MEMBER INFO
Username: fridayboy14Old Username: thetnaingaung84
Old Username Exp: 2008-7-31Name: ♥RoM@tIc♥
Location: YangonCountry: MyanmarAge: 24Gender: MaleMember Since: Monday, Oct 15 2007
Last Visit: Sunday, Jul 20 2008
|
|
smilingboy's Homepage
Journals:
ချစ်တတ်လာသောအခါ Friday,Jul 18 2008, 07:45:06 AM(Last updated: Friday,Jul 18 2008, 08:03:15 AM)
|
ချစ်တတ်ပါတယ်ဆိုမှ
ကိုယ့်ကိုကိုယ်မှ မယုံကြည်ခဲ့တာကိုး..
မခံစားဖူးတဲ့ အချစ်တွေနှိပ်စက်
ကိုယ်သိပ်မက်တဲ့ အိပ်ချိန်တွေပျက်
ကိုယ်မကြိုက်တဲ့ မင်းအကြောင်းတွေတွေး
ကြောင်တောင်တောင်နဲ့ အဝေးကိုငေး
အပြေးလေးမင်းကိုလိုက်ရှာမိချိန်
ကိုယ်တောင်အတော်ပိန်လာပြီလေ...
|
အချစ်ဆိုသည်မှာ Thursday,Jul 17 2008, 12:07:25 PM
| အချစ်တဲ့ အချစ်ကိုမသိခင်တုန်းကပေါ့ အချစ်ကိုမသိပဲ လူတွေကိုချစ်ခဲ့ဖူးတယ် ပြီးတော့ပြောလိုက်သေးတယ်...... အချစ်က ပူလောင်တယ်တဲ့ ။ ။ အချစ်တဲ့..... သိလာရတယ် ရင်ခုန်တယ်.... ပျော်တယ်.... ကြည်နူးတယ်..... ခံစားချက်တွေလည်း အများကြီး ဆက်ရန်တွေလည်း ရှိနေဦးမယ်..... အချစ်ကိုသိမှ အချစ်ဆိုတာကို ချစ်လာခဲ့တယ်..... တကယ်တော့ အချစ်ဆိုတာ မပူပါဘူး..... နွေးနွေးလေးနဲ့ အေးမြနေတာပါ ။ ။ |
ရည်းစားထားသူများ Sunday,Jul 13 2008, 01:09:36 PM
|
လူတိုင်းလူတိုင်းတွင် ချစ်သူရည်းစား တစ်ယောက်လောက်တော့ ရှိကြပါလိမ့်မည်။ ရှိတတ်ကြပါသည်။ (အရွယ်ရောက်သော လူတိုင်းကိုဆိုလိုပါသည်။) ချစ်သူရည်းစား ထားရှိကြသည့်အခါ အချိန်တိုင်း အချိန်တိုင်း ချစ်သူအား သတိရနေတတ်ကြသည်။ တမ်းတလွမ်းဆွတ် နေမိတတ်ကြသည်။ အိပ်လည်းသူ ၊စားလည်းသူ၊ သွားလည်းသူ၊ အိပ်ပျော်နေလျင်တောင် အိပ်မက်ထဲမှာ သူ။ ထိုကဲ့သို့ ချစ်သူရည်းစားအား အချိန် နှင့်အမျှ သတိတရ တမ်းတနေတတ်ကြသည်ကို ကျွန်တော် အပြစ်မဆိုသာ။
သို့ သော်……….
