3,448 Page Views

Get your own countdown at BlingyBlob.com
href="http://www.nackvision.com/myspace/"> href="http://nackvision.com/myspace/links/"> **Create Link Effect**
href="http://www.slide.com/pivot?tt=0&cy=gn&ad=0&id=360287970228743314&map=3" target="_blank"> href="http://www.slide.com/pivot?tt=0&cy=gn&ad=0&id=360287970228743314&map=4" target="_blank">

href="http://www.poqbum.com/" target="_blank">Counter From POQbum.com
Get Your Own! | href="http://www.slide.com/msview/ticker?cid=72057594043279529&cy=ms&tt=16" target="_blank">View Slideshow
REIN ~ ~ ^ _ ^ ~ ~ REIN
 

Status

pay_taytay is z Z Z ..............

Gifts

Awww...I have no gifts.
You can be the first to send me a gift!
Send me a gift now!

Profile

Basic
Personal
Dating
Contact
To get paytaytay's msn, yahoo, aim or icq directly, please upgrade your account to royal membership.
Education

Journals

Friday,Jun 12 2009, 10:57:31 AMွှအွန်လိုင်း

ကျွန်တော့မှာငယ်သူငယ်ချင်းတစ်ယောက်ရှိတရ် .... သူ့နံမည်ကကိုရဲတဲ့ သူအင်တာနက်ကို သုံးလာတာ ၂ဝဝ၃ ခုနှစ်ကထဲကပေါ့ ။ အဲ့ဒီတုန်းကထဲက သူအင်တာနက်ကိုသုံးတာဟာ ကျွန်တော်တို့လို ချက် ဖို့မဟုတ်ဘဲ စကာင်္ပူမှာ ရှိတဲ့သူ့ အကိုနဲ့ မေး(လ်) အဆက်သွယ်ရအောင်ဘဲ အင်တာနက်ကိုသုံးခဲ့တာပါ။ ကျွန်တော်တို့သူငယ်ချင်းတွေ အင်တာနက်ဆိုင်သွားရင် ကိုရဲကို အဖော်ခေါ်သွားတယ် ကိုရဲလိုက်လာတိုင်းလဲ ဘယ်တော့မှမချက်တင် မသုံးဘူး သူ့ဟာသူအမြဲတမ်း ဂိမ်းဆော့ရင်ဆော့ မဆော့ရင် ဝက်ဆိုဒ် တွေဘဲကြည့်တယ် ။ အဲ့လိုသူငယ်ချင်းကို ကျွန်တော်တို့တစ်တွေက ချက်တင်သုံးဖို့စွယ်တိုင်အ မြဲ ညင်းတော့တာဘဲ ငါမိန်းမဆိုရင် ငါ့ရည်းစားငါ့ကိုထားခဲ့ ကထဲကကြောက်သွားပါပြီကွာ ဆိုပြီကွာလို့သာ ပြောလေ့ရှိတယ် ဒါနဲ့ ဘဲကျွန်တော်တို့တစ်တွေ ကိုရဲကို ချက်တင်ထိုင်ဖို့ကို လက်လျှော့လိုက်ကြတယ်။ တစ်နေ့လဲကြရော ကျွန်တော်တို့ အင်တာနက်ဆိုင်သွားတော့ ကိုရဲလဲပါလာတယ် သူကသူ့မိဘတွေဆီက မေး(လ်) ကိုစစ်ဖို့လိုက်လာတာလေ ။ ကံကြမ၊ာလို့ဘဲပြောရမလားတော့  ကျွန်တော်လဲမသိဘူး အင်တာနက်ဆိုင်ထဲမှာ ကျွန်တော်ရယ် ကိုရဲရယ် ရှိတာ အဲ့ဒီမှာအသက် ၁၆နှစ် လောက်ဘဲရှိဦးမဲ့ ကောင်မလေးတစ်ယောက်က ဆိုင်ထဲကိုဝင်လာပြီး ကိုရဲ ရဲ့ဘေးကပ်ရက် စက်မှာဝင်ထိုင်တယ် ကျွန်တော်ကသာသတိထားမိတာပါ ကိုရဲကသိတောင်သိမှာ မဟုတ်ပါဘူး ။ ကောင်မလေးကသူ ဂျီမေး(လ်)အကောင့်ဖွင့်တာ ဖွင့်လို့မရဘူးအကို ဆိုပြီးကိုရဲကို အကူညီတောင်းတော့ ကိုရဲက ကောင်မလေးအကောင့် ကိုဖွင့်ပေးလိုက်တာပေါ့ ။

