will never be peace. That’s why you must cut out /remove all your knowing mind from seeing, hearing, smelling ,touching, tasting and thinking. At the moment while you are doing so, you will come to know something obviously from eyes, ears, nose, tongue, body and mind. That knowledge (knowing) is also whirling in the circle of appearing and disappearing such as a new one appears and disappears, and again another a new one appears and disappears.
It is ruling continuously and constantly. It is very fast and happens even one zillion in a second, and we can't render it by our ordinary knowledge or brain since it is very fast.
But what we know is to be let as "just being" continuously and not to penetrate into it. And the knowledge on the knowing is also to be let as "just knowing" continuously as to not to attach anything appeared in the mind. Although you have known something in the mind, you have no time even to interpret the exact meaning of what you know because mental function is fast regulating in the circle of appearing and disappearing.
Don't accept any mental aspect whether it is good or bad. If you accept it, you will be sad or worried because it links with attachment. And how will you be peaceful or quiet if you are feeling sad or unhappy? When you get more practical experiences, you will get joyful and
tranquillized.
Therefore, you are obliged to be self-peace first, so that you can share peace and happiness to other people. If self is not free from grief and soreness, what you can share to other people are only grief and soreness. When you can discard more and more unpurified mind of greed,anger and delusion, you will right understand and realize the true knowledge
or the true life.
Wherever you are arriving or what you are doing, you should give
up on everything appeared in the mind as "just being" or "just happening". When you get more experiences, you will admire on the real truths and will be peaceful, and so you can share an absolute happiness and tranquility to the other.
Thank you very much for your time.
With metta ,
globe9win

http://venuottamasara.multiply.com
http://realenlightenment.org
http://maythetwin.multiply.com
http://zorpia.com/globe9win
http://vzochat.com/en/profile/globe9win/

120 Views | 6 Comments | Share with Friends | Recommend

Wednesday,Dec 31 2008, 01:55:53 PMသန့် စင်တဲ့ စိတ်ကေ

( အားလုံးနှစ်သစ်မှာ မင်္ဂလာပါရှင်။ နှစ်သစ်ကူး လက်ဆောင်လေး ပေးချင်လို့  ၇ယ် ဒီနေ့ ကျမမွေးနေ့ မှာ ကျမနဲ့ ပတ်သက်လာသမျှ၊ အဲ့ပတ်သက်သူတွေနဲ့  ပတ်သက်သမျှအားလုံးကို စိတ်ချမ်းသာအောင် လွယ်ကူစွာ လေ့ကျင့်နေထိုင်တဲ့ နည်းလေးကို လက်ဆောင် အဖြစ်ပေးချင်လို့  ညမအိပ်ပဲ ဒီ blog လေးကိုေ၇းခဲ့ပါတယ်။
ကျမအယူဆက သူများကို စိတ်ချမ်းသာတဲ့ နည်းလေးတွေ ညွှန်ပြ၇င် မိမိလည်း စိတ်ချမ်းသာမယ်လေ။ ဒါကြောင့် သူငယ်ချင်းတို့  တတ်နိုင်သမျှ ကိုယ်နဲ့ ပတ်သက်သူများကို ပြန်မျှပေးပါ။ ဒါမှ တယောက်နဲ့ တယောက် ပတ်သက်သမျှ ဒီလွယ်ကူတဲ့ စိတ်ချမ်းသာမဲ့ နည်းလေးကို ၇ပြီး အားလုံး အေးချမ်းအောင် စိတ်ချမ်းသာအောင် နေတတ်သွားမှာပါ။
ကိုယ့် သူငယ်ချင်း သို့ မဟုတ် မိသားစု ၊ဆွေမျိုးတယောက် စိတ်မချမ်းသာ၇င် သူကိုယ်တိုင် အ၇င်ပူလောင်ပြီး အဲ့ပူလောင်မှု က မိမိကို ကူးစက်တယ်။ အခုနည်းလေး လေ့ကျင့်ထား၇င် ဘယ်အချိန်မှာ ဘယ်သူဘာဖြစ်လာဖြစ်လာ မိမိ၇ဲ့ အေးချမ်းမှုနဲ့ ကယ်တင်နိုင်မယ်။ သူ့ ကို အေးချမ်းမှု၇မဲ့ နည်းပြန်ပေးနိုင်မယ်။ သူအေးချမ်း၇င် သူ့ အတွက်ကိုယ်လိုက်မပူ၇တော့ဘူးပေါ့။
နောက် မိမိအေးချမ်းအောင်နေတတ်၇င် မိမိ အ၇င် အေးချမ်းမယ်။ မိမိပူလောင်အောင် မနေ၇င် သူများကို မိမိ၇ဲ့ အပူပေးလို့ မ၇ဘဲ အေးချမ်းမှုဘဲ ပေးနိုင်မယ်မဟုတ်လား။ မိမိပူလောင်နေ၇င် မိမိအပူကို ညှိမ်းနေ၇တာနဲ့  သူများကို အေးချမ်းမှု မပေးနိုင်ပဲ ပူလောင်မှု ဘဲ ပေးနိုင်မှာမို့ အားလုံးကို လေ့ကျင့်စေချင်တာပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ အားလုံးစိတ်ချမ်းသာဘို့ ရည်၇ွယ်ပြီး လေ့ကျင့်ဖြစ်အောင် လေ့ကျင့်ကြည့်ပါအုံးလို့ မေတ္တာများနဲ့ တိုက်တွန်းပါတယ်။
ဘာသာေ၇းအ၇ သဘောမထားချင်၇င် ရပါတယ်။ စိတ်ချမ်းသာမဲ့ နည်းလေး အဖြစ် စိတ်ချမ်းသာအောင်ပဲ လေ့ကျင့်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ )

