Gifts
You can be the first to send me a gift!
Send me a gift now!
Albums
-
nawnaw
(6 photos)
Journals
Wednesday,Sep 17 2008, 03:05:30 PMကျေးဇူးရှင်အမိုး�...
ဒီကမ္ဘာာမြေထဲ ငိုကြွေးခြင်းနဲ့စတင်ရောက်လာခဲ့တဲ့ဘ၀မှာ
အမေ… အမေဟာ မချမ်းသာပေမဲ့ တောင်ယာလေးခုတ်.. ခဲတွေထမ်း.. ကျောက်ကပ်လေးထု ခဲတွေဆေးပြီး (မော်ချီး ခဲမဖြူအဖြိုက်နက်သတ္တုတွင်း)
ကျွန်မလိုအပ်တာမှန်သမျှ ဖြည့်စွမ်းပေးတဲ့
‘M’ Millionary ပါဘဲ…
အမေ.. အမေဟာ ကျွန်မစိတ်ပျက်အားငယ်စိတ်သောကရောက်နေတဲ့ အချိန်.. ပူပင်သောကတွေရောက်တဲ့ချိန်မှာ ကန္တာရ ထဲက ‘O’ Oasis လေးလို အေးမြမှုတွေပေးတဲ့အိုအေစစ်လေးပါဘဲ..
အမေ.. အမေဟာကျွန်မဘ၀ရဲ့ပထမဆုံးသော့ အမြဲတမ်းလမ်းပြသွန်သင်မှုကိုပေးတဲ့
‘T’ Teacher ပါဘဲ…
အမေ.. အမေဟာကျွန်မဘ၀ကိုရဲရဲဝံ့ဝံ့ရပ်တည်နိုင်ဖို့ စိတ်ဓါတ်တွေစွမ်းအားတွေ မြှင့်တင်ပေးတဲ့ ‘H’ Hero ကျွန်မရဲ့သူရဲကောင်းကြီးဘဲပေါ့…
အမေ.. အမေ ကျွန်မကိုပြောခဲ့တယ်လေ.. ငါကကားမမောင်းတက်ဘူး နင့်ကိုကားမောင်းတတ်အောင်သင်ပေးရင် .. နင့်သားသမီိးအလှည့်ကျရင်.. လေယာဉ်မောင်းတက်အောင် သင်ပေးရမယ်လို့ …အမေဟာ အသက်၆၀ နားနီးမှ အမေ့နာမည်ကိုစရေးတတ်ပေမဲ့ အမေ့ရဲ့ ဘ၀နဲ့ရင်းပြီး
ရခဲ့တဲ့ဗဟုသုတ အတွေ့ အကြုံတွေနဲ့ နိုင်းယှဉ်ပြောဆိုဆုံးမခဲ့တာတွေကြောင့် အမေဟာကျွန်မ အတွက်တော့
‘E’ Educator ပါဘဲ…
အမေ.. အမေ့ကို က ခ သင်ပေးပါလားလို့ပြောတဲ့အချိန်မှာ ရင်နဲ့မဆံ့ အရမ်းနဲ့ကိုဝမ်းနည်းကြေ ကွဲခဲ့ရပါတယ်… ၀မ်းသာအားရနဲ့ ကရင်စာဖတ်တတ်ပြီဆို ပြီး စာဖတ်တက်ခါစကလေးလေး လို စာတစ်လုံးချင်းစီဖတ်ပြတဲ့အသံကို ကျွန်မဘ၀မှာဘယ်တော့အခါမှ မေ့နိုင်မှာမဟုတ်ပါဘူး.
ဗမာစာကိုလဲတတ်အောင်သင်မယ်လို့ စိတ်အားထက်သန်စွာနဲ့ ပြောတဲ့ ကျွန်မမေမေဟာ အခုဆို အသက် ၆၀ ထဲမှာ ရှိနေပြီလေ..
ကျေးဇူး ဘဲမေမေ.. ဖော်မကုန်နိုင်စွမ်းတဲ့ အမေ့ရဲ့ချစ်ခြင်းမေတာ တွေအလွန်ကြီးမြတ်လွန်း
တယ်.. ဒီဘ၀နဲ့တော့ အမေ့ရဲ့ကျေးဇူးတွေပြန်ဆပ်လို့တော့မကုန်နိုင်ဘူးလေ. အရာအားလုံးအတွက်ကြောင့်အမေဟာ ကျွန်မရဲ့
‘R’ Redoubtable ... လေးစားထိုက်ဆုံးသော တန်ဖိုးရှိဆုံးသောကျေးဇူးရှင် တစ်ပါးပါဘဲ
အမေများအားလုံးချမ်းမြေ့ ပါစေ…
မှတ်ချက် .. ငါကကားမမောင်းတက်ဘူး နင့်ကိုကားမောင်းတက်အောင်သင်ပေးရင် .. နင့်သားသမိးအလှည့်ကျရင်.. လေယာဉ်မောင်းတက်အောင် သင်ပေးရမယ်လို့
အဲ့ဒါက.. အမိုးက သူစာမတက်ဘူး ရာကိုစာတက်အောင်ပညာသင်ပေးနိုင်ရင် .. ရာသားသမီးကျရင်.. ပညာတက်ကြီးတွေဖြစ်ရမယ်ဆိုတာ ဥပမာပေးထားတာ ..
Thursday,Jul 31 2008, 09:58:44 AMသတင်းကောင်း
သတင်းကောင်း
လက်ထပ်ထားတာသိပ်မကြာသေးတဲ့ဇ နီးကခင်ပွန်းသည်အ လုပ်ကပြန်လာ
လို့ အိမ်ရောက်တဲ့ ...
Read More...
Thursday,Jul 31 2008, 09:50:43 AMjoke
အချစ်ဇာတ်ခင်းခြင်း
အမျိုးသမီးနှစ်ယောက်ဟာ ကောင်းကင်ဘုံရဲ့ တံခါးဂိတ်မှာ ဆုံကြသတဲ့....
ပထမအမျိုးသမီး။ ။ ရှင်ဘယ်လိုဖြစ်ပြီး သေခဲ့ရတာလဲ...?
ဒုတိယအမျိုးသမီး။ ။ အေးခဲပြီး အအေးပတ်ပြီး သေခဲ့ရတာ...ဒါနဲ့ ရှင်ရော....? ...
Read More...

















