Gifts
You can be the first to send me a gift!
Send me a gift now!
Albums
-
lann htwat nay thaw myanmar models myar
(16 photos)
Profile
Basic
Personal
- About me:Simple
- Language:Skynet
- Interests:Travel to pretty place
- Clubs & Organizations:Mars
- Favorite books:yalotpahlot
- Favorite music:Ribulit
- Favorite movies:Bye Bye Jupiter
- Places I've Traveled To:WaterWorld
- I'm looking for:Friends
Journals
Sunday,Apr 30 2006, 07:44:29 AMthis is copy from
ြ
| Rapper များနှင့် ပြန်ဆိုတေးရှင်များ ဒါဖတ်ကြည့် .... ဟေ....ဟေ | Apr 12, 2006 1:48 AM |
ကည့်လုပ်ကြပါဦးဗျာ.......
ကယ်ကြပါဦးဗျာ......
သွားပါပြီဗျာ...........
မှောက်လျှက်လဲပါပြီဗျာ.....
နားကားပါပြီဗျာ....
ခါးစောင်းပါပြီဗျာ......
ကူညီမဲ့သူ မရှိကြတော့ဘူးလားဗျာ......
ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလားဗျာ.......
ကောင်းကြသေးရဲ့လား အရပ်ကွယ်တို့......
မြန်မာ့ဂီတလောကကြီး ရေစုန်မျောပါပြီ ....
ကျုပ်ကတော့ မြန်မာပြည်မှာ လူဖြစ်စောသလား၊ နောက်ကျသလား မသိတော့ပါဘူး။
ကျုပ်လူဖြစ်တဲ့ အချိန်ကျမှပဲ တိုက်ဆိုင်လွန်းအောင် မြန်မာပြည်မှာ Rapper တွေ ခွေးလေခွေးလွင့်တွေလို ပေါ်လာရတယ်ဗျ..
အဖေနဲ့ အမေရေ .....ဒီကောင်တွေ သေမှ ကျုပ်ကို မွေးကြပါလားဗျာ.....
အခုတော့ ဒီကောင်တွေက ဒီဂျေစက်တစ်လုံး စင်ပေါ်တင်ပြီး အဓိပါယ်မရှိ၊ ကာရံမဲ့၊ သီချင်းမဖြစ်တဲ့ စာသားတွေနဲ့ မြန်မာ့ ဂီတလောက ကြီးကို ဖျက်ဆီးနေလိုက်ကြတာ....တွေးကြည့် ၇င်လေးစရာ၊ ရင်နာစရာ ......
Producers တွေကလည်း စီးပွားရေးတစ်ခုကြည့်ပြီး ဘာဖြစ်လို့ Show တွေကို Rap ဦးစားပေးကျင်းပပေးနေတာလဲ
ဂီတလောကကြီး ပျက်စီးအောင် ဖျက်ဆီးနေတဲ့ သူတွေကိုအားပေးတဲ့နေရာမှာ ဂီတအကြောင်းပြပြီး စီးပွားရေးလုပ်စားနေတဲ့
Producer တွေ ရှေ့ဆုံးက.....ခင်များတို့ ထုတ်သမျှခွေတွေ အမြတ်ပေး ၀ယ်နေတာ မြန်မာပြည် က ပရိတ်သတ်ကြီးနော်...ခွေးတောင်မှ ထမင်းကျွေးတဲ့လက်ကို ပြန်မကိုက်ဘူး...... ခင်များတို့က ကိုက်တယ်၊ ခွေးလောက်တောင် အဆင့်မရှိဘူး...အလကားရတဲ့ အဆိုတော်တွေနဲ့ ဖြစ်သလို အခွေတွေ ထုတ်နေတာ ပရိတ်သတ်ကို စော်ကားတာပဲ.....