သန့် စင်တဲ့ စိတ်ကလေးက လို၇ာကို ပြည့်စေတာ ယုံမလား ?
သို့ မဟုတ်
စိတ်ချမ်းသာချင်၇င်
လူသားဆိုတဲ့ သတ်မှတ်ထားတဲ့ လူ့ လောက လူသားအားလုံးဟာ စိတ်ချမ်းသာချင်ကြတယ်။ အခုစမ်းသပ်လုပ် ခုစိတ်ချမ်းသာမှု၇တယ် ဆိုတာ အာမခံနိုင်တဲ့  အမှန်တ၇ားပါ။
စိတ်ချမ်းသာချင်၇င်တော့ စိတ်ချမ်းသာမဲ့ အကြောင်း လုပ်မှ စိတ်ချမ်းသာမှု အကျိုး၇မယ်မဟုတ်လား။ စိတ်မှာ ဖြစ်သမျှကို လက်မခံဘဲ စွန့် လွှတ်ပေးနေတာဟာ ညစ်နွမ်းနေတဲ့ စိတ်လေးတွေကို လျှော်ဖွတ်သန့် စင်ခြင်းဖြစ်ပါတယ်။ အဲ့ဒီလို လက်မခံတာဟာ စိတ်ချမ်းသာမှု အကြောင်းကို လုပ်တာပါ။ စိတ်ချမ်းသာမှု အကြောင်းလုပ်မှတော့ စိတ်ချမ်းသာတဲ့ အကျိုး၇မှာပါ။ မိမိ၇ဲ့  လောဘ ဒေါသ မာန နဲ့ သူတပါးအပေါ် မသိမှု အ၀ိဇ္ဇာ ဖုန်းပြီး အကုသိုလ် ကုသိုလ် မခွဲခြားတတ်ပဲ မလုပ်သင့်တာ လုပ်သင့်တာ မသိဘဲ လုပ်လို့ အမှားတွေလုပ်မိလို့ စိတ်ညစ်နွမ်းမှု ဖြစ်စေတာပါ။ စိတ်သန့် ရှင်းစင်ကြယ်သွား၇င်ဖြင့် စိတ်ဖြူစင်မှုတွေနဲ့ အေးချမ်းစွာနေနိုင်လာမှာပါ။
တကယ်လို့ စိတ်ကို နေ့ စဉ်သန့် ရှင်းပေးနေ၇င် စိတ်ဖြူစင်မယ်။ စိတ်ဖြူစင်၇င် စိတ်စွမ်းအားတက်လာပြီး စိတ်က တောင့်တသမျှ ပြည့်လာတယ်။ စိတ်ဖြူစင်သန့် ရှင်းလာတာနဲ့ အမျှ လောကမှာ လိုအင်ပြည့်အောင်မြင်စေဖို့ ပါ။
စိတ်ကလေးက ညစ်နွမ်းနေတာ၊ စိတ်ဆင်း၇ဲမှုတွေ၇ဲ့ အ၇င်းခံက ဘာကြောင့်လဲ သိလား ? နေ့ စဉ်ဖြစ်နေတဲ့  လိုချင်မှု လောဘ၊ မ၇တော့  မကျေနပ်တာ ပူလောင်မှု ဒေါသ၊ စိတ် စေတသိတ် ရုပ်ပဲ ရှိတာကို မသိမှုက ဖုန်းထားတော့ ငါထင်လို့ ငါလောဘ တက် ဒေါသဖြစ်၇တာ တွေ က မောဟ တွေ ကြောင့် ပါ။
စိတ်ဓါတ်ကျမှု စိတ်အားငယ်မှု စိတ်ဆင်း၇ဲ မှုတွေက စိတ်အားနည်းနေလို့ ဖြစ်ပေါ်လာတဲ့ ဒေါသအုပ်စုဝင် စိတ်တွေပါ။ စိတ်အားကောင်းအောင်လုပ်ထား၇င် အဲ့ဒါတွေ မကြုံအောင် နေတတ်တယ်။ ကြုံလာ၇င်ခံနိုင်တယ်။ စိတ်အားမရှိ၇င်တော့ကတော့ မျက်ရည်တွေ ကျပေအုံးတော့။ သံသ၇ာ အဆက်ဆက်က ကျတဲ့ မျက်ရည်က သမုဒ္ဒရာလေးစင်းမကဘူးတဲ့ ။
အဲ့ဒါကြောင့်မို့  စိတ်ကို စင်ကြယ်သန့် ရှင်းတဲ့ အသိဥာဏ်လေးတွေကို မပေါ်စေတဲ့  စိတ်ကို ညစ်နေအောင် လုပ်တဲ့ မာန်မာနတွေ အတ္တတွေ လောဘ ဒေါသကို ဘေးဖယ်ထားပြီးတော့ ယောင်္ကျားမိန်းမ ကြီးတယ် ငယ်တယ် သတ်မှတ်ချက်တွေကို လက်မခံဘဲနဲ့ အမှန်တရားသိဘို့  ကြိုးစားလေ့ကျင့်ကြည့်ပါ။ ငါငယ်သေးတယ်ဆိုပြီး လုပ်ဖို့ အချိန်မတန်သေးဘူး မယူဆပါနဲ့ ။ အသက်အ၇ွယ်ငယ်တဲ့  သူတွေ နေ့ စဉ်သေနေကြတာတွေ အခုခောတ်မှာ အ၇မ်းကို များနေပါတယ်။ ငယ်ငယ်နဲ့ လည်း ဒုက္ခတွေေ၇ာက်နေတာ ဒုနဲ့ ဒေးပါ။ ကိုယ့်မှာလည်း အဆင်မပြေမှုတခုခု ရှိနေတတ်ပါတယ်။ မသိမှုက ဖုန်းထားလို့ အဆင်ပြေနေတယ်ထင်၇တာပါ။
လူတိုင်းမှာ အပူတစ်ခုတော့ ရှိတတ်ကြတယ်လေ။ သံသ၇ာအဆက်ဆက်ကလည်း ကုသိုလ်အကျိုးပေးကုန်တဲ့ အချိန် ၊ အကုသိုလ် အကျိုးပေးနဲ့ လည်း ကြုံေ၇ာ… ကိုယ့်မှာ ခံနိုင်၇ည်မရှိတော့မှာ စိုးလို့ အခုကတည်းက လေ့ကျင့်ထားမှ တကယ်လောကဓံနဲ့ ကြုံတဲ့ အခါမှာ စိတ်တည်ငြိမ်အေးချမ်းအောင် အပူအပင်မရှိနေလို့ ၇မှာမို့ တိုက်တွန်းပါတယ်။
