The more your mind is empty,the more pure wisdom will appear!
 

Journals

<<Previous 1 2 Next >>

Monday,Jan 28 2008, 05:13:51 PMကိုယ့်လိုအင် ဆန္ဒ

လူတွေက ကိုယ့်ကိုယ်ကို ဘုရားလောက်နီးနီး အထင်ကြီးနေတော့ ကိုယ်ထင်တာကို စွန့် မှာ မဟုတ်ဘူး။ကိုယ်ဟာကိုယ် တရားအားထုတ်လို့ နားလည်သွားကာမှ စွန့် မှာဘဲ။စကားနဲ့ ရှင်းလို့ တော့မရဘူး ဆိုတာ သိတယ်။ အဲ့တော့ ဖြေရှင်းချက်တော့ ထုတ်မနေဘူး။ ထင်ချင်သလို ထင်ဘဲ။ ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ့်ရဲ့ စိတ်တွေနဲ့ ၊ ကာယကံ ၀စီကံ မနောကံ တွေနဲ့  ဖန်ဆင်းနေကြတာ။ ဦးဇင်းရဲ့ ကံကြမ္မာကို သူများဖန်ဆင်းလို့ မရဘူး။ အဲ့ဒီလို နားလည်နေ၇မှာ။ သူ့ ကံကြမ္မာသူဖန်တီးတာ။ ဖန်တီးချင်သလို ဖန်တီး။ သူဖန်တီးတဲ့ အတိုင်း အကောင်း အဆိုးကို သူဘဲ ခံရမှာ။ ဦးဇင်းတို့ ကလည်း ကိုယ်ကံကြမ္မာ ကိုယ်ဖန်တီးတာဘဲ။ ဘာမှမဟုတ်ဘူး ရွတ်ခြင်းအားဖြင့် ကာယကံ ၀ဇီကံ မနောကံ တွေကို စွန့် တာဘဲ။ ကံမဖြစ်ရင် ကြောက်စရာ မရှိဘူး။ အတိတ်က ဖြစ်ခဲ့ တာတေ၊ မသိလို့ မိုက်တာတွေက ကိစ္စမရှိဘူး။ ပစ္စုပ္ပန် မဖြစ်ဘို့ ။ အတိတ်ကတော့ ဘာမှ မတတ်နိုင်ဘူး။ မရှိတော့တာကို ဘာမှ စကားထဲထည့် ပြောစရာ အကြောင်းမရှိဘူး။ ကိုယ်တတ်နိုင်တာက ကံ။ ကာယကံ ၀စီကံ မနောကံ ကိုတော့ ထိန်းလို့ ရတယ်။ မဖြစ်အောင်တားလို့ ရမယ်။ ကိုယ်က သူများကံကြမ္မာကို သွားပြီး ဖန်ဆင်းလို့ မရဘူး။ လမ်းညွှန်လို့ တော့ ရတယ်။ ကိုယ့်ဟာကိုယ်တော့ ဖန်တီးရမှာဘဲ။

- တရားအားမထုတ်ရင် မသုံးတတ်ဘူး။ မသုံးတတ်တော့ လိမ်းဆေးကို သောက်ဆေးလုပ်သလို တလွဲသုံးနေကြတာ။ ပညတ်မပါယ်ရဘူး ဆိုပြီး ကိုယ်လက်ခံထားတဲ့ စိတ်ထဲက ဘုရားကို မဖျက်ရဲဘူး။ မိဘကိုလဲ မိဘလို့ မသတ်မှတ်ဘဲ မနေရဲဘူး။ ကိုယ့်ကိုကိုယ် လဲ ငါ၊ ယောင်္ကျား၊ သားသမီး၊မိန်းမ ယောဂီ ဆိုပြီး စိတ်ထဲက သတ်မှတ်ထားတာကို မဖျက်ရဲဘူး။ အဲ့ဒီလို ပညတ်မပါယ်ရဘူး ဆိုပြီး တလွဲသုံးနေတာ အားထုတ်နေတာ ဆိုတော့ တရားက ဘယ်ရပါ့မလဲ ။