Rapper ဆိုတဲ့ကောင်တွေက ရုပ်ကလေးဗန်းပြ၊ လင်တရူးနေတဲ့ ကောင်မလေးတွေကို မြူဆွယ်၊ ဂီတနားမလည်တဲ့ ပရိတ်သတ်အတုတွေနဲ့ သံချပ်တွေကို ဒစ်စကိုဖွင့်ပြီးဆို၊ ဒီလိုနဲ့ပဲ ဟစ်ဟော့ဆိုတာ ဖြစ်ရော့လား........
အောင်မယ်လေး Mg King တို့တောင်မှ ဆိုတတ်သေးရဲ့....ပိုက်ဆံမရှိလို့ Rapper မဖြစ်တာ၊ ရုပ်ကလည်း မချောတော့ မလွယ်ဘူးပေါ့နော်.....တကယ်တော့ Rapper ပရိတ်သတ်ဆိုတာ ကောင်မလေးတွေ အများဆုံး၊ ရုပ်ချောမှ ပရိတ်သတ်ရှိမယ်ပေါ့......
အရင်တုန်းက အောင်မြင်ခဲ့တဲ့ အဆိုတော်ကြီးတွေရဲ့ သီချင်းတွေကို ဖြစ်သလို ပြန်ဆိုပြီး Solo တီးပြီဆိုရင် မိုက်ခွက်ကြီးကိုင်ပြီး Rap စာသားတွေကို ဆိုဖို့ နောက်တစ်ယောက်က အဆင်သင့် ချောင်းနေတာ....သီချင်းတွေ သူတို့ဖျက်မှ ပျက်တော့တာပဲ...ကောင်းတာ တစ်ခုမှ မကျန်တော့ဘူး၊ စောက်ရှက်လည်း မရှိကြဘူး.....
သီချင်းမဆိုတတ်ပဲ အဆိုတော်အမည်ခံတဲ့ ကောင်တွေ....Rapper တွေ.....သီချင်းသူခိုးတွေ.....မင်းတို့လောက်ဆိုတတ်ရုံနဲ့ အဆိုတော်ဖြစ်ရင် မြန်မာပြည်မှာ အဆိုတော်တွေ ရိုက်သတ်လို့တောင် မကုန်ဘူး.....ဟား....ဟား..ဟား.....
မောင်ကင်းတို့က ပိုက်ဆံမရှိလို့ Rapper မဖြစ်တာနော်....ယုံလား ?
တစ်ရက်တစ်ခွေ ပြီးအောင်ထုတ်လို့ရတဲ့ ဟစ်ဟော့ စီးရီးတွေ......အဆိုတော် အသစ်တွေရဲ့ တစ်ပုဒ်တလေ ပေါက်လာတဲ့ သီချင်းလေးတွေ သွားကရော...... ( မြန်မာ DJ များ၏ အကောင်းစား REMIX ) တဲ့......အုတ်ကာအူးတာ ဆိုတဲ့ များများတီးရင် များများပိုက်ဆံရတယ်ဆိုတဲ့ Player တစ်ယောက်ကြောင့် ရေစုန်မျောရော.....သူများသီချင်းတွေ တောင်းပြီး
အကောင်းစား REMIX တဲ့...... မောင်ကင်းတို့က နာမည်အသစ်ထပ်ပေးလိုက်မယ်
တဏှာ DJ များ၏ သူတောင်းစား REMIX ဟဲ..ဟဲ...ဟဲ ဘယ်လောက်ကောင်းသလဲ....
အဲဒီ အထဲမှာ ALEX ဆိုတဲ့ ကောင်ကပါသေး....ကိုယ့် မရှိမဲ့ရှိမဲ့ Quality လေးကို မထိန်းဘူး.....မောင်ကင်းတို့ ဆယ်တန်းကျောင်းသားဘ၀တုန်းက ALEX ရဲ့ သီချင်းလေးတွေ အားပေးခဲ့ရရဲ့....ကိုယ်ပိုင်သံစဉ်တွေနဲ့ လူငယ်အဆိုတော်လေးပေါ့......အခုတော့ ဒင်းက အကောင်ကြီးလေ အချိန်မစီးလေပဲ...သူများသီချင်း အကုန်လျှောက်ဆို...