ဘ၀ကို တန်ဖိုးထားလျက် တိုးတက်မြင့်မားအောင် ကြိုးစားလို သူများအတွက် သတိချပ်စရာ တစ်ခုတော့ ကျွန်တော် ပြောပြချင်ပါသည်။
ကျွန်တော် အသက် (၁၉) နှစ် အရွယ်က ချစ်သူရည်းစားတစ်ယောက်ရှိခဲ့ပါသည်။ အထက်ကပြောခဲ့သလို အိပ်လည်းသူ၊စားလည်းသူ၊ သွားလည်းသူ ပဲဆိုပါတော့။ ကျွန်တော်သည် ထိုအချိန် ၊ထိုအရွယ်က လူငယ်သဘာဝ ဂစ်တာတဒေါင်ဒေါင်ဖြင့် ဟေးလားဟားလား နေတတ်ခဲ့သူဖြစ်ပါသည်။
ချစ်သူကိုသတိရသောအခါ၊ မြင်တွေ့ ချင်သောအခါ သူ့ အားဆက်သွယ်ရန် ကျွန်တော့်မှာ တယ်လီဖုန်း မရှိပါ။ ထို့ ကြောင့် ချစ်သူကို သတိရလျင် တမ်းတလွမ်းမောသော စိတ်နှလုံး ဖြင့် ကျွန်တော် ကဗျာ တွေရေးပါသည်။ ကဗျာရေးပြီးအလွမ်းဖြေတယ် ဆိုပါတော့။
တစ်ခါတစ်ရံ လမ်းဘေးအုတ်ခုံ ပေါ်တွင် လည်းကောင်း၊ဓါတ်တိုင် အောက်တွင် လည်းကောင်း၊ သူငယ်ချင်းများ နှင်အတူ ဂစ်တာတီးပြီး သီချင်း ဆိုရင်း တမ်းတဖြစ်ပါသည်။
တစ်နေ့ သောအခါ ……….
ထိုတစ်နေ့ တာလုံး ချစ်သူကိုတွေ့ မြင် လိုသော သတိရစိတ်ဖြင့် နေမထိ ထိုင်မသာ လွမ်းဆွတ် ခံစားနေရပါသည်။ ထိုအခါ ညဦး ပိုင်းတွင် ချစ်သူအိမ်ရှေ့ သို့ သွားပြီး ဂစ်တာတီး သီချင်းဆိုရန် သူငယ်ချင်း များကအကြံပေးကြပါသည်။
ကျွန်တော့်အသံကိုကြားနိုင် သောအကွာအဝေး၊ ချစ်သူကို လှမ်းတွေ့ ကြည့်မြင်နိုင်သော နေရာတွင် ကျွန်တော်တို့ အုပ်စုဖွဲ့ ၍ ထိုင်ကြပါသည်။
ကျွန်တော်တို့ တစ်အုပ်စုလုံး ချစ်သူအိမ်ရှေ့ သို့ ရောက်ရှိ ၀ိုင်းဖွဲ့ နေကြသည် ကိုချစ်သူမမြင်သေး။ မသိသေး။ ချစ်သူအရိပ်ယောင်ကိုတွေ့ မှ ဂစ်တာသံပေးမည်ဟု ကျွန်တော် ဆုံးဖြတ်ပါသည်။
ဂစ်တာမတီခင် သီဆိုသံမပြုခင် အနီးအနားတွင်ရှိသော သစ်ပင်တစ်ပင်ပေါ်သို့ ကျွန်တော် တွယ်တက်ပါသည်။ ထိုသစ်ပင်ပေါ်မှ နေ၍ ချစ်သူ၏ အိမ် အပေါ်ထပ်သို့ ကျွန်တော် လှမ်းကြည့်ပါသည်။ အိမ်ထဲတွင် ချစ်သူရှိမရှိ သိချင်သောကြောင့် သစ်ပင်ပေါ်သို့ တက်၍ ကြည့်ရခြင်းဖြစ်သည်။
အိမ်အပေါ်ထပ်တွင် ချစ်သူကိုမြင်ရ၏။ သူစာကျက်နေသည်။ သစ်ပင်ပေါ်မှ ကျွန်တော် အလျှင်အမြန် ဆင်းသက် လိုက်ပါသည်။
"ဟေ့ကောင်တွေ… ငါတို့ ပြန်ကြမယ်၊ဂစ်တာမတီးတော့ဘူး"
"ဘာဖြစ်လို့ ပြန်မှာလဲ"
"သူစာကျက်နေတယ်"
"သြော်…စာကျက်တာကို အနှောင့်အယှက် မဖြစ်စေချင်လို့ ပြန်မှာ ပေါ့၊ဟုတ်လား "
"ငါ ဒီလောက် အရမ်း သတိရနေတဲ့ အချိန်၊အရမ်း အရမ်းကို လွမ်းနေတဲ့အချိန်မှာ သူ စာကျက် မပျက်ဘူး။ သူ့  အလုပ်ကို သူလုပ်နိုင်တယ်။