- တိုးတက်တဲ့ နိုင်ငံတွေ ရုပ်ပိုင်းဆိုင်ရာမှာ တဖက်ကမ်းခပ် ကျွမ်းကျင်တာဟာ စိတ်ပိုင်းဆိုင်ရာမှာ သုံးမရလို့ ။ စိတ်ကို နားမလည်၊ မသုံးတတ်တော့ ရုပ်ကို နားလည် နင်းကန်သုံးလုပ်လို့  ရုပ်တဖက်ကမ်းခပ်သွားတာ။ ကြီးကျယ်ချင်တဲ့ စိတ်၊ အထင်ြကီးခံချင်တဲ့ စိတ်က ကိလေသာ။ - နိဗ္ဗာန်က အလယ်မှာဘဲ ရှိတယ်။ နိဗ္ဗာန်ကို အလယ်လမ်းက သွား၇တာ။ သစ္စာလေးပါးက ဘယ်အစွန်းမှာမှ မရှိဘူး။ အလယ်မှာဘဲ ရှိတယ်။ သတ္တ၀ါ အနန္တက အစွန်းရောက်နေလို သစ္စာမသိတာပေါ့။ ဘာစွန်းညာစွန်းတွေေ၇ာက်နေလို့ ။စိတ်က အစွန်းေ၇ာက်နေလို့ ။လူကတော့ မရှိတဲ့ လူကို စကားထဲ ထည့်မပြောပါဘူး။ စိတ်က ဘာတွေညါတွေကို ရှောင်နိုင်ရင် မဉ္ဇိမပရိပယာ အလယ်လမ်း။ အစွန်းမှန်းမသိတဲ့ အစွန်းက ကြောက်စရာကောင်းပါတယ်။ လူတွေသတ်မှတ်တဲ့ အစွန်းက ထင်သာမြင်သာတဲ့ အစွန်းဆိုတော့ အစွန်းလွတ်ဖို့ လွယ်ပါတယ်။ အရာ၇ာတိုင်းကို ကိုယ်သိချင်တာတွေဘဲ ဒီအလုပ်နဲ့ သာရှင်းလိုက်။ ဘာတွေညာတွေ ရှောင်တဲ့ စိတ်ကိုသာ ဆောင်လိုက်။ အဲ့ ဒီဘာမှ မဟုတ်တဲ့ စိတ်က အ၇ာရာကို ရှင်းသွားမယ်။ ကိုယ့်လိုအင် ဆန္ဒတွေ အကုန်ဖြည့်ပေးသွားလိမ့်မယ်။

- သုမေဓာ ရှင်ရသေ့ဘ၀မှာ ဘု၇ားဖြစ်ဖို့ ဗျာဒိတ်ရတာတောင် လေးသင်္ချေ ကမ္ဘာတသိန်းဆိုတော့ ဘယ်လိုလက်ချိုးရေလို့ ရမလဲ။ အဲ့ တော့ အချိန်ကို ဂရုစိုက်မနေဘဲ လုပ်စရာရှိတာသာလုပ်နေလိုက်။ အလုပ်နဲ့ ဘဲ ဘုရားဖြစ်သွားတာ။ ဟိုကြွားဒီကြွားနဲ ၊ ဟိုကြုံးဝါးဒီကြုံးဝါးနဲ့ ဘုရားဖြစ်သွားတာ မဟုတ်ဘူး။ စွန့် လွှတ်တဲ့ အလုပ် ကိုယ့်ရဲ့ စိတ်ကို ဆန့် ကျင်တဲ့ အလုပ်ဘဲ။ ကိုယ်ကျိုးမကြည့်ဘဲ အများအကျိုးကြည့်တဲ့  အလုပ်ကိုသာ တစိုက်မတ်မတ်လုပ်ရတာ။ သူများမထားနိုင်တဲ့ သဘောထားကို ကြိုးစားပြီး မဖြစ်မနေထားရတာ။ အဲ့တော့ အလုပ်ဘဲ ဘယ်လောက်ကြာတာတွေ မကြာတာတွေ ကိစ္စမရှိဘူး။ လုပ်စရာရှိတာတွေကို ဘယ်လောက်ကြာကြာ ဂရုမစိုက်ဘဲ လုပ်ရဲတဲ့  သတ္တိလိုတာ။ တရားအားထုတ်တော့ အဲ့ ဒီသတ္တိရှိသွားတယ်။ အချိန်ကို ဂရုမစိုက်တော့ဘူး။ ပိုက်ဆံတွေ ရာထူးအာဏာတွေ ဘယ်နေရာ၊ ဘယ် အချိန် ဆိုတဲ့ သတ်မှတ်ချက်တွေကို စိတ်က ဂရုမစိုက်ဘဲနေတော့ time free ဖြစ်သွားတယ်။ အချိန်စွဲ နေရာစွဲ ပြုတ်သွားတယ်။ နေရာစွဲ မပြုတ်လို့ နေရာရွေးနေရတာ။ အချိန်စွဲ မပြုတ်လို့ ဟိုရွှေ့ ဒီရွှေ့ ရွှေ့ နေရတာ။ အလုပ်စွဲ မပြုတ်လို့ ဟိုလုပ်ဒီလုပ် လုပ်နေရတာ။ ပုဂ္ဂိုလ်စွဲ မပြုတ်လို့ ဘယ်သူ ဘယ်ဝါရွေးနေရတာ၊ ရှုတ်နေရတာ။ အရာရာကို တရားနဲ့ ရှင်းမှရတယ်။ ဦးဇင်းတို့ လူမမာတောင် တရားနဲ့ ရှင်းတာဘဲ ။ ဆေးရုံသွား တရားဘဲ ဟောပေးတာဘဲ။ လောကီအသိနဲ့ တော့ နေမကောင်း ဆေးသောက်ရမယ် ဆေးခန်းသွားရမယ် ဒီထုံးတမ်းစဉ်လာကို ချိုးတာဘဲ။ တရားဘဲ အားထုတ်။ တရားခွေ ဖွင့်ပေးခဲ့ ဒါဘဲ။ ဦးဇင်းကတော့ ဘာမှ မလုပ်တတ်ဘူး။ လုပ်တတ်စရာလဲ မလိုဘူး။ ဘာလို့ လဲဆိုတော့ တရားကလုပ်တတ်နေတော့ ကိုယ်က ဘာမှလုပ်စရာမလိုဘူးပေါ့။ အနတ္တစိတ်ကဘဲ သူ့ ဟာနဲ့ သူ လမ်းညွှန်သွားတာ သူ့ ဟာနဲ့ သူလုပ်သွားတာ။ ဒါထုံးတမ်းစဉ်လာကို ချိုးရဲအောင် လေ့ကျင့်ပေးတာ။ ဆေးရုံတက်ပြီ ဆိုကတည်းက ဆရာဝန်ဆေးဝါး အားကိုးလို့ ပေါ့။ ဆေးရုံက လူကိုတောင် တရားဘဲ အားကိုးခိုင်းတာ။ ဆေးကသောက်သောက် မသောက်သောက် ကိစ္စမရှိဘူး။ တရားလုပ်ဖို့ ဘဲ။ ဘာမှမလိုဘူး။ မှန်တော့ သတ္တိရှိတာပေါ့။ ထုံးတန်းစဉ်လာတွေ ဘာတွေ နားမလည်ဘူး။ ထုံးတန်းစဉ်လာကြောင့် ဒုက္ခရောက်နေတာ။ အရာရာ တရားဘဲ။