အဲ့ဒီနောက်ပိုင်ကျွန်တော်ကိုရဲကို သတိထားမိလာတာက အင်တာနက်ဆိုင်ကိုကျွန်တော် တို့ သွားတိုင်းလိုက်လာတော့ တာဘဲ ဘာကြောင့်အရင်တုန်းကခေါ်ရင် တော်ယုံမလိုက်တာ အခုခေါ်တိုင်းပါပါလာရတာလဲ ဆိုတာ ကျွန်တော်သတိမထား မိသေးဘူး တစ်ပါတ်လောက်ကြာတော့ သူကကျွန်တော့ အကောင့်ကို ခဏသုံးမယ်ဆိုလို့ ကျွန်တော့ ဂျီတော့(ပ်) အကောင့်ကို ပေးလိုက်တာပေါ့ သူကမိန်းကလေးတစ်ယောက်ရဲ့ အကောင့် တစ်ခုကို ချက်နေတာတွေ့တယ် အဲ့ဒီနေ့က အင်တာနက်ဆိုင်က ပြန်တော့ ကျွန်တော်တစ်ဦးထဲကို ခေါ်ပြီးလက်ဘက်ရည်ဆိုင်မှာ သူအကောင်ဖွင့်ပေးလိုက်တဲ့ ကောင်မလေးကို တမ်းတမ်းဆွဲ ချစ်နေမိပြီဆိုတာကို ဖွင့်ပြောတိုင်ပင်လာတယ် ။ ကျွန်တော်ကတော့ ကောင်မလေးက အရမ်းငယ်သေးတယ် ၁ဝတန်းတောင် အောင်ဦးမှာမဟုတ်ဘူဆိုပြီး ပြောတော့ အေးသူ၁ဝတန်းဆိုရင်လဲ ငါသူ့ကိုညီမလေးတစ်ယောက်လို စောင့်ရှောက်မယ်ကွာ ညီမလေးတစ်ယောက်လိုဘဲ ၁ဝတန်းအောင်စာရင်းမထွက်မချ င်း သူ့အပ်ါရိုးရိုးသားသား ဆက်ဆံမယ်ကွာ လို့ ပြောတယ်။

ကိုရဲကကျွန်တော့ကိုပြောတဲ့အတိုင်းတကယ့်ကို ၁ဝတန်းမပြီးမချင်း အဲ့ဒီကောင်မလေးကိုညီမလေးလိုစောင့်ရှောက် ခဲ့တာအဲ့ဒီကောင်မလေးကော ကျွန်တော်ကောအသိဆုံးပါ သူတို့ချင်းအပြင်မှာ မှတ်မှတ်ရရ ၁ခါထဲတွေ့ပြီး သူတို့တွေအွန်လိုင်း ချက်တင်ကနေဘဲ စကားတွေပြောကြတယ် သူကစာမေးပွဲနီးတော့လဲ ကောင်မလေးကို အွန်လိုင်းမသုံးဖို့ကို ပိတ်ပင်တယ် ကောင်မလေးကတော့ သူ့ကို ဘလော့ လုပ်ပြီး ချက်တင်လာလာထိုင်တယ် ဒါကိုကျွန်တော်သိပေမဲ့ကိုရဲစိတ် မကောင်းဖြစ် သွားမှာစိုးလို့ ပြန်မပြောပြခဲ့ပါဘူး ( တမလွန်က ကိုရဲ ကျွန်တော့ကိုခွင့်လွှတ်ပေးပါနော် )

ဒီလိုနဲ့၁ဝတန်း ဖြေလို့လဲပြီးရောကိုရဲက ကောင်မလေးကိုတွေ့ခွင့်တောင်းတယ် ကောင်မလေးကလဲတွေ့ခွင့်ပေးခဲ့တယ် ကိုရဲကစာမေးပွဲလဲ ပြီးပြီမှို့ကောင်မလေးကိုဖွင့်ြေ ပာလိုက်တယ် ။ ကောင်မလေးကလဲစာမေးပွဲ အောင်စာရင်ထွက်တဲ့နေ့ရောက် မှ ပေးမယ်လို့ ပြောတော့ကျွန်တော့သူငယ်ချင်းကို ရဲက အိန်ဂျယ်လေးရယ် မင်းကို ၁ဝတန်းနှစ်စကထဲက စောင့်နေရတဲ့လူပါကွာ ကို စောင့်ပါ့မယ် လို့တောင်ပြန်ပြောခဲ့သေးတ ယ်ဗျာ ။ ဒါပေမဲ့ ကံတရားက ကိုရဲကိုမျက်နှသာမ မပေးခဲ့ဘူး စင်ကာပူက သူ့မိဘ နေမကောင်းဖြစ်လို့ သူစင်ကာပူကို လိုက်သွားရတယ် ကောင်မလေးကိုလဲ သူခွင့်တောင်တောင်းပြီးသွားတော့ မှ လိုက်သွားခဲ့ တာပါ ။ ကိုရဲလဲ စင်ကာပူကိုရောက်သွားရော ကိုရဲ ကောင်မလေးကို ဘယ်လိုကောင်ကများသွားပြောလိုက်လဲမသိဘူးဗျာ ကိုရဲစင်ကာပူကိုသွားတာ မဟုတ်ဘူး သူ့မိဘတွေပေးစားမဲ့ ကောင်မလေးကို နယ်မှာသွားခေါ်တာ ပြီးရင်အဲ့ကောင်မလေး မိသားစုနဲ့ ကိုရဲကစင်ကာပူကို လိုက်သွားမှာ ဆိုပြီးသွားပြောတယ် ။

