Journals
Saturday,Mar 29 2008, 08:07:50 PMတမ်းချင်း
တစ်နှစ်ကုန်လို့
တစ်နွေပြောင်း
ဟောင်းခဲ့ချိန်ကာလ။
တန်ခူးအတာ
သည်ချိန်ခါ
လွမ်းရတဲ့ဘ၀။
ပိတောက်ပန်းတွေ
တဝေေ၀
ဆွင်းသင်းပျံ့ထုံကြ။
သူများပျော်လို့
မပျော်နိုင်
အလွမ်းတွေနဲ့မှိုင်။
ုငြိမ်းချမ်းပါစေ
အတာရေ
ဆုတောင်းမေတ္တာချွေ ။
မျှော်ကာတမ်းတ
အဝေးက
ကြိတ်မှိတ်မျက်ရည်ကျ ။
အင်္ကြန်နဲ့ဝေး
ပိတောက်ဝေး
မြန်မာပြည့်နဲ့ဝေး
Saturday,Mar 29 2008, 08:01:53 PMသင်္ကြန်ရေဦး
နှင်းကြွင်းနွေဦး ပိတောက်ဖူးတော့
ချစ်ဦးသက်လှယ် မောင်မျက်ခြယ်ကို
ရေဦး လောင်းခွင့် ရှိချင်သည်၊
မလှမပ မောင့်ဘ၀က
ရပ်ဝေးမြေခြား ပင်လယ်တားလို့
ရှိပါစေတော့ ရှိစေတော့
Saturday,Mar 1 2008, 07:12:47 PMသူတို့ ဒီလိုပြော
ဟေ့...မြန်မာဟာမြန်မာပဲကွ၊ မြန်မာဟာ မြန်မာပြည်ကိုချစ်ရမယ်။
မြန်မာဟာ မြန်မာပြည်မှာပဲ နေရမယ်။ မြန်မာပြည်မှာပဲသေရမယ်။
အကြောင်းအမျိုးမျိုးကြောင့် ရေမြေခြားကိုရောက်နေပေမယ့် တစ်နေ့နေ ကိုယ့်နိုင်ငံကို ပြန်ကိုပြန်ရမယ်။
အခွင့်အရေးတစ်စုံတစ်ရာကြောင့် နိုင်ငံခြားသားလုပ်ဖို့ ဘယ်တော့မှစိတ်မကူးလေနဲ့။ ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်