- ကိလေသာ ဆိုတာလဲ ဘာထင်ညာထင် ဘယ်နေရာ ဘယ် အချိန်အခါ ဘယ်သူ ဘယ်ဝါ သိနေတာ။ အဲ့ ကိလေသာကို လက်မခံနဲ့ ။ဘယ်လိုမှ မထင်မိစေနဲ့ ။ အချိန်မခွဲနဲ့ ။ ဘယ်နေ့ ဘယ်ရက် ဘယ်ဘ၀ ညာဘ၀ ဆိုရင် အချိန်ခွဲဘီ။ ဘယ်သူဘယ်ဝါ ဆိုရင် ပုဂ္ဂိုလ်ခွဲနေဘီ။ ဘယ်နေရာ ညါနေရာဆိုရင် နေရာခွဲနေဘီ။ ဘာတွေညါတွေ ဆိုရင် တခုခု ခွဲနေဘီပေါ့။ အဲ့ဒီ ခွဲတဲ့ အလုပ်ကို မလုပ်နဲ့ ။ စွန့် လွှတ်တဲ့ အလုပ်ကိုသာ လုပ်။ မခွဲတဲ့ အလုပ်။ခွဲတဲ့ အလုပ်၊ စွန့် လွှတ်တဲ့ အလုပ် ဘာမှ မဟုတ်တဲ့ အလုပ်ကိုသာ အစွမ်းကုန် ပြုလုပ်ပါ။ အလုပ်က ရှင်းသွားမယ်။ ဒီလိုလုပ်ရဲဘို့ ဘဲ။ အ၇ာ၇ာ ကို ဒါနဲ့ သာရှင်း။ ဘာမှ မရှင်းနိုင်တာ မရှိဘူး။ တငါငါနဲ့ သာရှင်းရင် ဘယ်တော့မှ တကယ်မရှင်းဘူး။

Friday,Jan 11 2008, 02:43:18 PMAttached to word True LOVE

If form/death , then attachment is to form/death. Life is Birth and death .Attached to life and death .Celebrating Birthdays means enjoying birth . Attachment ofBirth/death make birth enjoyable . Even death becomes enjoyable except nearest relatives .Even Death of sanga become a celebration. For a gambler , other people's death is his opportunity . ..Birthday means enjoyment of birth . Death means enjoyment of death . That is why I daren't use any names . If named , attached to names. No names means NOTHING . If knowledge of form and death persists , attachment to form/death persist . I was the same. Even in death , Death like Bogyoke Aung San is better than being alive .. It is attachment to form /death. If still attached to death , Death would surely come .I f form/death , then attachment would persists Therefore , NOTHING . In NOTHING , no place to craving and attachment to hide. Craving and attachment is like disease. If there is blood , Leukaemia , Heart , Heart disease and Computer , computer virus . If there is something , Craving and attachment would occur . Only safety is in NOTHING .That is why NOTHING .Don't accept anything .If anything is accepted , then attachment and craving would occur . Even attachment and craving can occur to words which are not real . If used to word form/death , then you would think only FORM/Death is Dhammam Without Form/Death , you would not accept as DHAMMA . This is attachment to words . Leave alone Reality . God is only a word but attachment to it occurs . Obseesion occurs .Attachment and Craving is very powerful.If just words, attached to words. Truth as a word, then atrtached to this word . Attached to word True LOVE , then look for true love . If desire to love is there, it is not TRUE LOVE . It would never be found.If needed to be created , it is not TRUE LOVE . Loving kindness arises from giving up. If True , no need to be changed . If True Goodness , No need to go bad . True Love , no need for Hatred. True bliss is free from suffering . People don't know Truth .Truth is looked for. Truth would never be found . If still looking , never would be found . It is the characteristics of Craving and attachment . If there is bone , will be .Would be contented with words happily biting the bone . If hope , attached to hope . Attachment cannot occur to NOTHING . Disease cannot occur alone . Disease need to be attached to something . Liver disease to liver . Mad cow disease to cow. Needed to be rely on something . Craving doesn't have its own quality . Attachment would die if nothing to rely on . So NOTHING means cutting off attachment . Knowledge of something is allowing attachment and Craving dictating you .