ကောင်မလေးကလဲ အသက်ကငယ်သေးတော့ မစဉ်းစားတတ်ဘူး လွယ်လွယ်ယုံလိုက်တာဘဲ ကောင်မလေးက သူများပြောတာကို ယုံပြီးကိုရဲကို အထင်တွေလွဲ ဖြစ်ချင်တိုင်းဖြစ်ပြီး လူပေါင်းမှားတာပေါ့ ။ သူ့သူငယ်ချင်းတွေခေါ်လို့ ၈လပိုင်း ကသုသဏ၊မှာ ကျင်းပသွားတဲ့ရန်ပုံငွေ ဟစ်ဟော့ ရှိုးပွဲကို သွားကြည့်ရင်းကောင်လေးတစ်ယောက်နဲ့ ရင်နှီးသွားတာပေါ့ ကောင်လေးက ရှိုးပွဲ အပြန်မှာ တစ်ခုခုသွားစားကြမယ် ပြီးရင်ကောင်မလေးကို သူလိုက်ပို့ပါ့မယ်ဆိုပြီးပြောတာ ပေါ့ရှိုးပွဲလဲပြီး ရောစားသောက်ဆိုင်တစ်ခုကို ရောက်သွားတယ် ကောင်မလေးသူငယ်ချင်းတွေကလဲ စရိုက်က မကောင်းတော့ ကောင်မလေးကို ပါဘီယာညာတိုက်တယ် ။ ကောင်မလေးကလဲ သောက်လိုက်တာ ၃ ပုလင်းကုန်သွားတော့တာဘဲဗျာ ကျွန်တော်လဲသိပ်မပြော ချင်တော့ပါဘူး ။ သောက်တာကလဲ များညကလဲမိုးအတော်ကိုချုပ်နေတော့  အနံ့တွေကလဲ နံနေတော့ ကောင်မလေးက သူ့အိမ်နား ရောက်ပြီးတော့မှ အိမ်ထဲမဝင်ရဲဘဲ ကောင်လေးနဲ့ ပြန်ပါသွားလိုက်တာ တည်းခိုခန်းတစ်ခုမှာ တစ်ညလုံးဘဲ....။

ကိုရဲစင်ကာပူကပြန်ရောက်တော့  ကောင်မလေးကိုသူကလာတွေ့တယ် အဖြေတောင်းတယ် ကောင်မလေးကိုလဲ အဖြစ်မှန်တွေကိုအကျိုးကြောင်းခိုင်လုံစွာ နဲ့ရှင်းပြတော့ ကောင်မလေးကလဲ သူ့အမှားတွေကို ကိုရဲကို အစအဆုံးပြန်ပြောတယ် ဝန်ခံတယ် အဲ့ဒါကို ကျွန်တော့သူငယ်ချင်းကိုရဲက နွားကျခံချင်လို့ ကောင်မလေးကို အိန်ဂျယ်လေးရယ်မင်းသာကို့ကို ရာသက်ပန်ချစ်နိုင်မယ်ဆိုရင် ကိုမင်းကိုတရားဝန်လက်ထက်ပါ့မယ်ကွာ ဆိုပြီးပြောတယ် ခွင့်တောင်းတယ် ။ ဒါကိုကောင်မလေး ကညင်းလိုက်တယ် ကိုရဲသူ့ကြောင့် လူပြောခံရမယ်ဆိုပြီး ပြောတယ်။ ကိုရဲကလဲ ဇွတ်ကိုလက်ထပ်ခွင့်တောင်းတ ယ် ။