Rဇာနည် ဆိုတဲ့ကောင်က တစ်မျိုး....မင်းဘယ်လိုင်းေ၇ာက်လို့ ဘာကိုရွေးမှာလဲ.....အဲဒီလို ပေါက်ကရ ပိုက်ဆံရ ပြီးရော ဆိုတဲ့ မင်းလိုကောင်တွေ Iron Cross လို ၀ိုင်းထဲမှာတော့ မင်းကြည့်ရတာ ဒေါင်းယောင်ဆောင်တဲ့ ကျီးလိုပဲ...မျက်နှာငယ်ကလေးနဲ့ .....ဒါပေမဲ့ မသနားမိဘူး.....မင်းဘ၀ မင်းဖျက်ဆီးတာပဲ။...............
မောင်ကင်းတို့ မြန်မာပြည်မှာတော့ ဆွမ်းဆန်ထဲ ရောထားတဲ့ ကြွက်ချီးတွေကြောင့် ဆန်ဝယ်တာတောင် စိတ်မသန့်တော့ဘူး
သီချင်းသန့်သန့်လေးတွေ နားထောင်ချင်ရင် အရင်တုန်းက ခွေအဟောင်းလေးတွေပဲ ရှာရတော့တယ်.....နောက်ခွေတွေက
ကြွက်ချီးရောထားတာတွေ.....တကယ်...တကယ်...တကယ်...တကယ်...
ကဲ.....မောင်ကင်းရဲ့ ရင်တွင်းက ခံစားချက်တွေကို စာဖွဲ့လို့လည်း ဆုံးတော့မယ် မထင်ဘူး...
ဒီလို ခံစားချက်တွေကို လွတ်လပ်စွာ ၇င်ဖွင့်ခွင့်ရတဲ့ Planet Forum ကိုလည်း ကျေးဇူးအထူးတင်မိပါရဲ့.....
ခံစားမှုချင်းတိုက်ဆိုင်ထပ်တူကျတဲ့ ညီအစ်ကိုမောင်နှမတွေကိုလည်း လေးစားပါရဲ့.....
ဆန့်ကျင်ဘက်ဖြစ်နေရင်တော့ ကိုယ့်လမ်းကိုယ်လျှောက်ပေါ့......မောင်ကင်းအပေါ် မေတာတော်ပို့ကြမယ်ဆိုရင်လည်း
မောင်ကင်းတို့က ပြုံးပြုံးလေးပဲ.....ဟဲ..ဟဲ...ဟဲ
ကဲ Rapper တွေရေ....မင်းတို့မသေခင် မောင်ကင်းသေသွားခဲ့ရင် လည်း ၀တ်ကျွတ်တာပေါ့....နောက်ဘ၀ လူပြန်ဝင်စားရင်
လည်း Rapper တွေ မျိုးတုန်းမှ လူဘ၀ပြန်ရောက်၇ပါလို၏ ဘုရား......လို့ မသေခင်ကတည်းက ဆုတောင်းထားခဲ့မယ်နော်..
Oh My God......
မောင်ကင်းနဲ့ စိတ်ခံစားချက်ချင်း တူသောသူများ မောင်ကင်းနဲ့ ခံစားချက်ချင်းဖလှယ်ရအောင်
mgking.planet@gmail.com ကို ကျေးဇူးပြုပြီး ဆက်သွယ်နိုင်ပါတယ်။
မောင်ကင်းရဲ့ Planet Forum မှာ ထောက်ခံမှုအပြည့်အ၀ ဖြင့် Reply ပြန်ကြမဲ့ ဘော်ဒါတွေကိုလည်း ခင်မင်ရင်းနှီးစွာဖြင့် အထူးကျေးဇူးတင်လျှက် စောင့်မျှော်နေပါကြောင်း .......
ဟစ်ဟော့ကို ချီးထက်ရွံ့တဲ့
မောင်ကင်း
all words r copyed from "mg king" topic of planet














4/30/2006 11:37 AM&$W(*&*%