Friday,Jan 11 2008, 01:38:41 PMအချစ်စစ်ဆိုတဲ့စက

လူ့ဘ၀ကြီး မွေးလိုက်သေလိုက်ဘဲ ။ မွေးနေ၊ သေနေရတာကို သဘောကျနေတာပေါ့။ အဲ့ ဒါကြောင့် မွေးနေ့ တွေကျင်းပနေတာပေါ့။ မွေးနေရတာကိုသဘောကျနေတာပေါ့။ မွေး၊သေရှိရင် မွေးတာကို သဘောကျမယ်။ သေတော့လဲကိုယ့်မိသားစုက လွဲရင် ကျန်တာတွေက (ဘုန်းကြီးပြန်တောင်မှ ပျော်ပွဲ၊ရွှင်ပွဲတွေ ကျင်းပလို့ ၇သလိုသေတာကို သဘောကျနေပြီ။ ဘာလို့ လဲဆိုတော့ ကိုယ့်အတွက်တော့ ပျော်စရာဖြစ်တာကိုး..).သူများသေသွားတော့ ကိုယ်ဖဲရိုက်လို့ရတယ်ဆိုတာက ဖဲသမားတွေအတွက်ကတော့ သေတာကို ပျော်စရာဖြစ်တာကိုး.. ။ မွေးနေ့ဆို၇င်မွေးနေ၊ သေနေရတာကို သဘောကျနေလို့ .. သေတယ်ဆိုတာကလည်း သေတာကို သဘောကျနေပြန်ရော ဒါကြောင့် ဦးဇင်းက ဘာပညတ်မှ မတပ်ရဲတော့ဘူး။ တပ်လိုက်ရင် အဲ့ ဒါတွေကို သွားငြိမှာစိုးလို့ ။ ဘာပညတ်မှ မတပ်တာကိုဘဲ ဘာမှမဟုတ်ဘူးလို့ ပြောပါတယ်။ လူ့  လောကကြီးမှာ နာ၇ီ၊ မိနစ်၊ စက္ကန့် ၊နေ့၊ရက်၊လ၊ နှစ်တွေ အမျိုးမျိုးဖြစ်ပြီး အမျိုးမျိုးပျက်နေတာ .. အဲ့ဒါတွေကို သိနေတော့ ဖြစ်ပျက်ကို သိနေတာ ။ေ၇ာဂါတွေ အမျိုးမျိုးဖြစ်နေတာ။ နံမည်ကြီး ဇာတ်ကောင်တွေ အမျိုးမျိုးပေါ်ပေါက်လာတာတွေ။ ပြီးတော့ အကုန်ပျောက်ကုန်တာဘဲ ။အဲ့ ဒါဖြစ်ပျက်ဘဲ။ အဲ့ လိုသိနေ၇င် အဲ့ ဒါကိုငြိနေတာ။ ဦးဇင်းတို့ လဲ ငြိခဲ့ တယ်။ သေရတာချင်းအတူတူ..ဗိုလ်ချုပ်အောင်ဆန်းလို နံမည်တစ်လုံးနဲ့ သေရတာဟာ အသက်ရှင်ရတာထက်မြတ်သေးတယ်. ဒါဟာ ဖြစ်ပျက်ကို သဘောကျတာပါဘဲ ။ ဒီလို သေချင်ရင် ဒီလိုသေအုံးမှာဘဲ။ ဖြစ်ပျက်ဆို၇င်တော့ ငြိအုံးမှာဘဲ။ အဲ့ တော့ဘာမှမဟုတ်ဘူး.. ဘာတွေ၊ညာတွေ မဟုတ်ဘူး။ ဘာမှမဟုတ်တော့ တဏှာက ဘယ်ချောင်မှ ကပ်စရာမရှိဘူး။.တဏှာဆိုတာ ရောဂါလိုဘဲ ။ သွေးရှိတော့ သွေးကင်ဆာ၊ နှလုံးရှိတော့ နှလုံးရောဂါ၊ computer ရှိတော့ virus ဆိုတာပေါ်လာတာပါဘဲ ။ တဏှာကတော့ ရှိရင် လိုက်ပြီးတော့မှ တွယ်ကပ်နေမှာဘဲ ။ ခွေးရှိတော့ ခွေးသန်း၊ ခွေးရူးေ၇ာဂါတွေ၊ အိမ်ရှိတော့ အိမ်မြှောင်။ ၇ိပ်သာရှိတော့ ယောဂီရှိသလို။ ယောင်္ကျားရှိတော့ မိန်းမရှိသလို . ရှိတာကို လိုက်ပြီးတော့မှ ငြိတွယ်မှာဘဲ… ဘာမှမရှိမှ တဏှာ အန္တ၇ာယ်က ကင်းမယ်။.ဒါကြောင့်ဘာမှမဟုတ်ဘူး။ ဘာကိုမှ လက်မခံခိုင်းဘူး။ ဘာတွေညာတွေ လက်ခံ၇င် ဘာတဏှာညာတဏှာတွေ ဖြစ်နေပြီ။ စကားလုံးတောင် တဏှာဖြစ်ပါတယ်ဆို… စကားလုံးဆိုတာ တကယ်ရှိတာ မဟုတ်ဘူး။ ဖြစ်ပျက်ဆိုတဲ့ စကားလုံး ကြားပါများတော့ ဖြစ်ပျက်မှ တရားဖြစ်ရော…. ဖြစ်ပျက်မဟုတ်ရင် တရားမဟုတ်တော့ဘူးဖြစ်ရော.. ဒါဟာစကားလုံးကို တဏှာဖြစ်တာပေါ့။ ပရမတ်တော့မပြောနဲ့  ။ ထာဝရဘုရားဆို စကားလုံးဘဲ ရှိတာဘဲ .. အဲ့ဒီ စကားလုံးကိုဘဲ တဏှာဖြစ်နေပြီ။ အရူးအမူးစွဲလမ်းနေပြီ။ တဏှာက သိပ်ကြောက်စရာကောင်းတယ်။ ဘာမှမရှိရင်..စကားလုံးဘဲ ရှိရင် စကားလုံးစွဲပြီ။ အမှန်တရားဆိုတဲ့ စကားလုံးရှိတော့ အမှန်တရားဆိုတဲ့ စကားလုံးကြီးစွဲပြီး အမှန်တရားကို လိုက်ရှာတယ်။ အချစ်စစ်ဆိုတဲ့ စကားလုံးကြီးစွဲပြီး အချစ်စစ်ကို လိုက်ရှာတယ်။ ဘယ်တော့မှ မတွေ့ ဘူး။ ချစ်ချင်နေရင် ဒီအချစ်က မစစ်ဘူး။ လုပ်ယူတဲ့ အချစ်ကမစစ်ဘူး။ စွန့် ယူတဲ့ မေတ္တာကမှ စစ်ပါတယ်။စစ်တယ်ဆိုတာ ဘယ်တော့မှ ပြောင်းစရာမရှိဘူး။ အကောင်းစစ်ဆို၇င် ဆိုးစရာမရှိဘူး။ အချစ်စစ်ဆို၇င် မုန်းစရာမရှိဘူး။ ချမ်းသာစစ်ဆို၇င် ဆင်းရဲသွားစရာမရှိဘူး။ အမှန်တရားဆိုရင် လူတွေကဘာမှန်း မသိဘူး။ အမှန်တရားရှာနေတာဘဲ။ တွေ့ လဲ မတွေ့ဘူး။ ရှာနေရင် ဘယ်တော့မှ မတွေ့ ဘူး။ တဏှာက အဲ့ ဒီလိုဘဲ ၊ အရိုးရှိရင်အရိုးကိုက်မှာဘဲ ။ စကားလေးကြားနေရရင် ဒီစကားလေးကို ကျေနပ်နေမှာဘဲ ။ မျှော်လင့်နေရ၇င် မျှော်လင့်ရတာကို ငြိနေမှာဘဲ ။ ဘာမှမရှိတော့မှ တဏှာကလဲ သူ့ ဟာနဲ့ သူ ရပ်တည်နိုင်တဲ့ စွမ်းရည်မရှိဘူး။ ရောဂါချည်းဘဲ သက်သက်ရပ်တည်လို့ မရဘူး။ တခုခုကိုမှီပြီးတော့မှ ရောဂါဖြစ်၇သလို အသဲကို မှီပြီးတော့မှ အသဲရောဂါဖြစ်၇သလို ။ နွားကို မှီပြီးတော့မှ နွားရူးရောဂါဖြစ်၇သလို။ မှီပြီးတော့မှ ဖြစ်ရတာ။ ကိုယ်ပိုင် စွမ်းရည်သတ္တိမရှိဘူး။ အဲ့ဒါကြောင့် မှီစရာ မရှိရင် တဏှာသေတာဘဲ ။ အဲ့ဒါကြောင့် ဘာမှမဟုတ်ဘူးဆိုပြီးတော့မှ တဏှာကို သတ်တာဘဲ ။ စိတ်ကဘာဘဲ ညာဘဲသိနေရင် တဏှာကို အလိုလိုက်နေတာဘဲ။

