Journals
Thursday,Jun 11 2009, 07:06:14 AMမေတ္တာလက်နက်
မေတ္တာလက်နက်ကိုင်ပါ။ အမျက်ဒေါသ ရှိတဲ့သူအပေါ်ကို မေတ္တာနဲ့  အနိုင်ယူပါ။ တကယ်မေတ္တာထားတတ်လာရင် ဘယ်ရန်သူမှ ကြောက်စရာ မလို တော့ဘူး။ ကိုယ့်ကို ရန်မူမဲ့ရန်သူဆိုလည်း တယောက်ယောက်က ကာထားပေးသလို ကိုယ့်ကို မမြင်ဘူး။ မြင်သော်လည်း ကိုယ့်ကို အန္တရာယ်ပေးလောက်တဲ့အထိ မဖြစ်ဘူး။ နူးညံ့ပျော့ပျောင်းစွာလာတဲ့ ရေအလျဉ်ဟာ ခက်ထန် ကြမ်းတမ်းတဲ့ ကျောက်တုံး ကျောက်ခဲတွေကို သဲမှုန်လေးတွေ အဖြစ် တစစီဖြစ်အောင် တိုက်စား ပါတယ်။ သူတော်ကောင်းတွေ၇ဲ့ နူးညံ့ပျော့ပျောင်းတဲ့  မေတ္တာအပြည့် နှလုံးသားဟာလည်း ခက်မာကြမ်းတမ်းတဲ့  မသူတော်တွေကို နူးညံ့သိမ်မွေ့ ပြီးတော့ လိမ်မာ ယဉ်ကျေးနိုင်စွမ်း ရှိသွားတတ်တယ်။
ပူလောင်သော မီးပုံမီးခဲ အနားသို့ မည်သူမျှ မကပ်ချင်သကဲ့သို့ ဒေါသကိလေသာရှိသူ၊ ဒေါသကြီးသူ အနားသို့ မည်သူမျှ မကပ်လိုကြပေ။ ဂူတစ်ဂူထဲတွင် ခြသေ့င်္နှစ်ကောင် မအောင်းသကဲ့သို့ ဒေါသရှိသော ပုဂ္ဂိုလ်၊ ဒေါသကြီးသော ပုဂ္ဂိုလ်၏ သန္တာန်တွင် မေတ္တာဓါတ် မကိန်းပေ။ ဒေါသထွက်ခြင်း ဆိုသည်မှာ လွယ်ကူသော အရာဖြစ်သည်။ တိရစ္ဆာန်များသည်လည်း လွယ်လွယ်ကူကူပင် ဒေါသထွက်တတ်ကြသည်။ ပြဿနာတစ်ခုကို မေတ္တာနှင့် ပြေလည်အောင် ဖြေရှင်းတတ်မှ သာလျှင် အမှန်တရားကို ရှာဖွေတွေ့ ရှိနိုင်ပေမည။်
ကိုယ်က ဓါးအားကိုးရင် ဓါးနဲ့ ပတ်သက်တဲ့ သူတွေနဲ့ တွေ့ လိမ့်မယ်။ ကိုယ်က မေတ္တာလက်နက် အားကိုးရင် အားလုံးကို မေတ္တာထားရင် ကိုယ့်လိုပဲ မေတ္တာ ထားတဲ့ သူတွေနဲ့ တွေ့ ၇လိမ့်မယ်။ ဆန့်ကျင်ဖက်တွေနဲ့ ဝေးသွားလိမ့်ပါမယ်။ မေတ္တာခြုံ၇င် အလုံခြုံဆုံးပါ။ ဒေါသ ဖြစ်ပြီ ဆိုတာနဲ့ ငါဟာ မေတ္တာသမား၊ ဒေါသသည် မေတ္တာနှင့် ဆန့်ကျင်ဖက်ဟု နှလုံးသွင်းကာ ချက်ချင်း ဖယ်ထုတ်လိုက်ပါ။ အားလုံးကို မိမိစိတ်ချမ်းသာသကဲ့သို့ စိတ်ချမ်းသာအောင် ကိုယ်ချင်းစာ တရားနဲ့ စွမ်းဆောင်နိုင်ပါစေ။ ပုထုဇဉ်ဘ၀တွင် မိမိသိထားနေနှင့်သော ကိုယ်ချင်းစာတရားက ဘာမှမဟုတ်သေးပါဘူး။ မိမိသန္တန်ထဲ တရားရှိလာသည့်အချိန်မှ မိမိနှလုံးသား အတွင်းက လာတဲ့နားလည်မှုမျိုးနဲ့ ကိုယ်ချင်းစာတရားနဲ့ မေတ္တာထားသွားနိုင်မှာပါ။ မိမိကိုလည်း ဒေါသ လာထွက်ရင် မကြိုက်သလို သူများကိုလည်း ဒေါသ သွားမထွက် နိုင်အောင် ကြိုးစားပါ။ သူတပါးလည်း ကြိုက်မည်မဟုတ် သောကြောင့်ပင်။
အတိတ် ဘ၀ အဆက်ဆက်က ဒေါသ အာဃာတတရား အရမ်းကြီးခဲ့ သောပုဂ္ဂိုလ်များဟာ ဖြစ်လေရာ ဘ၀တိုင်းမှာ အရုပ်ဆိုးတယ်။ ဖြစ်လေရာ ဘ၀ဆက်တိုင်းမှာ ဒေါသပါးပြီး မေတ္တာပွားခဲ့သော ပုဂ္ဂိုလ်များဟာ ဘယ်ဘ၀ရောက်ရောက် ဘ၀ဆက်တိုင်းမှာ ရုပ်ချောပါတယ်။ သနပ်ခါး ၊မိတ်ကပ်လိမ်းစရာ မလိုပါ။ အခုဘ၀ မေတ္တာပွားတဲ့ ပုဂ္ဂိုလ်များဟာ မျက်နှာ သိပ်ကြည်လင်ပါတယ်။ သူတို့ကို ကြည့်ရင် စိတ်ထဲမှာ အေးပြီး ဘာနဲ့မှ မတူနိုင်ပါဘူး။ သိသာပါတယ်။ သူတို့နဲ့ ပေါင်းရတာ တကယ့်ကို စိတ်ချမ်းသာပါတယ်။ လူတွေဟာ အများအားဖြင့် အရမ်းအလှကြိုက်တတ်ကြပါတယ်။ အထူးသဖြင့် မိန်းခလေးတွေဆို ပိုပါတယ်။ တကယ်လှချင်ရင် မေတ္တာသာပွားကြရင် တကယ့် အေးမြတဲ့ အလှ အစစ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

