Journals
Tuesday,Jan 15 2008, 02:36:45 PMကောင်းကင်နှင့်တူ
ကောင်းကင်နှင့်တူသော ချစ်ခြင်းအဖွဲ့အတွက်
ငယ်ငယ်တုန်းကအမေဆူလို့ငိုဖူးစဉ်မှာ
သူငယ်ချင်းကချော့ဖူးခဲ့တယ်။
အရွယ်ရောက်တော့ ရည်စားနဲ့အဆင်မပြေတိုင်းလည်း
သူငယ်ချင်းက ဖျောင်းဖျဖူးတယ်။
လောကဒဏ်က ရိုက်ခက်လို့ စိတ်ဓာတ်တွေကျခဲ့တိုင်းလဲ
သူငယ်ချင်းကအားပေးခဲ့ဖူးတယ်။
စိတ်အဆင်မပြေတိုင်း သူ့ကိုပဲဖွင့်ဟတိုင်ပင်လို့
ငိုကြွေးမိစဉ်တိုင်းမှာ
ငါဟားတိုက်လို့ ရယ်မောအောင် သူအမြဲပဲလုပ်နိုင်ခဲ့တယ်။
ဒီနေ့
ရင်ခုန်သံတွေနဲ့ သူငယ်ချင်းအတွက်ဆိုပြီး
ကဗျာတွေငါဆပ်တော့
လူတော်တော်များများ ငါ့ခံစားချက်တွေနဲ့ ကိုက်ညီနေခဲ့တယ်။
အခုမှငါပိုသိတယ်
သူငယ်ချင်းဆိုတာ လောကကြီးအတွက်လိုအပ်တယ်
လူတိုင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပဲဆိုတာကိုပါ။
အဲ့ဒီတော့ကွာ
မင်းတို့လို သူငယ်ချင်းတွေငါ့မှာရှိနေတာ
ဒိလောကမှာ ငါ..........
လူဖြစ်ရကျိုးနပ်ခဲ့ပါပြီကွာ။
(အချစ်ဆုံးသူငယ်ချင်းများအတွက်)
မိုးထက်