Tuesday,Jan 8 2008, 07:26:23 PMအမှန်တရားအသိဥာဏ်

လုပ်လေရှုပ်လေနဲ့  ရှင်းမရတာက လောကီအလုပ်။
လုပ်လေရှင်းလေနဲ့  ချမ်းသာတာက လောကုတ္တရာတရားအလုပ်။
မသိ မတရားရှောင်ဖယ် ၊ အသိ တရားဆောင်မယ်။ လောဘ၊ဒေါသ၊မောဟကိလေသာအမှောင်ထုကို ဖြိုခွင်းမယ်။ အမှန်တရားအသိဥာဏ် မဂ်ဖိုလ်အလင်းရောင်ကိုဆောင်မယ်။
အမှောင်ကိုခွင်း၍ အလင်းကိုဆောင်ဖို့  အပူတွေသိမ်း၍ ငြိမ်းအေးစေဖို့ ၊
တငါငါနဲ့ အရှုပ်တွေကြားက ရှင်းရှင်းနေနိုင်စေဖို့ ၊ တငါငါနဲ့ အစွဲတွေ ကြားက လွတ်မြောက်စေဖို့ ၊ အမှားတွေပျောက်၍ အမှန်ရောက်စေဖို့ ၊ မသိတာဇာတ်သိမ်း၍ အမှန်သိဥာဏ် ကိုယ်ပိုင်ရစေဖို့  သံသယကင်း၍ အမြင်ရှင်းစေဖို့  ၊ အမှားကို အမှားမှန်း၊ အမှန်ကို အမှန်မှန်း၊ ဒုက္ခအစစ်ကို ဒုက္ခအစစ်မှန်း ၊ ဒုက္ခဖြစ်ကြောင်း အစစ်ကို ဒုက္ခဖြစ်ကြောင်းအစစ်မှန်း၊ ချမ်းသာအစစ်ကို ချမ်းသာအစစ်မှန်း၊ ချမ်းသာစေကြောင်း အကျင့်တရားစစ်ကို ချမ်းသာစေကြောင်း အကျင့်တရားစစ်မှန်း ပိုင်ပိုင်နိုင်နိုင်သိစေဖို့ အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ ။

အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ သစ္စာအလုပ်ပေးတရားပွဲ

(နေ့ စဉ်နံနက်၉နာရီမှနံနက်၁၀နာရီ၃၀မိနစ်)
အမှတ်၄၅
၄၅ လမ်း(YMCAအနီး)
ဗိုလ်တထောင်မြို့ နယ်
၇န်ကုန်မြို့ 