စိတ်ထဲမှာ တစ်ခုခု တစ်ယောက်ယောက် တစ်ချိန်ချိန် တစ်နေရာရာ ရှိနေ၇င်ဘယ်တော့မှ မအေးချမ်းဘူး။ ပူလောင်နေ၇မှာမို့ ဘာဆိုဘာမှမဟုတ်ဘူး။ ဖြစ်ရုံလေး ဘဲ ဖြစ်နေတာ… ဆိုပြီး ဆက်တိုက် လုပ်သမျှ သိသမျှစိတ်တွေကို အသိသွင်းဖြတ်ချနေ၇မယ်။ ဘာလို့ ဖြတ်ချခိုင်းလဲ ဆိုတော့ ကိုယ်က အနတ္တဥာဏ်မ၇သေးလို့  ကိုယ်သိသမျှ လုပ်သမျှ ဟာ လောဘ ဒေါသ မောဟ အတ္တနဲ့ ချည်းလုပ်နေတာချည်းမို့ ပါ။ အတ္တနဲ့ သိသမျှ မဖြတ်ချနိုင်ရင် အနတ္တ ဆိုတဲ့ အလိုလိုသိတဲ့ ကိုယ်ပိုင် ထိုးထွင်းအသိဥာဏ်ဆိုတာ ဘယ်တော့မှ မဖြစ်လာနိုင်ပါဘူး။ လောဘ ဒေါသ မောဟ ကို အချိန် အကြာကြီး မဟုတ်၇င်တောင်မှ ခဏတာ ဖြတ်ချနေတဲ့ စိတ်သန့်သန့် လေး ဖြစ်ဖို့ ပါ။ ကျမတို့ က စိတ်သန့်စင်လည်း ခိုင်မြဲတဲ့ ဥာဏ်မ၇သေးတော့ ခဏတာဘဲ သန့် စင်မှာ ပါ။ လောဘ ဒေါသ မောဟ ဆိုတဲ့ စိတ်ညစ်ပတ်လေးတွေ ဝင်နေသရွေ့ စိတ်က မသန့်စင်သေးဘူး။
စိတ်ထဲ မှာ ဘာမှ မရှိအောင် ထားတာဟာ pure mind ပဲ။ peaceful mind ဖြစ်ဖို့ စိတ်ထဲမှာ တစ်ခုခုမှ မရှိ၇ဘူး။ ဘုရားဖြစ်သွားတယ် ၇ဟန္တာ ဖြစ်သွားတယ်ဆိုတာဟာ သတ်မှတ်ချက်ပြောတာဘဲ ရှိတယ် ။ အမှန်တော့ စိတ် ထာဝရ သန့် စင် သွားပြီး စိတ်မရှိတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုတာပါ။ တကယ်တမ်း လွတ်မြောက်တဲ့  နိဗ္ဗာန်ကို မျက်မှောက်ပြုသွားတာပါ။
စိတ်သန့် စင်အောင် ဘယ်လိုလုပ်ကြမလဲ? ကျင့်နည်းလေးကတော့ အ၇မ်းလွယ်ပါတယ်။ ဘယ်နေ၇ာေ၇ာက်ေ၇ာက် ဘာတွေလုပ်နေနေ…. Even in Toilet ထဲမှာတောင် လေ့ကျင့်လို့ ၇တဲ့ နည်းလေးပါ။ (အချိန်မ၇ဘူးဆိုတဲ့ သူများအတွက်နော်)
စိတ်ထဲက ကြားရုံ၊မြင်ရုံ၊နံရုံ၊စားရုံ၊ထိတွေ့ ရုံ၊စဉ်းစားတွေးတောရုံ ခံစားရုံ၊ မှတ်သားရုံ ဘဲသိပါတဲ့ ။ ဘာဆိုဘာမှမသိချင်ဘဲ ပေါ်လာသမျှ စိတ်တွေ၊ ဘာကြားကြား... မြင်မြင်.. အနံ့ ရရ... အရသာရရ..ဘာထိတွေ့ ရ ထိတွေ့ရရ..ဘာစဉ်းစားစား...ဘာမှမဟုတ်ဘူး…ဘာမှဖြစ်နေတာမဟုတ်ဘူး ဖြစ်ရုံလေးဖြစ်သွားတာ သိရုံလေးသိသွားတာ ဆိုပြီး ဆက်တိုက် အသိသွင်း ၇င်းနဲ့ ဖြတ်ချရမှာပါ။
ဘာတွေ ညာတွေ ဘယ်နေရာ ဘယ်အချိန်အခါတွေ မဟုတ်တာ အမှန်တရား။ အဲ့ဒီ အမှန်တရားတွေကို လက်ခံဘို့ ကြိုးစားတာ တရားအားထုတ်တာပါဘဲ။ ကြိုးစားလို့ ဘာမှမဟုတ်တာ၊ ဖြစ်ရုံလေး သိရုံလေး သိသွားတာကို ယုံကြည်ပြီးတော့မှ ကိုယ့်ကိုယ်ကို ဘာမှမဟုတ်ဘူးလို့ သတိပေးပါများလို့ ၊ ငါမဟုတ်တဲ့ အမှန်တရားကို မပြတ်တရစပ် နှလုံးသွင်းပါများလို့  ငါလဲမဟုတ်ဘူး.. ဘာမှလဲမဟုတ်ဘူး .. ငါမဟုတ်လို့ သူများလဲမဟုတ်ဘူး… တခုခုကို မဟုတ်ဘူး.. ဘာမှကို မဟုတ်ဘူး.. သူ့ သဘောသူဖြစ်ပြီး မတည်မြဲတာ ပဲရှိတယ်။အဲ့ဒီ မတည်မြဲ ခြင်းဟာ အနိစ္စ၊ မတည်မြဲတာတွေချည်း ဆက်တိုက်ဖြစ် ဖြစ်နေတာ ဒုက္ခ၊ ကိုယ့်အလို ကိုယ့်အကြိုက်မလို