MEMBER INFO
Username: phyuphyusoeName: Phyu
Location: YangonCountry: MyanmarAge: 27Gender: FemaleMember Since: Monday, Oct 24 2005
Last Visit: Wednesday, Dec 24 2008
MY FRIENDS
MY TESTIMONIALS
အကယ်၍
အကယ်၍ မင်းအသိုင်း အ၀ိုင်းက တုန်လှုပ်ခြောက်ခြားပြီး ဒါတွေဟာ .. မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ မင်းဟာ .. ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် ... ။
အကယ်၍ အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့ မင်းကိုယ်မင်း ယုံကြည့်မှုအပြည့်ရှိမယ်ဆိုရင် ... ။
အကယ်၍ စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး အဲဒီအတွက်လည်း မမောမပန်နေနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းရဲ့ အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် ဒါမဟုတ် မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ မင်းဟာ အမုန်းတွေ ပြန့်မပွားဘူးဆိုရင် ပြီးတော့ မင်းကိုယ်မင်း လူတော်တစ်ယောက်ရယ်လို့ မမြင်ဘဲ ပညာရှိစကားတွေလည်း မပြောဘူးဆိုရင် ..။
အကယ်၍ စိတ်ကူယဉ် အိပ်မက်တွေဟာ မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင် ..။
အကယ်၍ အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ တူညီသောလောကဓံတရားတွေပါလားရယ်လို့ ခံယူနိုင်မယ်ဆိုရင် ..။
အကယ်၍ မင်းရဲ့အမှန်စကားတွေကို လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး မုသားအဖြစ် ထောင်ချောက်ဆင်ညစ်တဲ့အခါ မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ဒါမဟုတ် မင်းဘ၀တစ်ခုလုံးပေးပြီး အရိပ်တကြည့်ကြည့်ဖြည့်ဆည်းခဲ့တဲ့ အရာရာကို ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာအရာရာနဲ့ ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် .. ။
အကယ်၍ မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ ကြွေတလှည့် ကြက်တခုန်ပမာ တခါတလှည့်နဲ့ ဆုံးရှုံးသွားခဲ့ရင် ပြီးတော့ .. အစကနေ ပြန်စနိုင်မယ်ဆိုရင် .. ပြီးတော့တစ်ခါ . ဆိုးလှတဲ့ ကြမ္မာရယ်လို့ ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် .. ။
အကယ်၍ မင်းနိုင်ခဲ့သမျှ .. သူများတကာတွေလုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ မင်းတစ်ယောက်တည်းနဲ့ပဲ အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိဆက်ကြိုးစားနိုင်မယ်ဆိုရင် အဲဒီလိုပဲ မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတဲ့အခါ အဲဒီ စိတ်ဓာတ်အင်အားကို ခိုင်မာစွာနဲ့ပဲ ဆက်လက်ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင် ..။
အကယ်၍ လူတွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံရတဲ့အခါ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် ဒါမှမဟုတ် မင်းဧကရာဇ်တွေနဲ့ အတူလမ်းလျှောက်နေရပေမယ့် မာန်မာနသွေးမကြွဘူးဆိုရင် ..။
အကယ်၍ ရန်သူကဖြစ်စေ .. မိတ်ဆွေကဖြစ်စေ မင်းကို သိပ်ပြီး နာကျဉ်အောင်မလုပ်နိုင်စေရင် ..။
အကယ်၍ လူတိုင်းကို တန်ဘိုးထားလေးစားရပေမယ့် စွဲလန်းမှုသံယောဇဉ်တွေ ထားမနေဘူးဆိုရင် .. ။
အကယ်၍ တိုတောင်းလှတဲ့ယ မပစ်ပယ်နိုင်တဲ့ တစ်မိနစ်အတွင်မှာ အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် .. ငါ့သား၊ သမီးရေ .. မင်းဟာ .. အရာရာရှိတဲ့ .. အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့ အရာရာဘာမဆို မင်းစွမ်းနိုင်ပြီပေါ့ အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်း၊ မိန်းမမြတ်တစ်ယောက်ဖြစ်ပြီပေါ့ ... ။
If
If you can keep your head when all about you are losing theirs and blaming if on you,
if you can trust yourself, when all men doubt you, but make allowance for their doubting too;
if you can wait and not be tired by waiting, or being lied about don't deal in lies, or being hated don't give way to hating, and yet don't look too good nor talk too wise;
if you can dream - and not make dreams your master;
if you can think - and not make throughts your aim;
if you can meet with triamph and disatar and treat those two imposters just the same;
if you can bear th hear the truth you've spoken twisted by knowes to make a trap for fools, or watch the things you gave your life to broken; and stoop and build'em up with worm - out tools:
if you can make one heap of all your winnings and risk it on one turn of pitch - and - toss, and lose, and start again at your beginnings about your loss;
if you can force your heart and nerve and sinew to serve your turn long after they are gone, and so hold on when there is nothing in you ... except the will which says to them: "hold on"!
if you can talk with crowds and keep your virtue , or walk with king - nor lose the common touch,
if neither foes nor loving friends can hurt you,
if all men count with you but none too much;
if you can fill the unforgiving minute .. with sixty second's worth of distance run Yours is the Earth and everything that's in it, - and - which is more .. you'll be a Man, my son! |
| U can contact me thureinwh@gmail.com Plz your mail ? |

|
|
|