"သူတောင်မှ သူ့ အလုပ် ကို မပျက်မကွက် လုပ်နိုင် သေးတာပဲ။ ငါလည်း ဘယ်လောက်ပဲ လွမ်းလွမ်း၊ဘယ် လောက်ပဲ သတိရရ ငါ့အလုပ် ကို ငါလုပ်နိုင်မှ ဖြစ်မယ်"
ထိုည က အိမ်သို့ ကျွန်တော် စောစော ပြန်ခဲ့ပါသည်။ စာကျက်ချင် သည်ဖြစ်စေ၊မကျက်ချင် သည်ဖြစ်စေ၊သင်ခန်းစာ တစ်ပုဒ်ကို ကျွန်တော်မရမက ကျက်မှတ်လိုက်ပါသည်။
ငါလွမ်း သလို မလွမ်းရကောင်းလား၊ငါသတိရသလို မရရကောင်းလာ ဆိုပြီး ချစ်သူအပေါ် ကျွန်တော် စိတ် မကွက်ပါ။
မည်မျှပင် ဘယ်လောက်လွမ်းလွမ်း၊မည်သို့ ပင် သတိရရ ကိုယ်လုပ်စရာရှိသောအလုပ်ကို မပျက်မကွက် လုပ်ကို လုပ်ရမည်ဖြစ်ကြောင်း၊ချစ်သူ ကသင်အံပေး လိုက်သည်ဟု ကျွန်တော်ကခံ ယူပါသည်။
ရည်းစားထားသူများ ခင်ဗျား…။
ကျွန်တော် ချစ်သူရည်းစားများစွာ ထားခဲ့ဖူးပါသည်။ လွမ်းလည်း လွမ်းခဲ့ဖူးပါသည်။ဆွေးလည်း ဆွေးခဲ့ဖူးပါသည်။ ဝေးလည်းဝေးခဲ့ဖူးပါသည်။
သို့ သော် ထိုအလွမ်း၊အဆွေး ၊ အဝေးအကွာများကြောင့် ဘယ်တုန်းကမှကျွန်တော် အလုပ်ပျက် မခံခဲ့ပါ။အလုပ်အကိုင် မပျက်ပဲ လွမ်းဆွတ်တမ်းတတတ်လေအောင် ချစ်သူ သင်အံပေးခဲ့ပါသည်။
|
|
Rockingham, Western Australia
Australia
glitter-graphics.com
Yangon
Myanmar
Myspace
Graphics- At Myspacejunks.com
Yangon
Myanmar
Rockingham, Western Australia
Australia
MyNiceSpace.com
Yangon
Myanmar
glitter-graphics.com
Rockingham, Western Australia
Australia
MyNiceSpace.com
Yangon
Myanmar
Rockingham, Western Australia
Australia
MyNiceSpace.com
Rockingham, Western Australia
Australia
MyNiceSpace.com
Rockingham, Western Australia
Australia
MyNiceSpace.com
Yangon
Myanmar
naw naw naw........thar thar ka lane mar bar tal nawwwwwwwwwwww.....:):)
glitter-graphics.com
Yangon
Myanmar
Yangon
Myanmar
mhar top 8 lo ma ya bu 1 nigth lone ko ma noe
bu hehehe............:):)
Yangon
Myanmar
Yangon
Myanmar
aku mha 18ys bae shi thay tar ko hin hin
Yangon
Myanmar
Yangon
Myanmar
TT youk ka apyo gyi youk mha ma twat
tar hote bu lar ma thi lo shi yin 20 kyaw
kyaw lay lo bae htin ya tar koe.....hahaha
thar thar fri ko pyaw bae bar ohn TT ta ti ya tal lo
naw...........:):)
Yangon
Myanmar
Yangon
Myanmar
glitter-graphics.com
glitter-graphics.com
Yangon
Myanmar
Yangon
Myanmar
Yangon
Myanmar
Yangon
Myanmar