က် သူ့ အလိုလို ဖြစ်ပြီး ပျက်သွားတာက အနိစ္စသဘောတ၇ားတွေ သိလာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်လဲ ဘယ်လိုမှ သဘောမထားနဲ့ ။ သူများကိုလဲ ဘာမှသဘောမထားနဲ့ ။ ဘာဘဲ ညာဘဲ မသိနဲ့  ။ ဘာမှမစဉ်းစားနဲ့  အဲ့ဒါ ဆရာတော်ဦးဥတ္တမသာရ၇ဲ့  အလွယ်ဆုံးလေ့ကျင့်နည်းလေး ကို ကျသိခဲ့တဲ့ ခန္ဓာသိနဲ့ ပေါင်းပြီး လူသားအားလုံးစိတ်ချမ်းသာတဲ့ အလွယ်နည်းလေး၇ဘို့ ကို ပြန် shareပေးတဲ့ စေတနာကို တန်ဘိုးထားတဲ့ အနေနဲ့ ကျမနဲ့ ပတ်သက်သမျှအားလုံး လေ့ကျင့်ကြည့်ကြပါလားနော်။
၃၁ဘုံမှာ ခန္ဓာ၇နေသေ၇ွ့  ဒုက္ခချည်းပါဘဲ။ မသိမှု အ၀ိဇ္ဇာဖုန်းနေလို့  အဲ့ဒုက္ခတွေကို မမြင်နိုင်ဖြစ်နေတာပါ။ လောဘ ဒေါသ မောဟနည်း၇င် နည်းသလောက် မြင်လာနိုင်ပါတယ်။
သံသ၇ာ အဆက်ဆက်က လုပ်လာတဲ့ အကုသိုလ် ၀ဋ်ကြွေးကိုတော့ ဘု၇ားရှင်တောင်မတားနိုင်ပါဘူး။ ပေးဆပ်ခဲ့၇ပါတယ်။ အဲ့ဒါက မိမိ၇ဲ့  လောဘ ဒေါသနဲ့ သူတပါးအပေါ် မသိမှု အ၀ိဇ္ဇာ ဖုန်းပြီး အကုသိုလ် ကုသိုလ် မခွဲခြားတတ်ပဲ မလုပ်သင့်တာ လုပ်သင့်တာ မသိဘဲ လုပ်လို့ ဝဋ်ကြွေးပြန်ပေးဆပ်၇ပါတယ်။
ဝဋ်မှာ အမြဲ ငရဲမှာ အပ ။ ခန္ဓာနဲ့ ဝဋ်ကြွေးပေးဆပ်နေမယ်ဆို၇င် သံသ၇ာဟာ ဘယ်တော့ ဆုံးမယ်ဆိုတာ မသိနိုင်ပေမဲ့ တ၇ားကို ကျင့်၇င် အဆုံးကို ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ဝဋ်ကြွေးကို ကံနဲ့ မပေးဆပ်ပဲ ဥာဏ်နဲ့ ပေးဆပ်၇င် ဘ၀တိုတယ် ၀ဋ်ကြေနိုင်ပါတယ်။ ဘ၀တိုအောင် ၀ဋ်ကြေအောင်ဘာသက်သေ ပြနိုင်လဲ ဆို၇င် သောတာပန်အထိ ကျင့်ပြီး သူ ဟာ နောက်(၇) ဘ၀ဘဲ ၀ဋ်ကြွေးပေးဆပ်၇မယ်။ သကဒါဂါမ် အထိကျင့်ပြီး သူက နောက် (၆) ဘ၀၊ အနာဂါမ်ဖြစ်သွား၇င် နောက်ထပ်(၂)ဘ၀ နဲ့ ၇ဟန္တာဖြစ်သွား၇င် အခု (၁) ဘ၀ပဲ ၀ဋ်ကြွေးပေးဆပ်၇တော့ မှာပါ။ ၀ဋ်ကြေတာ ဒီတခုဘဲ ရှိတာပါ။
ကျမတို့ တတွေက ၀ဋ်ကြွေးကို ကံနဲ့ ပေးဆပ်တာ ဂေါင်းအမျိုးမျိုး ပြောင်းခဲ့ပါဘီ။ သံသ၇ာအစက နေ ခုထိ ၃၁ဘုံမှာ ဂေါင်းအမျိုးမျိုးနဲ့  ကျင်လည်နေခဲ့၇တယ်လေ။ ဘုရားတွေလည်း အဆူဆူပွင့်လို့ လွဲခဲ့ပြီးဘီ။ ဘု၇ားတဆူပွင့်ဘို့ သင်္ချေနဲ့ ချီကြာတာ။ ၁သင်္ချေမှာ ကမ္ဘာပေါင်း ၁ အနောက်မှာ ၀ အလုံး ၁၄၀ ရှိပါတယ်တဲ့ ။ ဂေါတမမြတ်စွာဘု၇ား သခင်တောင် ဘု၇ားဖြစ်ဖို့  ပါ၇မီဖြည့် ကျင့်၇တာ ၄သင်္ချေနဲ့ ကမ္ဘာတစ်သိန်းကြာခဲ့တယ်။ အဲ့တုန်းကလည်း ခန္ဓာမဆုံးတဲ့ မတ၇ားနဲ့ ဘဲ အချိန်ကုန်ခဲ့ကြ၇တယ်။ ကြည့်ပါအုံး ဘယ်လောက်ဒုက္ခတွေ ခံပြီးတဲ့ ဘ၀တွေလဲဆိုတာလေ။ တ၇ားနဲ့ မတွေ့ ခဲ့၇လို့ အခုဘ၀မှာလည်း လူ ဂေါင်းဆောင်းပြီး ဒုက္ခအမျိုးမျိုးထဲမှာ ပျော်နေကြတယ်။ အရိုးတွေ တောင်လို ပုံတာများ ကမ္ဘာတခု ပျက်ပြီးတိုင်း အရိုးမြေက ၁၃မိုင် တက်တက်လာတယ် တဲ့  ။ ခန္ဓာ့ဝန်ချခဲ့၇လွန်းလို့  ဂေါင်းအမျိုးမျိုး ခန္ဓာအမျိုးမျိုးနဲ့ သေခဲ့၇လွန်းလို့ နေ၇ာတိုင်း ကိုယ့်သင်္ချိုင်းဖြစ်ခဲ့တယ်။ မြေကြီးလက်ခပ်မလွဲကိုယ်သေခဲ့တဲ့ နေ၇ာချည်းပါဘဲတဲ့။