နောက်ဆုံးကိုရဲကို ကောင်မလေးရဲ့ ကောင်လေးကပြသ၁နာရှာတရ် ....... အိုဗျာ ကိုရဲကိုအဲ့ဒီကောင်ကထိုးတာ တောင် ကိုရဲက ပြန်မထိုးခဲ့ဘူး သူ့ကြောင့်ကောင်မလေးစိတ်ဆင်းရဲ ရမှာဆိုးလို့တဲ့လေ အဲ့ဒါကို ကောင်မလေးကကိုရဲကို ဖုန်းဆက်ပြီး ပြောသတဲ့ မိန်းကလေးတစ်ယောက်အတွက်နဲ့ ရန်ဖြစ်တာအောက်တန်းကျတယ် သူ့နဲ့အဆက်သွယ်မလုပ်ပါနဲ့ဆိုပြီးတော့ ပြောတယ် ကိုရဲအဲ့ဒီဖုန်းလေးတစ်ကော( လ်) ကြောင့်စိတ်ဓါတ်တော်တော်ကျသွားတ ယ်။ မသောက်တာအတော်ကို ကြာပြီဖြစ်တဲ့ အရက်တွေပြန်သောက်တယ် ။ ကိုရဲကအရင်အသက်ငယ်တုန်းက အရက်သောက်တယ် ပထမရည်းစားနဲ့ ပြတ်တော့လဲ အလွန် အကျွံကိုသောက်တာ နေ့ညကိုရက်ဆက်သောက်တာ ကိုရဲမှာ အသဲကင်ဆာလိုရောဂါ ဖြစ်တယ် ...။ ဆရာဝန်တွေက အရက်ပြတ်ဆေးတွေတိုက်ပြီး အရက်မသောက်ဖို့ကို အထပ်ထပ်မှာတယ် ။ ကိုရဲကလဲ အရက်ကိုလုံးဝကို ရှောင်လိုက်တယ် ။

အခုကောင်မလေးနဲ့ပက်သက်ပြီး ခံစားရတော့ပြန်သောက်တယ် ဘယ်သူတားတား တားလို့ကိုမရတော့ဘူး။ သူဘယ်လောက်တောင်သောက်ခဲ့လဲဆိုရင် သွေးတောင်အန်တယ် ဒီလိုနဲ့ သူ့မိဘတွေကပြန်ခေါ်တော့ သူစင်ကာပူကို ပြန်သွားတယ် ။ ရန်ကုန်မှာကထဲ ကအတော်ကိုခံစားသွားရတာ နှစ်ပက်လောက်လဲကြာရော ကျွန်တော်ဆီဖုန်းဝင်လာတယ် စင်ကာပူကနေပေါ့ ကျွန်တော်ရဲ့ငယ်သူငယ်ချင်း သူသိပ်ချစ်ရတဲ့ မြန်မာနိုင်ငံမှာတောင်မဟုတ်ဘူး စင်ကာပူကနေ တမလွန်ကိုအပြီးတိုင်ပြောင်း ရွှေ့သွားပြီတဲ့ ........... ။ကျွန်တော်အရမ်းကိုခံစားရတ ယ်ဗျာ သူ့အကြောင်းတွေကို သေချာမသိခဲ့ပေမဲ့ ကျွန်တော်သိစေချင်လို့လားတော့မသိဘူး မသေခင်သူ့မိလတွေကို သူ့ရဲ့ ဒိုင်ယာရီလေးပေးခဲ့ပြီး ကျွန်တော်ဆီပို့ပေးဖို့မှာခဲ့တယ်တဲ့ ။

( ကျွန်တော်လေ သူ့ဒိုင်ယာရီကိုဖတ်ပြီးတော့ မှသိ ရတဲံကိုရဲရဲ့အဖြစ်ကို အွန်လိုင်းသုံးသူတွေသတိ ထားစေဖို့ ရေးသားတင်ပြလိုက်ပါတယ် ..... ။ )

Guestbook

6/12/2009 11:21 AMhello;

careyes291
3 careyes 52, Toa Alta, Puerto Rico
How are you?

10/24/2008 6:14 AMhi

Point19
Point 21, Yangon, Myanmar

8/29/2008 2:21 PMhi fri...nice to meet u !

xxxgangstagirl
li 18, Yangon, Myanmar

8/16/2008 4:09 PMhello

pulse1
sll 33, Yangon, Myanmar
mg lay
very nice ur homepge

4/14/2008 3:58 PMREIN ~ ~ ^_^ ~ ~ REIN

paytaytay
pay_taytay 20, Yangon, Myanmar

3/20/2008 4:24 PMhi

trezagirl
treza 18, Yangon, Myanmar
nice to meet u.

12/26/2007 12:06 PMhi

2um7am7a
Su 20, Yangon, Myanmar

12/26/2007 6:48 AMthurein lay..

mamasein
no 39, Yangon, Myanmar

12/24/2007 3:48 PMhi fri

poehatlae
HtooHtoo 19, Yangon, Myanmar
Thz for @dding m3.Merry X'mas nice to meet ya

12/24/2007 3:11 PMREIN ~ ~ ^_^ ~ ~ REIN

paytaytay
pay_taytay 20, Yangon, Myanmar
<<Previous 1 2 3 4 5 6 Next >>
Post Comment
Subject:
Body:
                  
***Moving Line Decorator***