မိမိဘ၀၏ အဆုံးမရှိသော ဒုက္ခများ အဆုံးသတ်စေဖို့  အတွက် မည်သူမဆို အချိန်ရလျှင်ရသလို မဖြစ်မနေ လာရောက်ကြည့်စေလိုပါ၏။ အမှားအမှန် ၊ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေကို ကိုယ့်ဟာကိုယ်ထိုးထွင်းမသိနိုင်ကြတဲ့  ပုထုဇဉ်(အ၀ိဇ္ဇာစုံလုံးကန်း) တွေကိုမှားမှန်၊ကောင်းဆိုး၊ကြောင်းကျိုးပိုင်းခြားသိတဲ့ ၀ိဇ္ဇာဥာဏ်အလင်းရောင်ရစေဖို့ အတွက်။
       ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်၊ လူမျိုးတစ်စု ဘာသာတစ်ခုအတွက် မဟုတ်၊ လူမျိုးတစ်စု၊ လူမျိုး၊ ဘာသာ၊ ကျားမ၊ အသားအရောင်၊ ကြီးငယ်မရွေး မြန်မာတစ်ပြည်လုံး၊ တစ်ကမ္ဘာလုံးသက်ရှိအားလုံး၏ အကျိုးစစ်အတွက်။
    လောဘ၊ဒေါသ၊မောဟ မတရားမဟုတ်တဲ့  ၊ အလောဘ၊အဒေါသ၊အမောဟ တရား သက်သက် ကိုသာဖြန့် ချီနေတဲ့ ။ စိတ်ရူးပေါက်ပြီး ယာယီ ထလုပ်ခြင်း မဟုတ်၊ စိတ်ရူးကို သတ်ပြီး ဘာဆိုဘာကိုမှ မငြိတွယ်ဘဲ လုပ်သင့်တာကိုသာ အမြဲလုပ်တဲ့  ၊ အချိန်ပြည့် ရာနှုန်းပြည့် ကိုယ်ကျိုးရှာနေသူတွေကြားထဲက ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား၊ ကိုယ်ကျိုးစွန့် လွှတ်ပြီး အချိန်ပြည့် ရာနှုန်းပြည့် အများအကျိုးဆောင်ရွက်နေတဲ့ ၊ အမြဲမပြတ်ပြုပြင်အကြောင်းကြောင့်  တစ်မျိုးပြီးတစ်မျိုး ဆက်ကာဆက်ကာ ဖြစ်ပေါ်နေတဲ့ အကျိုးသင်္ခါရတရား၊ စိတ်၊စေတသိက်၊ရုပ်၊ ခန္ဓာငါးပါး၊ သဘောပ၇မတ်တို့ ကို ငါ၊ငါ့ဟာဟူသော အထင်မှားဖြင့် သိမ်းပိုက်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေကြသူ သံသရာ့ခ၇ီးသည် (၃၁)ဘုံသားအားလုံး၏ သင်္ခါ၇နယ် ၊သင်္ခါရဒုက္ခမှ လွတ်မြောက်ခြင်း ချမ်းသာအစစ်(အသင်္ခတ၊နိဗ္ဗာန်)ကို မှန်မှန်ကန်ကန်၊တိတိကျကျ လမ်းညွှန်ပြနေတဲ့အားလုံးအတွက်
အ၀ိဇ္ဇာမှဝိဇ္ဇာသို့တရား အလှူတော်လုပ် ငန်း

    ၇ိပ်သာမ၀င်၊ တရားပွဲမသွားနိုင်သေးလည်း ကိစ္စမရှိပါ။ အသိဥဏ်ရှိသော လူသားတိုင်း အိုးမကွာ၊ အိမ်မကွာ၊ အချိန်အခါ၊ နေရာမရွေး၊ သွားလာနေထိုင် လုပ်ကိုင်ရင်း တရားရနိုင်ဘို့ အတွက် မိမိကျင်လည်နေထိုင်သော လက်တွေ့ ဘ၀ထဲမှာပဲ တရားကို အထိေ၇ာက်ဆုံး အသုံးချအားထုတ်နည်းအပါအ၀င် မှန်ကန်သောအကြောင်း အကျိုးရှင်းပြချက် သစ္စာအမှန်တရား အသိဥာဏ် များဖြင့် ပေါင်းစပ်တင်ပြသော တစ်ကမ္ဘာလုံးဆိုင်ရာ ဖြစ်၇ပ်မှန်မှတ်တမ်း VCD,DVD အချပ်များကို တစ်ကမ္ဘာလုံးသို့ ဖြန့် ချီပေးဝေနေပါ၏။ အမည်၊နေရပ်လိပ်စာ နှင့်အတူ စပေါ်ငွေ (၅၀၀)ကျပ် ပေးထားသူတိုင်းအား တရားစာအုပ်အချို့ ကို ပေးလှူပြီး တရားခွေ (သို့ ) VCD(သို့ ) DVD(၄ချပ်) ကို တစ်ကြိမ်လျှင် (၁၄)၇က် ကြာအောင် အခမဲ့ ငှားရမ်းပေးလျှက် ရှိပါ၏။ မိမိအလိုရှိသော ၊ လက်ဆင့်ကမ်းကုသိုလ်ပြုလှူဒါန်းလိုသော VCD,DVD အချပ်များကိုလည်း အချပ်လွတ်ဈေးအတိုင်း အဆင်သင့်ေ၇ာင်းချလျက်ရှိပြီး မိမိအိမ်တွင်း၌ အလွယ်တကူ၊ အဆင်ပြေပြေ တရားနာ၊ တရားအားထုတ်ပြီး တရားရနိုင်ကြစေလိုသောစေတနာဖြင့်  VCD,DVD အချပ်များနှင့် အတူ VCD,DVD စက်များကိုပါ မြန်မာတစ်ပြည်လုံးသို့  ပို့ ခမယူဘဲ အရောက်ပေးပို့  ဖြန့် ချီရောင်းချပေးလျှက်ရှိပါသည်။