ကျမနဲ့ ပတ်သက်သမျှ ဘာသာမရွေး လူမျိုးမရွေး ၃၁ဘုံက သက်ရှိအားလုံး အခုပြောပြခဲ့တဲ့ လွယ်ကူတဲ့ နည်းလေးနဲ့ စိတ်ချမ်းသာမှု၇အောင် လေ့ကျင့်နိုင်ပြီး ဒီနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ…. ဒီနှစ်သစ်က စပြီးလည်း အစစအ၇ာ၇ာ အဆင်ပြေစွာ အောင်မြင်မှု ၇နိုင်ကြပါစေ…. လို့ …..
မေတ္တာများဖြင့်
Globe9win

http://venuottamasara.multiply.com
http://realenlightenment.org
http://maythetwin.multiply.com
http://zorpia.com/globe9win
http://vzochat.com/en/profile/globe9win/

Sunday,Apr 20 2008, 08:57:23 PMမြန်မာနှစ်သစ်ကူး

တ၇ားထိုင်၊ တ၇ားမှတ်တယ် တ၇ားအလုပ်လုပ်တယ် ဆိုတာ ပင်ပန်းတယ် ၊ ခက်ခဲ တယ်ဆိုတဲ့  သူတွေ အတွက်  ဘယ်နေ၇ာေ၇ာက်ေ၇ာက် ဘာလုပ်နေနေ အ၇မ်းလွယ်ကူတဲ့ နည်းလေးနဲ့ လေ့ကျင့်ကြည့်၇အောင်

သို့ မဟုတ်

အချိန်နဲ့ အမျှ ကျမတို့ မှာ ဖြစ်ပေါ်နေတဲ့ လောဘ၊ ဒေါသ၊ မောဟ weight တွေကို လျှော့ချရင်း စိတ်အေးချမ်းအောင်၊ အမှန်တရားနဲ့ နေထိုင်တတ်အောင် နဲ့  ပျော့ပျောင်းစွာ အသေတတ်အောင်  စိတ်လေ့ကျင့်ခန်း

(နေရာမရွေး အချိန်မရွေး လေ့ကျင့်နိုင်ပါသည်။)

 Relax အနေထား နဲ့ နေပါ။ တကိုယ်လုံးမှာ ရှိတဲ့ အကြောတွေကို လျှော့ထားပါ။ အကြောလေးတမျှင်တောင်မှ ဆုတ်ကိုင်မထားပါနဲ့ ။ (အကြောတွေ ဆုတ်ကိုင်၇င် ကိုင်သလောက် အားကုန်စေပါတယ်။ အကြော ဒုက္ခပေးတာ ခံ၇ပါတယ်။ လူလဲ ပိုအိုစေပါတယ်။)

ပထမဦးဆုံး ခန္ဓာမှာ ဥာဏ်စိုက်ထားပါ။ (သင့်၇ဲ့ စိတ်တွေ အပြင်အာရုံမှာ ငြိတွယ်မှု လျော့အောင်ပါ။) အဲ့ဒီ အချိန်မှာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ်ကနေ တခုခု ထင်ရှားသိလာမယ်။ အဲ့လိုသိတဲ့ စိတ်ကလေးကလည်း ဆက်တိုက် ပေါ်ရင်းပျောက်ရင်းဘဲ။ အသစ်အသစ်တွေ ဖြစ်ပေါ်နေတယ်။ တစ်စက္ကန့် မှာ စိတ်က ကုဋေတစ်သိန်းနှုန်း ပြေးနေတယ်။ လျင်မြန် လွန်းလို့ ဦးနှောက်ဥာဏ်နဲ့လိုက်မှီမသိနိုင်သေးပါဘူး။ ဒါကြောင့် သိသမျှစိတ်တိုင်းကို  “ဖြစ်ရုံလေး” သာ ဆက်တိုက်သိနေပေးပါ။ အဲ့ဒီသိနေတဲ့ အသိပေါ်မှာ ထပ်မစွဲအောင် ဖြစ်ရုံလေး လို့  သိတဲ့ စိတ်ကို လည်း ” ဖြစ်ရုံလေး ”လို့ ဆက်တိုက်သိနေပေးပါ။  တခုခုသိလိုက်တာနဲ့ လျင်မြန်လွန်းတဲ့ စိတ်ကို မမှီနိုင်လို့  ဒါဟာ ဘာကြီး၇ယ်လို့ ဘာသာပြန်ချိန် အဓိပါယ်လိုက်ဖော်ချိန် မရှိပါဘူး။ ဘာစိတ်ကိုမှ လက်မခံထားပါနဲ့ ။ တခုခုလက်ခံဘီ ဆိုကတည်းက အဲ့ဒီ အတွက် အပူရှိသွားပါဘီ။ ပူမှတော့ ဘယ်အေးချမ်းနိုင်တော့မလဲ။ အလေ့အကျင့် များလာတာနဲ့ အမျှ အေးချမ်းမှုတွေ ခံစားရရှိလာမှာပါ။ မိမိအေးချမ်းမှကိုယ့် ဆီက အေးချမ်းမှုတွေကို အများကို မျှနိုင်မှာပါ။ ကိုယ်က ပူလောင်နေ၇င် ကိုယ့်အပူကို အရင် ညှိမ်းနေ၇တာနဲ့ အများကိုလည်း အပူဘဲ ပေးနိုင်မှာပါ။ လောဘ ဒေါသ မောဟ စိတ်တွေ လျော့ပါးလာတာနဲ့ အမျှ ဥာဏ်အမြင်ရှင်းလာပီး အမှန်တရား အစစ်ဆိုတာကြီးကို နားလည် သဘောပေါက် လာပါလိမ့်မယ်။

ဘယ်နေ၇ာေ၇ာက်ေ၇ာက် ဘာတွေလုပ်နေနေ စိတ်မှာ ပေါ်သမျှကို ဖြစ်ရုံလေး အသိဆက်တိုက်သွင်းပေးနေခြင်းကို လေ့ကျင့်ခြင်းအားဖြင့် အမှန်တ၇ားအစစ်ကို ကိုးကွယ်နိုင်တဲ့ စိတ်အေးချမ်းမှုတွေကို အများအား မျှဝေနိုင်တဲ့  သူတစ်ယောက် ဖြစ်နိုင်ပါစေလို့  …

မေတ္တာများဖြင့်

မေသက်ဝင်း

 ဤအသိဥာဏ်များကို internet မှ contacts များ၊ contacts များ၏ contacts များ၊ သူငယ်ချင်းများ၊ သူငယ်ချင်းများ၏ သူငယ်ချင်းများ အားမျှဝေ ခြင်းအားဖြင့် တ၇ားအစစ်မှန် သိအောင် အလွယ်တကူ လျင်မြန်သော နည်းဖြင့်  သင်ကြားပေးနိုင်သော ကျေးဇူးရှင်ဆ၇ာတော် ဦးဥတ္တမသာရ (အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့  အမှန်တ၇ားအလှူတော် လုပ်ငန်း ၊ ၄၅လမ်းသဘာဝရိပ်သာ) အားကျေးဇူးဆပ်ပါသည်ဘု၇ား။ မချစ်မြတ်နိုး၊ မဋ္ဌေးဋ္ဌေးမြင့်တို့ အားလည်း ဂါရ၀ပြုအပ်ပါသည်။

Saturday,Mar 15 2008, 01:51:43 PMWhen A Family Member Is Critical Ill

သေအံ့ဆဲဆဲပုဂ္ဂိုလ်သတ္တ၀ါ တစ်ဦတစ်ယောက်အား အကောင်းဆုံးဖြစ်အောင် ကူညီ စောင့်ရှောက်မှု ပြုအပ်သော အချက်များ

