Journals
Saturday,Dec 8 2007, 06:51:04 PMဆူနာမီဆရာတော် ဦး
ကိုယ့်ကိုကိုယ် တန်ဖိုးမထားနဲ့ မျှော်လင့်နေရင် ဒါတန်ဖိုးထားနေတာ။ ဒါ ဦးဇင်းတို့ အဲဒီစိတ်နဲ့ ဘာသာစုံနဲ့ပေါင်းနေတာ။ တိရစ္ဆာန်တွေနဲ့လည်း ဒီလိုပဲ ပေါင်းတာပဲ။ ခွေးကကိုယ်ကို သူငယ်ချင်းလို့ သဘောထားရင် ကိုယ်က သူငယ်ချင်းပဲ။ သူအလို ဖြည့်ပေးလိုက်တာပဲ။ သူကျေနပ်သွားတော့ တူသောအကျိုးဆိုသလို ကိုယ့်အလို ဖြည့်တဲ့လူနဲ့ပဲတွေ့တာပဲ။ သူများအလိုဖြည့်ရင် ကိုယ်ကလည်း အဲဒီလောကထဲ ရောက်သွားတာပဲ။ ကိုယ်က တရားအားထုတ်ရင် တရားလောကထဲရောက်သွားသလိုပေါ့။ အရက်သောက်ရင် အရက်သမား လောကထဲ ရောက်သွားသလို ဘိန်းရှုရင် ဘိန်းစားလော ကထဲရောက်သွားသလို အများအကျိုးဆောင်ရွက်ရင် အများအကျိုးဆောင်ရွက်တဲ့ လောကထဲရောက်သွားတာပေါ့။ ကိုယ်ကျိုးကြည့် တဲ့လောကထဲ မှာ ဒီလောကကြီးကို မစွန့်လို့ ဒုက္ခရောက်နေတာ ၊ အပြန်အလှန် ကိုယ်ကျိုးကြည့်ရင်နဲ့ ကိုယ်လည်းငတ် သူလည်း ငတ် ကိုယ်လည်းသေ သူလည်းသေ ၊ ဘောလုံးသမားတွေလို အပြန်အလှန်ကိုယ်ကျိုးကြည့်နေတော့ ကိုယ်လည်းရှုံး သူလည်းရှုံးပဲ လက်ဝှေ့သမားတွေလို ကိုယ်နိုင်ဖို့သာကြည့်နေတော့ ကိုယ့်အတွက် ကြည့်တဲ့သူအချင်းချင်း ပြိုင်နေရတာ ဆိုင်နေရတာ လုနေရတာ ယှက်နေရတာ။ အဲဒီလောကကြီးကို ကိုယ်ကစွန့်လွှတ်ခြင်း အလုပ်ကိုလုပ်လိုက်ရင် အဲဒီလောကထဲမှာ အဲဒီလောက ထဲက ထွက်သွားတာပဲ စွန့်လွှတ်တဲ့လောကရောက်သွားတော့ သူကကိုယ့်အကျိုးကြည့် ကိုယ့်ကသူ့အကျိုးကြည့်ဆိုတော့ ကိုယ့်အကျိုးကို ကြည့်စရာမလိုတော့ဘူး။ ကိုယ်က သူများအကျိုးကိုဆောင်ရွက် သူများက ကိုယ့်အကျိုးကို ဆောင်ရွက်ဆိုတော့ ကိုယ့်အကျိုးကို ဆောင်ရွက်နေစရာမလိုတော့ဘူး။ သီလဆောက်တည်တော့ ဥပုပ်သည်တွေ ကြားထဲကို ရောက်သွားသလိုပေါ့။ ဘုန်းကြီးဝတ်တော့ ဘုန်းကြီးတွေ ကြားထဲ ရောက်သွားသလိုပေါ့။ ကိုယ့်က လုပ်ဖို့ပဲလိုတာပဲ။ ပုတီးစိပ်ရင် ပုတီးသမားတွေ ကြားထဲ ရောက်သွားသလိုပေါ့ ။ပစ္စည်းလိုရင် အလှူရှင်တွေ ကြားထဲရောက်သွား သလိုပေါ့။ ကျောင်းတတ်ရင် ကျောင်းသားတွေ ကြားထဲ ရောက်သွားသလိုပေါ့။ ကိုယ်ပြုလုပ်တဲ့အတိုင်း ကိုယ်ကံကြမ္မာကို ကိုယ်ဖန်တီးနေတာ။ ကိုယ့်ဘ၀ဇာတ်ညွန်းကိုယ်ရေးနေတာ။ ကိုယ် အပူသည်ဇာတ်ကို ကိုယ်ခင်းတာ ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးတာ ကိုယ်ကံကြမ္မာဆိုးလည်း ကိုယ်ဖန်တီးတာပဲ ကိုယ့်ကောင်းတဲ့ကံ တွေကိုလည်း ကိုယ်ဖန်တီးတာပဲ။ ဆေးဝါးအားကိုးတဲ့ လူအချင်းချင်း ဆေးရုံမှာ လာဆုံကြတာပဲ။တရားအားကိုးတဲ့သူအချင်းချုင်း ရိပ်သာမှာဆုံတာပဲ။ လက်နက်ကိုင် အချင်းချင်း စစ်မြေပြင်မှာ ဆုံကြတာပဲ။ ကိုယ်ပြုလုပ်တဲ့ အကြောင်းတရားက အကျိုးပေးနေတာ။ အကျိုးပေးမကောင်းတာ အကြောင်းတရားမကောင်းလို့ အကျိုးပေးကောင်းတာ အကြောင်းတရားကောင်းလို့ ဘာမှဖြစ်ချင်နေလို့ ဖြစ်လာမှာ မဟုတ်ဘူး။ အကြောင်းလုပ်မှ အကျိုးပေါ်မှာ ဖြစ်ချင်မှုဆိုတာ သိပ်လွယ်တာပေါ့ အချောင်လမ်းကတော့ သိပ်လွယ်တာ ပေါ့။ အချောင်လမ်းလိုက်နေလို့ ဒုက္ခရောက်နေတာ။ ပူစရာမရှိတဲ့ လမ်းကိုလိုက်ထားမှ ပူစရာမရှိဖြစ်မှာ ဘယ်လိုမှ သဘောမထား တဲ့ သဘောကိုသာ ထားနေပါ။ ဘာမျှော်လင့်ချက်မှ မထားပါနဲ့တော့။ မျှော်လင့်ချက် သံသရာကြီးကို ရပ်ပစ်လိုက်ပါ။ ဘယ်တော့မှ အဆုံးမရှိတဲ့ ဖြစ်ချင်မှု သံသရာကြီးကို အဆုံးသတ်ပေးပါ။ ဆက်ဖြစ်ခွင့်မပေးပါနဲ့။ သဘောထားပြောင်းပါ။ ခံယူချက်ပြောင်းပါ။ ဘယ်လိုမှ မခံယူပါနဲ့တော့။ ကိုယ့်ကိုကိုယ် ဘယ်လိုမှ သဘောမထားပါနဲ့တော့။ ရေလိုပဲပေါ့ ကိုယ့်ကိုကိုယ် ဘယ်လိုမှ သဘောမ ထားတော့ သောက်ချင်သောက်၊ ချိုးချင်ချိုး၊ ဆေးချင်ဆေး၊ သွန်ချင်သွန်၊ ဘယ်လိုလုပ်လုပ် အပူကင်းနေသလိုပေါ့။ကိုယ့်ကိုကိုယ် ဘယ်လိုမှ သဘောမထားတော့ ရေက မရှိမဖြစ်ဖြစ်နေသလိုပေါ့။ လူမျိုးဘာသာမရွေး အားလုံးနဲ့ ပေါင်းလို့ရနေသလိုပေါ့။ လူမမာပဲ လို့ သဘောထားရင် ဆေးရုံနဲ့ပဲပေါင်းရလိမ့်မယ်။ ဆေးဝါးတွေနဲ့ပဲ ပေါင်းလို့ရလိမ့်မယ်။ ဒါကလွဲရင် ပေါင်းစရာမရှိဘူး။ စိတ်ထဲမှ ဘယ်လိုမှ သဘောမထားနဲ့။ သဘောထားတွေကိုစွန့် အဲဒါအားလုံးနဲ့ပေါင်းလို့ရတယ်။ အဲဒါ အများအကျိုးဆောင်ရွက်တာပဲ။ အများအကျိုးဆောင်ရင် ကိုယ့်လိုအင်ဆန္ဒတွေ အကုန်ပြည့်ရော အများကျေနပ်အောင်လုပ်ရင် အများကလည်းကိုယ့်ကို ကျေနပ် အောင်ပဲ လုပ်လိမ့်မယ်။ အများကို မကျေနပ်အောင်လုပ်လို့ အများရဲ့ မကျေနပ်မှုကို ပြန်ပြီးခံနေရတာ အများအကျိုးကြည့်ရင် အများက ကိုယ့်အကျိုးကြည့်လိမ့်မယ်။ ကိုယ်ကျိုးကြည့်နေရင် ကိုယ့်အကျိုးကိုယ်ကြည့်နေရင် ဘယ်လိုမှ ပြည့်စရာမရှိဘူး။ တစ်ယောက်အကျိုး တစ်ယောက်ကြည့်နေရင် ပြည့်စရာမရှိဘူးပေါ့။ အများအကျိုးကြည့်လိုက်ခြင်းအားဖြင့် အများက တစ်ယောက် အကျိုးကြည့်ရင် ပြည့်တယ်။ အများက တစ်ယောက်အလိုဖြည့်ရင် ပြည့်တယ်။ တစ်ယောက်အလို တစ်ယောက်တည်း ဖြည့်နေရင် မပြည့်ဘူး။ အချိန်နည်းနည်းပဲကျန်ပါတယ် ကြိုးစားပြီးတော့မှ စွန့်လွှတ် ၊ စိတ်ထဲမှာ သဘောထားတွေကို စွန့်လွှတ်၊ ဒါလေးက တရားပဲ။ လောကကြီးပြောင်းသွားတာပဲ။ ကိုယ်ကတရားအားထုတ်လိုက်တော့ ကိုယ်မိတ်ဆွေတွေက တရားသမားတွေပဲ ဖြစ်လာသ လိုပေါ့။ ကိုယ်ကျောင်းတတ်တော့ ကိုယ်မိတ်ဆွေတွေက ကျောင်းသူ ကျောင်းသားတွေပဲဖြစ်လာသလိုပေါ့။ ကိုယ်စီးပွားရေးလုပ်ရင် လည်း ကိုယ့်မိတ်ဆွေတွေကလည်း စီးပွားရေးသမားတွေကြီးပဲ။ အဲဒါ အကြောင်းအကျိုးပဲ။ ကိုယ်ဘယ်လိုမှ သဘောမထားရင် ကိုယ် အပေါ်မှာ ဘယ်လိုမှသဘောမထားတဲ့လူကြီးပဲ။ ဘာတွေ ညာတွေ သဘောထားနေလို့ အထင်သေးစရာလို့ ချစ်စရာလို့ မုန်းစရာ လို့ ကြောက်စရာလို့ သဘောထားနေလို့ ပြဿနာတတ်နေတာ။ ဘယ်လိုမှ သဘောမထားရင် ဘာပြဿနာမှ တတ်စရာမရှိဘူး။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာ အသိဉာဏ်ကို ပြုပြင်ပါ။ အလေ့အကျင့်ပြုလုပ်ပါ။ ဒါခဏသဘောထားနိုင်ရင် ဘယ်လိုမှ သဘောမထားနိုင် ရင် ဘာမှ မျှော်လင့်မနေရင် ခဏအပူကင်းတယ်။ မျှော်လင့်ချက်အမြဲကင်းနေရင် အမြဲအပူကင်းနေတယ်။ မျှော်လင့်နေရတာ ပင်ပန်းတယ်။ ဖြစ်ချင်နေရတာ ပင်ပန်းတယ်။ ဆင်းရဲတယ်။ ဘာမှန်းမသိတာ ပင်ပန်းတယ်။ ဆင်းရဲတယ်။ ဘာမှမဟုတ်တာကို သိနေတာ ကိုယ့်ကိုကိုယ် ဘာမှမဟုတ်မှန်းသိနေတော့ ဘာမှမဟုတ်တာတော့ ဖြစ်သမျှ အကောင်းကြီးပဲ။
Saturday,Dec 8 2007, 02:10:54 AMဘာမှမဟုတ်ဘူးNOTHING
အလောဘ ဆိုတဲ့ ငြိတွယ်မှုကင်းဘ.ို အဒေါသ ဆိုတဲ့  ဖြစ်သမျှကို လက်ခံနိုင်ဘို့ ။့ ပူလဲလက်ခံနိုင်ရမယ် ဘာမှမဟုတ်ဘူးဆိုပြီး။ အေးလဲ လက်ခံနိုင်ရမယ် ဘာမှမဟုတ်ဘူးဆိုပြီး။ ငြိမ်နေ၊တိတ်ဆိတ်နေတယ်ဆိုလဲ လက်ခံနိုင်ရမယ် ဘာမှမဟုတ်ဘူးဆိုပြီး။ တိတ်ဆိတ်လဲလက်ခံနိုင်ရမယ် ဘာမှမဟုတ်ဘူးဆိုပြီး။ ဆူညံလဲလက်ခံနိုင်ရမယ် ဘာမှမဟုတ်ဘူးဆိုပြီး။ နေလို့ ကောင်းလဲလက်ခံနိုင်ရမယ် ဘာမှမဟုတ်ဘူးဆိုပြီး။ နေလို့ မကောင်းလဲ လက်ခံနိုင်ရမယ် ဘာမှမဟုတ်ဘူးဆိုပြီး။ အဲ့ လိုမှန်မှန်ကန်ကန် သိရမယ်။ (ဘာမှမဟုတ်ဘူးဆိုတာ ဖြစ်ရုံလေး ဖြစ်နေတာပါ။ ငါဖြစ်နေတာ မဟုတ်ဘူး။ဒါကို ငါဘဲ၊ သူဘဲ သိမ်းပိုက်လိုက်ရင် ငါဘာများဖြစ်အုံးမလဲဆိုပြီးတော့မှ ပူပန်မှုတွေ ကြီးလာတော့မယ်။) အမောဟ ဆိုတာက ဖြစ်သမျှဖြစ်ရုံဘဲ ။ဖြစ်သမျှကို မသိမ်းပိုက်တာ အမောဟပါဘဲ။ မောဟရဲ့ ဆန့် ကျင်ဘက်ပါ။ ဖြစ်သမျှ တငါငါနဲ့ သိမ်းပိုက်တာ မောဟပါ။ ငါထိုင်နေတယ်။ ငါလုပ်နေတယ်။ ဘယ်အချိန်ရှိဘီလဲ၊ ဘယ်လောက်ကြာဘီလဲ၊ ဘာဖြစ်တော့မှာဘဲ၊ ဘာကိစ္စ ညာကိစ္စရှိတယ်ဆိုတာတွေကလဲ ငါ..ငါ့ ဥစ္စာ ဆိုတဲ့ အထင်မှားကြောင့် …စိတ်ထဲမှာ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာပါ။ အဲ့ ဒါတွေကို ငြိမ်ဝပ်ပိပြားမှု ဖြစ်အောင်တည်ဆောက်နေတဲ့ စိတ်။ ဒီစိတ်ဘဲ ရှိပါတယ်။ လူမရှိပါဘူး ။ယောဂီမရှိပါဘူး။ ယောင်္ကျား၊မိန်းမ မရှိပါဘူး။ ဗုဒ္ဓဘာသာနံမည်ခံလိုက်ရုံနဲ့ နံမည်ခံဗုဒ္ဓဘာသာဘဲ ဖြစ်ပါမယ်။ဘုရားအစစ်ကို မသိပါဘူး။ ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရား ဘဲသိပါမယ်။ တရားအစစ်ကို မသိပါဘူး ။ ဘုရားဟောတဲ့ တရားတွေဆိုပြီး စကားလုံးတွေဘဲသိပါမယ်။ ပါဋိတော်တွေ၊ ဦးဇင်းဟောတဲ့ တရားဆိုလဲ ဘာမှမဟုတ်ဘူး ဆိုတဲ့  ပညတ် ကိုဘဲ သိပါမယ်။ ဒါလူ့ လောကကို မစွန့် နိုင်လို့  လူ့ လောကထဲက တရားဘဲ သိမယ်။ လူ့ လောကကို စွန့် နိုင်မှ စိတ်၊ စေတသိတ်၊ ရုပ် ၊နိဗ္ဗာန် ဆိုတဲ့ မမြဲတဲ့  သဘာဝတရား၊ မြဲတဲ့ သဘာဝတရားတွေကို သိလာပါလိမ့် မယ်။ ငါ တကယ်ရှိတယ်ထင်နေတာ အ၀ိဇ္ဇာ(အမှန်မသိမှု)။ မရှိတာ မရှိမှန်းသိတာ ၀ိဇ္ဇာ(အမှန်သိမှု)။ မရှိတာမရှိမှန်းသိမှ တကယ်ရှိတဲ့ သစ္စာ၎ပါး အမှန်တရား ကိုရှိမှန်းသိလိမ့် မယ်………….
Friday,Dec 7 2007, 11:52:51 PMတခုတည်းသောမြို့ တ
ဆူနာမီဆရာတော် ဦးဥတ္တမသာရ ဖွင့်လှစ်သော
။
၄၅လမ်းတရားရိပ်သာ၏ လိပ်စာ
အမှတ်၄၅
၄၅ လမ်း
ဗိုလ်တထောင်မြို့ နယ်
၇န်ကုန်မြို့ 
ဖုန်း-၂၉၈၁၉၆
နေ့ စဉ်နံနက်တိုင်း ၈နာရီ၃၀မိနစ် မှ ၁၀နာရီ အထိ ဆရာတော်တရားပေးပါတယ်။ ဆရာတော် သင်ကြားညွှန်ပြတဲ့  အတိုင်း လာေ၇ာက်တရားထိုင်နိုင်ပါတယ်။ တရားဆိုလို့  ပါဋိတွေနဲ့ ဟောခြင်းမဟုတ်ပါ။ အမှန်တရားတွေကို ဆရာတော်ရဲ့  အနတ္တပညာနဲ့  သင်ကြားပေးခြင်းပါ။ နံနက်ပိုင်း ဒီအချိန်တွေ မအားရင် လဲ… မိမိ အားတဲ့  အချိန်လာရောက်နိုင်ပါတယ်။ တနေကုန် တ၇ားအခွေဖွင့် ပေးထားပါတယ်။
လစဉ်၁၀ရက်နေ့ မှ၁၉ရက် တကြိမ်၊ ၂၀ရက်နေ့ မှ၂၉ရက် တကြိမ် တရားစခန်းဖွင့်လှစ်ထားပါတယ် ။မည်သူမဆို အခမဲ့ တရားလာ အားထုတ်နိုင်ပါတယ်။ ၇က်၂၀တင်မကဘဲ မိမိတရားအားထုတ် နိုင်စွမ်းရှိသလောက် အားထုတ်လို့ ရပါတယ်ရှင်။
http://venuottmasara.multiply.com(တော်တော်လေးစုံအောင် uptodate teaching တွေရှိပါတယ်။)
http://www.realenlightenment.org (အင်္ဂလိပ်လိုနဲ့ မြန်မာလိုတရားတွေရှိပါတယ်။)