လုပ်ငန်းဖွင့်ချိန်- နေ့ စဉ်နံနက်၁၀နာရီမှ ညနေ၆နာရီထိ(ပိတ်ရက်လုံးဝမရှိ) ဘ၀ရှိနေသည်ဟု အထင်မှားနေသူတိုင်း ရင်ဆိုင်နေရသော ရှင်သန်ခြင်း ဒုက္ခနှင့် သေခြင်းဒုက္ခမှ လွတ်မြောက်စေဖို့ အတွက် အမှန်တရားအသိဥာဏ်ဆူနာမီဓမ္မလှိုင်းကြီးများမပြတ်ထုတ်လွှင့်ရာ

အ၀ိဇ္ဇာမှ ၀ိဇ္ဇာသို့ တရားအလှူတော်လုပ်ငန်း
အမှတ်၄၅ (၄လွှာ)
၄၅ လမ်း(YMCAအနီး)
ဗိုလ်တထောင်မြို့ နယ်၊၇န်ကုန်မြို့ ။

137 Views | 2 Comments | Share with Friends | Recommend

Friday,Jan 4 2008, 12:07:55 PMReal Education

Education in human society is only temporary. If you don’t keep studying, what you put in your memory will soon be forgotten. Meditation is the real education because the truth we come to understand is eternal. To practice we do nothing, and by doing nothing the peace comes naturally, the freedom comes naturally. By knowing nothing, wisdom appears naturally, never to disappear again. Because it came from nature automatically, it is permanent.
By meditating, wisdom will appear more and more fully, [always increasing]. If you read a book written about 4 noble truths or if you listen to my teachings, you will understand only while you are listening. After some time, your understanding will disappear; it is impermanent. If you meditate, the understanding through wisdom that appears in you does not depend on me or on you - it doesn’t depend on what is impermanent so it doesn’t disappear.
This wisdom will begin to appear only when you can abandon your effort – in other words, your ego
. Doing without effort is doing without ‘I’, which means accepting and surrendering to nature. We are breaking the limitation of 'I' by staying simply with the emptiness of nature. On the other hand, doing with ‘I’ is going against nature – it is breaking the natural law of emptiness of self. So, by taking ourselves to be ‘I’, we are breaking the natural law and we suffer because of it. We lose our freedom and take on the endless responsibilities of a man. A man has everything to like, dislike, worry and think about. The idea of a man is only a creation of mind (not an eternal God), everything mind creates is only an illusion. So meditation is destroying the false creations of mind, destroying the limitations caused by accepting the mind as ‘mine’. In reality, there is no mine in mind, knowing this is wisdom.
        The wisdom, which understands there is no I ,will appear in whoever follows this method exactly. It’s only cause and effect, if you make the right cause, the desired effect will surely appear, it can't go wrong. If there is no effect, you are making the wrong cause; which means you are not following the method exactly. It has nothing to do with who you are, how old you are, or which religion you believe in.  The appearance of wisdom will be the benefit for whoever makes the right cause.
 I made many causes to change my life and that’s why my life changed forever. If you are in doubt you are making the wrong cause, if you are hoping for the result you are making the wrong cause. Thinking and being interested are also the wrong causes - which result in suffering instead of wisdom. [Ironically] the only right cause is trying to make no other cause than to do and know nothing. This means, not accepting anything that appears, which is the result of the wrong causes we have made previously. So, practically, we must accept ourselves as nothing (empty of ‘I’) and [let] our mind rest in the moment, moment after moment after moment. This is stopping the mind’s work, or, protecting the mind to be free of action/doing. In this way, our mind can live without making the wrong causes of thinking, hoping for the future, revisiting the past, and being busy in present. Mind will become mind only.
“If you accept knowing something [it is making the wrong cause]; the effect will be something to know will appear endlessly. And along with it, there will be a person [‘I’] who misunderstands that something to exist. In this way, ‘I’ will always be suffering, always being busy with the non-stop [appearance of] endless things to do and thing to know. On the other hand, knowing of nothing is removing the cause of all suffering, because for nothing there is nothing to do or know, it is complete in itself.
     Not accepting anything is the cause we have to make, and as a result, the wisdom of emptiness will appear. The appearing of this wisdom is the cause of freedom, the cause of purity of mind, of a peace of mind that can never be imagined by the ego – or ‘I’. The liberation we get by meditating depends on nothing that’s why it is permanent, because nothing can only be nothing. That is why the happiness, freedom, and liberation we get from knowing nothing is permanent. We have nothing to take care of; nothing to do to protect our peace of mind.
 
“With [the misunderstanding of] 'I', there are endless to do, endless things to think about, to be seen and heard. Because of this misunderstanding, we are always busy; busy with nonsense. Because of non-enlightenment, people will never get freedom, they will always be busy misunderstanding 'I' to be real.  So we must practice meditation with the idea of nothing … because freedom appears when knowing nothing is happening.

<<Previous 1 2 Next >>
http://maythetwin.multiply.com http://venuottamasara.multiply.com