1. Overcoming our own fear and attachment The best way to help someone who is dying to encourage him to have a positive, peaceful mind. That means beings free of disturbing emotions such as fear, anger, attachment, depression, etc. To be able to help someone else achieve such a state of mind ,we need to work first on our own state of mind,i.e. work on reducing our own fear,etc. If we ourselves have disturbing emotions regarding death,it will be very difficult to help another person overcome his. In ther case of loved ones, it is best to learn to let them go. Clinging to them will cause both our mind and the mind of the dying to be disturbed .so it is advisable to be calm and peaceful,willing to listen to whatever they wish to say. Be kind, sensitive and supportive, but try to avoid strong emotional reactions. သေရတော့မည်ကို ထိတ်လန့်တုန်လှုပ်မှုနှင့် တွယ်တာသော သံယောဇဉ်တွေကို ကျော်လွှားနိုင်၇န် သေခါနီးသူတစ်ယောက် စိတ်တည်ငြိမ်အေးချမ်းမှုရရှိစေ၇န်အားပေးခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဆိုလိုသည်မှာ ကြောက်ရွံ့ ထိတ်လန်းခြင်း၊ ဒေါသဖြစ်ခြင်း၊တွယ်တာတပ်မက်ခြင်း၊ စိတ်ဓါတ်ကျခြင်းစသည့်  အနှောက်အယှက်များဖြစ်စေသည့် စိတ်လှုပ်ရှားများ မဖြစ်ပေါ်စေ၇န် လုပ်ဆောင်ပေး၇မည်။ ဒီလို တည်ငြိမ်အေးချမ်းတဲ့ အခြေအနေဖြစ်ပေါ်လာအောင် ပထမဦးဆုံးလုပ်ပေး၇မှာက မိမိတို့ ရဲ့  ထိုသူနှင့် ပတ်သက်သည့် ပူပင်သောကစိတ်တွေကို လျှော့ချထား၇မည်။ အကယ်၍ မိမိကိုယ်တိုင် ထိုသေခြင်းတရားနှင့် ပတ်သက်ပီး တုန်လှုပ်နေမယ် ဆိုရင် သေခါနီးသူကို ကူညီဖို့ ခက်လိမ့်မည်။ သေခါနီးသူရဲ့ ချစ်ခင်တွယ်တာသူတွေကို အပြင်ကို ထွက်နေပါစေ။ သူတို့ ပြောခင်တာတွေကို နားထောင်ထားပီး လို အပ်တဲ့ အထောက်အကူပြုပေးပါ။ သို့ သော်ပြင်းပြင်းထန်ထန် တိုက်တွန်းမှု၊ တုန့် ပြန်မှုတွေကို ရှောင်ရှားပေးပါ။ 2. The dying person too should be encouraged to accept death as a natural and inevitable phenomenon, and that all of us come according to our kamma and have to go according to our kamma. All beings surely die ,have always died and will always die. In the same way I shall surely die , doubt about this does not exist in me. သေခါနီးသူကိုလည်းသေခြင်းတရားဆိုသည်မှာ မရှောင်လွဲ နိုင်သည့် သဘာဝတကား တစ်ခု ဖြစ်တယ်ဆိုတာကို သတိပေးဖို့ လိုပါသည်။ ဇာတိ၇လာသူအားလုံးဟာ ကိုယ့်ကံတ၇ားအရ မွေးဖွားလာကြပီး မိမိတို့ ၏ကံကုန်သွားပါက သေဆုံးသွား၇တာပဲလို့ ဆင်ခြင်နိုင်ဖို့ ပြောပြပေးပါ။ 3. He should constantly be encouraged to reflect on the good deeds that he has done ,and reassured that these wholesome deeds of his will lead him to a good rebirth and support him in his next life. I am the owner of my deeds, heir of my deeds; I originate from my deeds, am bound to my deeds ,have my deeds as my refuge. Whatever deed I do , whether good or bad , I shall be its heir. ထိုသူပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်ပြီး သတိရအောင် သတိပေးနေ၇မည်။ အဲ့ဒီကောင်းမှုကုသိုလ်တွေ အား ကွယ်လွန်ပြီးသည့်နောက် ကောင်းတဲ့ ဘ၀တစ်ခုကိုေ၇ာက်အောင်လည်း အကျိုးပြုမည်။ ကိုယ့်ရဲ့ ကောင်းမှု ကံတွေဟာနောက်ဘ၀အတွက်များစွာ အထောက်အပံ့ ဖြစ်ဖို့ သေချာတဲ့ အကြောင်းသိအောင် သတိ၇လာအောင် အားပေးပါ။ 4. Family members may reassure the dying person that he doen’t need to worry about them , that he should keep his mind calm and peaceful ,and that it will be allright to go when his time comes. မိသားစုများကလည်း သေခါနီးသူကို မိမိတို့အတွက် ဘာမျှမပူပန်ပါနှင့်။ ဘ၀ကူးပြောင်းဖို့ အချိန်ကျေ၇ာက်လာပြီး ဆို၇င် စိတ်နှလုံးအေးချမ်းစွာနဲ့ သွားနိုင်ကြောင်း အသိပေးပါ။ 5. Give donations and do other meritorious deeds in his name and share the merit which him. If possible, get him personally involved in the meritorious act, or else he should be informed about it and he should acknowledge it. Here he is happy ,hereafter he is happy. I n both states the well doer is happy. “ Good have I done “ (thinking thus ), he is happy. Futhermore , is he happy, having gone to a blissful state. မိသားစုများက ထိုသူအနေနှင့်  အလှူဒါနများ၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးပြီး ကုသိုလ်အဖို့ ကို အမျှပေးဝေပါ။ ဖြစ်နိုင်ပါက ကောင်းမှုကုသိုလ် များ ပြုလုပ်၇ာတွင် ထိုသူကိုယ်တိုင် ပါဝင် လုပ်ဆောင်နိုင်၇န် (သို့ မဟုတ်) ထိုသူအနေဖြင့် ထိုကုသိုလ် ကောင်းမှုကို ၀မ်းမြောက်ကြည်နူး၇န် အသိပေးပါ။ 6. Teach how to give up mind /doing meditation by either monks or laymen could be organized to comfort the dying person and his family members. ထိုသူနှင့် ၄င်း၏ မိသားစုများ စိတ်သက်သာမှု ရရှိစေ၇န် ဘုန်းကြီး၊ ရဟန်းများကို ဖြစ်စေ၊ လူပုဂ္ဂိုလ်များကို ဖြစ်စေ သင့်လျော်သော တ၇ားနှလုံးသွင်း ကို သတိပေးသင်ပေးပါ။ 7. He should be encouraged to take refuge in the Buddha ,the Dhamma and the Sangha . Monks could be invited afor breakfast or lunch dana and gifts in the form of requisites could be prepared for him to offer to the Sangha. ထိုသူအား ဗုဒ္ဓ၊ ဓမ္မ၊ သံဃ အရိပ်မှာ ခိုလှုံနိုင်ရန် အားပေးသင့်ပါသည်။ သံဃာတော်များ ပင့်ဖိတ်၍ အာရုံဆွမ်း၊ နေ့ ဆွမ်းစသည့် သံ ဃာများအတွက် အပ်စပ်သော ၀တ္တု ပစ္စည်းများကို လူနာအတွက် ဒါနကုသိုလ်ပြုနိုင်၇န် စီစဉ် ဆောင်ရွက်ပေးပါ။ 8. IF the dying person has been practicing meditation, remind him of the importance of mindfulness. Encourage him to constantly note the arising and falling of events,viz,thoughts,memories,emotions,visions,sensory perceptions. True it is ; householder, that your body is sickly ,solied and encumbered.For householder,who would claim even a moment’s health, carrying this body about ,except through sheer foolishness? Therefore,householder,thus you should train yourself; “ Though my body is sick, my mind shall not be sick. “ Thus, householder, must you train yourself. အကယ်၍ ထိုသူသည် တ၇ားဘာဝနာ ရှုပွားနေသူ တစ်ဦးဖြစ်ခဲ့လျှင် အမှတ်သတိနှင့် နေ၇န် အရေးကြီးကြောင်း ဘေးမှ သတိပေးနေပါ။ အစဉ်အမြဲ အ၇ာခပ်သိမ်းတို့ သည် ဖြစ်ပြီး ပျက်နေခြင်းကို ရှုမှတ်ပွားများနေရန် အားပေးပါ။ ဥပမာ။ အတွေးများ၊ သတိရစရာများ ၊ စိတ်ခံစားမှုများ အာရုံခံစားမှု စသည်တို့ ဖြစ်ပါသည်။ေ၇ာဂါဝေဒနာကြောင့်လူနာ၏ ခန္ဓာကိုယ်မှာ နေ၇ာ အနှံ့ မခံမ၇ပ် နိုင်အောင် နာကျင်သော ဝေဒနာများပေါ်နေသော်လည်း စိတ်ကို မနာရအောင် သတိပေးပါလေ။ 9. Dhamma friends who are practitioners of meditation can be invited to radiate loving-kindness(metta)to the dying person to ease his suffering. In their absence , you too can do it by yourself,then to the sick person. You may mentally use words like . “ May you be well and happy. May you be free from suffering, May you be healthy. May you be at peace.” Feel the peaceful metta from your heart envelop and penetrate the heart of the sick person. Feel the vibrations that come with the loving-kindness enveloping the sick person’s body. တ၇ားဘာဝနာရှုပွားလေ့ရှိသော် ဓမ္မမိတ်ဆွေများကို ဖိတ်ခေါ်၍ သေခါနီးလူနာခံစားနေရသော ဒုက္ခဝေဒနာများ သက်သာရာရစေခြင်းငှာ မေတ္တာဓါတ်များ ပြန့် လွှင့်ခိုင်းနိုင်ပါသည်။ ထိုသို့ သော ပုဂ္ဂိုလ်များ မရှိလျှင်လည်း သင်ကိုယ်တိုင် ထိုအလုပ်ကို ပြုလုပ်ပေးနိုင်ပါသည်။ လူနာအနီးတွင် သက်သက်သာသာအနေအထားဖြင့် ထိုင်၍ ပထမ မိမိကိုယ်ကိုယ်မိမိ မေတ္တာပို့ ပါ။ ထို့ နောက်လူနာကို ထိထိေ၇ာက်ေ၇ာက် မေတ္တာပို့ ပါ။ သင်သည် စိတ်ထဲမှ အောက်ပါ စကားလုံးများကို ရွတ်ဆို၍ မေတ္တာပို့ ၇ပါမည်။ လူမမာကို အာရုံစိုက်၍ .. သင်သည်ကျန်းမာချမ်းသာပါစေ။ ခံစားနေ၇သော ဒုက္ခ၀ဋ်ဆင်းရဲမှ လွတ်မြောက်ပါစေ။ သင်ကျန်းမာေ၇းကောင်းမွန်လာပါစေ။ သင်၏နှလုံးစိတ်ဝမ်းငြိမ်းအေးပါစေ။.. ဟု မေတ္တာလွှတ်ပေးပါ။ သင်၏ နှလုံးသား၌ ငြိမ်းအေးသော မေတ္တာဓါတ်ကို ခံစားလာရသည့်အခါ လူနာ၏ နှလုံးသားအတွင်းသို့ လွှမ်းခြုံ၍ ဖောက်ထွင်းဝင်ေ၇ာက်သွားပါလိမ့်မည်။ ထိုမှတဆင့် မေတ္တာဓါတ်နှင့်အတူ ရရှိလာသော မေတ္တာလှုင်းများသည်လည်း လူနာ၏တစ်ကိုယ်လုံးသို့ လွှမ်းခြုံသွားသည်ကို ခံစား၇ပါလိမ့်မည်။ 10. Helping someone who is not a Buddhist . If the dying person belongs to another religion or has little faith in the Budddha sasana, encourage him to have faith, to pray , to have positive thoughts,etc. In accordance with his religious beliefs and practices. Do not try impose your own beiefs to convert him as this may give rise to confusion,disturbing emotions or negative thoughts in the mind of the dying . If the person has no religion, but seems to be openminded,you can try to talk about the Dhamma, for example ,about loving-kindness and compassion, about the truth of impermanence ,about the Four Noble Truths,etc. You can try to talk about the Buddha, taking refuge in the Triple Gem,etc. But be sensitive; don’t be aggressive,otherwise the person could react negatively. If the person has no interest in religious or spiritual matters, find ways to talk to him so that he can be free of anger, attachment,fear ,etc, and have a positive ,peaceful state of mind. ဗုဒ္ဓဘာသာဝင် မဟုတ်သော လူနာတစ်ဦးတစ်ယောက်အား ကူညီစောင့်ရှောက်ခြင်း အကယ်၍ သေခါနီးလူနာသည် ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ အခြားသောဘာသာဝင် တစ်ယောက် သို့ မဟုတ် သာမာန် မိရိုးဖလာ ဗုဒ္ဓဘာသာ ၀င် တစ်ဦးဖြစ်ခဲ့သော် ၄င်း၏ ဘာသာေ၇း ယုံကြည်မှုများ၊ လေ့ကျင့်အားထုတ်မှုများအရ ကောင်းမြတ်သော အတွေးအခေါ် များ ဖြစ်ပေါ်လာအောင် ယုံကြည်မှုတိုးပွားလာအောင် အားပေးတိုက်တွန်းပါ။ တိုက်တွန်းအားပေးနေသူ၏ ဘာသာသို့ ပြောင်းလဲယုံကြည်လာအောင် မကြိုးစားပါနှင့် ။ အကယ်၍ ထိုသို့ ပြုလုပ်ခံပါမူ သေခါနီးလူ၏ စိတ်ထဲတွင် စိတ်ရှုတ်တွေးမှု၊ စိတ်ခံစားလှုပ်ရှားမှုတွေ အနှောက်အယှက်ဖြစ်လာနိုင်ပါသည်။ လူနာသည် မည်သည့် ဘာသာတရားများကိုမှ ကိုးကွယ်သူ မဟုတ်ဘဲ အမှန်တရား များကို သာ လက်ခံထားနိုင်မည့် စိတ်ထား ရှိသူဖြစ်ခဲ့ လျှင် ထိုသူအား ဗုဒ္ဓတ၇ားတော်များကို ပြောပြနိုင်ရန်ကြိုးစားပါ။ ဥပမာ။ မေတ္တာတရား အကြောင်း၊ ဂရုဏာတရားအကြောင်း၊ အနိစ္စသဘော၊ သစ္စာ၎ပါး စသည်တို့ ဖြစ်ပါသည်။ ဗုဒ္ဓဘုရားရှင်၏ အကြောင်း၊ ဘုရားတရားသံဃာ ရတိာ၃ပါး၏ အရိပ်မှာ ခိုလှုံဖို့ အကြောင်းတွေကို ပြောပြပါ။ သို့ သော်လည်း သတိထား၍ လူနာနားဝင်အောင် ညင်ညင်သာသာအောင် ပြောပြဖို့ လိုပါသည်။ ကိုယ်ဖြစ်စေချင်သည်ကိုသာ ဇွတ်တိုက်တွန်းလျှင် ထိုလူနာသည် အတွေး အာရုံများ မှားယွင်းသည့်ဘက်သို့ေ၇ာက်သွားနိုင်ပါသည်။ ထိုသူသည် နာမ်သဘောတရားများကို စိတ်ဝင်စားမှုမရှိလျှင် ဒေါသသဘော၊ တွယ်တာမှုသဘောတို့ ကို လွယ်လွယ်နှင့် သဘောပေါက်အောင် စိုးရိမ်ကြောက်ရွံ့ မှုစသည်များကို မထားရှိ၇န် နည်းလမ်းများရှာဖွေ၍ ပြောပြလျှင် ထိုသူမှာ ငြိမ်းအေးသော စိတ်အခြေအနေရရှိနိုင်ပါသည်။

174 Views | 2 Comments | Share with Friends | Recommend
<<Previous 1 2 3 4 Next >>
http://maythetwin.multiply.com http://venuottamasara.multiply.com